စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သော Mr. Star Hunk International ပြိုင်ပွဲအတွင်း မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မော်ဒယ်လ်မဟာဗလမှ Best Smile ဆုရရှိခဲ့ကြောင်း သိရသည်။
''ယှဉ်ပြိုင်ရတဲ့ အစီအစဉ်တွေက အများကြီးပါဝင်ပါတယ်။ ကျွန်တော် အကောင်းဆုံး ကြိုးစားခဲ့တယ်။ မြန်မာအကနဲ့ယှဉ်ပြိုင်ခဲ့တယ်။ အခုပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့အတွက် ပိုပြီးအားရှိလာတယ်။ ကျွန်တော်တို့လို အမျိုးသားမော်ဒယ်လ်တွေကိုလည်း အားပေးကြဖို့ ပြောကြားလိုပါတယ်''ဟု မဟာဗလက ပြော ကြားသည်။
အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် မဟာဗလ၊ ကျော်ကိုကိုဝေနှင့် ကောင်းစစ်သွေးတို့က သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အာဆီယံနိုင်ငံတစ်နိုင်ငံလျှင် သုံးဦးနှုန်းဖြင့် ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲကို နိုဝင်ဘာ ၂၂ရက်က စင်ကာပူနိုင်ငံတွင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment