Tuesday, November 25, 2014

ကုန်ကူးခံရတဲ့ မြန်မာမိန်းကလေးတွေကို တရုတ်ကယ်တင်

25 November 2014 09:38(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)
မြန်မာ ​အမျိုးသမီး ဆယ်ယောက်ကျော်ကို ​လူကုန်ကူးတယ်လို့ ​ယူဆရတဲ့ ​လူ ​၃၁ ​ယောက်ကို ​တရုတ်အာဏာပိုင်တွေက ​ထိန်းသိမ်းလိုက်ပါတယ်။

တရုတ်နိုင်ငံမြောက်ပိုင်းက ​ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ​Inner ​Mongolia ​ဒေသမှာ ​အမျိုးသမီး ​၁၄ ​ယောက် ​ထိန်းသိမ်းခံခဲ့ရပြီး ​အဲဒီ ​၁၄ ​ယောက်ထဲက ​၁၁ ​ယောက်ဟာ ​မြန်မာ ​အမျိုးသမီးတွေ ​ဖြစ်ကြပါတယ်။

၅ ​ယောက်ကတော့ ​အသက် ​၁၈ ​နှစ်အောက် ​မိန်းကလေးတွေဖြစ်ကြပြီး ​အဲဒီ ​အမျိုးသမီးတွေကို ​မြန်မာရဲတွေရဲ့ ​လက်ထဲ ​ပြန်အပ်လိုက်ပြီလို့ ​တရုတ်အာဏာပိုင်တွေက ​မနေ့က ​ပြောပါတယ်။

အဲဒီအမျိုးသမီးတွေဟာ ​အလုပ်တွေပေးမယ်၊ ​ခေါ်လျှောက်လည်မယ်လို့ ​လိမ်ညာခံရပြီး ​နောက်ပိုင်းမှာ ​တရုတ်နိုင်ငံက ​ရွာသားတွေဆီ ​ရောင်းစားခံရတာ ​ဖြစ်ပါတယ်။

တချို့အမျိုးသမီးတွေဆိုရင် ​တရုတ်ငွေ ​၅၀၀၀၀ ​ဒါမှမဟုတ် ​မြန်မာကျပ်ငွေ ​ရှစ်သန်းလောက်နဲ့  ​ရောင်းစားခံရတာ ​ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ​မိခင်ဟာ ​သမီးမိန်းကလေးကို ​မလိုလားပဲ ​ကိုယ်ဝန် ​ဖျက်ချလေ့ရှိသလို ​တစ်အိမ်ထောင်မှာ ​ကလေးတစ်ယောက်သာ ​ယူရမယ့် ​ပေါ်လစီကြောင့် ​မိန်းမတွေ ​ရှားပါးနေတာ ​ဖြစ်ပါတယ်။

ကျား၊ ​မ ​အချိုးအစား ​မညီမျှတဲ့အတွက် ​ကျေးလက်ဒေသက ​တရုတ်အမျိုးသားတွေက ​အိမ်နီးချင်းက ​ဆင်းရဲတဲ့ ​နိုင်ငံက ​အမျိုးသမီးတွေကို ​ရယူနေကြတာ ​ဖြစ်တယ်လို့ ​ရိုက်တာသတင်းမှာ ​ဖော်ပြထားပါတယ်။

နိုင်ငံခြားက ​အမျိုးသမီးတွေကို ​တရုတ်နိုင်ငံခေါ်လာပြီး ​တရုတ်အမျိုးသားတွေနဲ့ ​ပေးတွေ့တဲ့ ​လုပ်ငန်းကနေ ​လူကုန်ကူးမှု  ​ဖြစ်ပေါ်တဲ့အတွက် ​အဲဒီ ​လုပ်ငန်းကို ​စက်တင်ဘာလတုန်းကပဲ ​တရုတ်အစိုးရက ​ပိတ်ချလိုက်ပါတယ်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment