Wednesday, November 26, 2014

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ခွင့် သက်တမ်း(၁)နှစ်မှ (၂)နှစ်အထိ တိုးမြှင့်ရန် သဘောတူညီ

26 November 2014 09:58(+0630) (လွန်ခဲ့သော 11 နာရီ ခန့်က)
ထိုင်းနိုင်ငံ၊ ချင်းရိုင်းမြို့တွင် (၂၃)ကြိမ်မြောက် ထိုင်းနိုင်ငံ ကုန်သည်ကြီးများ(TTC) အစည်းအဝေးတွင် နိုင်ငံခြားသား အလုပ်သမားများ၏ အလုပ်လုပ်ခွင့် သက်တမ်းအား (၂)နှစ်အထိ တိုးမြှင့်ရန် သဘောတူညီ ခဲ့ကြောင်း သိရသည်။

ထိုင်းအစိုးရအဖွဲ့မှလည်း နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများအား စွဲဆောင်မှုပြုလုပ်နိုင်ရန် အလုပ်ခွင်တွင်လည်း လိုအပ်သော အလုပ်သမားများ ရရှိရေး အဆင်ပြေစေရန်အတွက်နှင့် နိုင်ငံခြားသား အလုပ်သမားများ၏ အလုပ်လုပ်ခွင့် (Work Permit)အား ယခင်(၁)နှစ် ခွင့်ပြုထားရမှ ယခုအခါမှာ သက်တမ်း (၂)နှစ်သို့ တိုးမြှင့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းအစိုးရအဖွဲ့မှ ထိုင်းနိုင်ငံအား “ပို့ကုန်”တင်ပို့သော နိုင်ငံအဖြစ် တည်ဆောက်ရန် နိုင်ငံခြား ရင်းနှီးမြုပ်နှံ သူများအား ပိုမိုဝင်ရောက် လာနိုင်ရေးအတွက် အခွင့်အလမ်းများ ပိုမိုပေးထားသော အစီအစဉ်များ ရေးဆွဲထားကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများကိုလည်း အသင့်ဖြစ်စေရန်နှင့် အကျင့်ပျက်ချစားမှုများ မဖြစ်ပေါ်စေရန် နိုင်ငံခြားမှ လာရောက် ရင်းနှီးမြုပ်နှံသူများ အဆင်ပြေချောမွေ့စေရေး အလေးပေးဆောင်ရွက်ထားကြောင်း သိရှိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment