Wednesday, November 26, 2014

IS စစ်သွေးကြွ အယောက် ၁၀၀ လောက်အထိ သြစီက ပစ်သတ်ခဲ့

26 November 2014 09:53(+0630) (လွန်ခဲ့သော 11 နာရီ ခန့်က)
သြစတြေးလျနိုင်ငံကနေ ​ဦးဆောင်ပြုလုပ်ခဲ့တဲ့ ​ဝေဟင်တိုက်ခိုက်မှုအတွင်း ​IS ​အစ္စလာမ်မစ် ​တပ်သား ​အယောက်ပေါင်း ​၁၀၀ ​လောက် ​သေဆုံးသွားပါတယ်။

အီရတ်နိုင်ငံ ​Kirkuk ​မြို့ကို ​သြစတြေးလျ ​တပ်တွေက ​တိုက်ခိုက်ခဲ့တာ ​ဖြစ်ပြီး ​အဲဒီမတိုင်ခင် ​အကြမ်းဖက်သမားတွေ ​အသုံးပြုတဲ့ ​ဗုံးထုတ်လုပ်ရေး ​စက်ရုံတစ်ခုကိုလည်း ​ဖျက်ဆီးနိုင်ခဲ့တယ်လို့ ​သြစတြေးလျနိုင်ငံ ​ကာကွယ်ရေးဝန်ကြီးက ​ဆိုပါတယ်။

Kirkuk ​မြို့အနားမှာ ​ထိုးစစ်ဆင်နေတုန်း ​IS ​စစ်သွေးကြွအဖွဲ့တွေက ​အသုံးပြုတဲ့ ​ဂူတွေ၊ ​ဗန်ကာဗုံးကျင်းတွေကို ​တွေ့ရှိခဲ့တာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

IS ​စစ်သွေးကြွ ​တပ်ဖွဲ့တွေဟာ ​တောင်စောင်းတစ်နေရာကို ​သွားပြီး ​ပျောက်ပျောက် ​သွားတာကို ​သတိထားမိပြီး ​သင်္ကာမကင်းဖြစ်ရာက ​စုံစမ်းရာကနေ ​မြေအောက် ​ကွန်ယက် ​စခန်းရှိကြောင်း ​သိရှိရတာ ​ဖြစ်ပါတယ်။

အခိုင်အမာတည်ဆောက်ထားတဲ့ ​နေရာမှာ ​အကြမ်းဖက်သမားတွေ ​စုပေါင်းနေတာကြောင့် ​အခုလို ​IS ​အဖွဲ့ဝင်တွေ ​သေဆုံးမှု ​များတာ ​ဖြစ်တယ်လို့ ​သြစတြေးလျနိုင်ငံ ​ကာကွယ်ရေးဝန်ကြီး ​David ​Johnston ​က ​ပြောပြခဲ့ပါတယ်။

သြစတြေးလျ ​တပ်က ​ဝေဟင်ကနေ ​၄၄ ​ကြိမ် ​ပစ်ခတ်ပြီး ​Kurdish ​တပ်တွေက ​မြေပြင်ကနေ ​ဝိုင်းဝန်း ​တိုက်ခိုက်ခဲ့တာ ​ဖြစ်ပါတယ်။

အဲဒီမတိုင်ခင် ​Mosul ​မြို့အနားက ​ဗုံးထုတ်လုပ်တဲ့ ​စက်ရုံတစ်ခုကိုလည်း ​သြစတြေးလျ ​တပ်တွေက ​ဖျက်ဆီးနိုင်ခဲ့ပါတယ်။ 


သြစတြေးလျက အသုံးပြုတဲ့ တိုက်လေယာဉ် (Credit: ABC licensed) 


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment