Wednesday, November 26, 2014

လမ်းလယ်ကျွန်းကပ်တုံးအား ၀င်ရောက်တိုက်မိ တိမ်းမှောက်သဖြင့် ဒဏ်ရာရ

26 November 2014 04:49(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)
အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ကျွန်းကပ်တုံးအား ၀င်ရောက်တိုက်မိ တိမ်းမှောက်သဖြင့် ဒဏ်ရာရ

နေပြည်တော်၊ နိုဝင်ဘာ ၂၅

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန် ပဲခူးတိုင်း ဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၈၄/၂-၃)ကြားတွင် ယာဉ်တိမ်း မှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သာဂရ အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ် တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။

စစ်ဆေးချက်အရ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအရှေ့ ရပ်ကွက်နေ အောင်နေလင်း(၃၆)နှစ် မောင်းနှင်လာသည့်1H /xxxx ဟိုင်းလပ်ဆပ်ဖ် ခဲရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ကပ်တုံးအား ၀င်ရောက်တိုက်မိပြီး လမ်းယာ ဘက်မြေသား လမ်းပေါ်သို့ ရောက်ရှိ တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူများ အနက် လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်နေ ဦးကံဝင်း(၅၄)နှစ်နှင့် ဈေးကြီးအရှေ့ရပ်ကွက်နေ ဒေါ်ခင်အုန်း (၄၅)နှစ်တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ယာဉ်မောင်း အောင်နေလင်းအား သာဂရ အမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment