Wednesday, November 26, 2014

ဘာရီယာတုံးအား ၀င်ရောက်တိုက်မိတိမ်းမှောက်သဖြင့် ဒဏ်ရာရ

26 November 2014 04:53(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)
အရှိန်မထိန်းနိုင်သောယာဉ် လမ်းပြုပြင်ရန် အမှတ်အသားချထားသည့် ဘာရီယာတုံးအား ၀င်ရောက်တိုက်မိတိမ်းမှောက်သဖြင့် ဒဏ်ရာရ

နေပြည်တော်၊ နိုဝင်ဘာ ၂၅

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၅/၁-၂)ကြား၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘောနီအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ နေပြည်တော်ဘက်မှ ရန်ကုန် ဘက်သို့ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်သာယာရပ်ကွက်နေ စိုးဝင်းအောင်(၃၀)နှစ် မောင်းနှင်လာသော DD/xxxx KIA-pergio ခဲရောင်ဘုရားဖူးယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းပြုပြင်ရန် အမှတ်အသား ချထားသည့် ဘာရီယာတုံးအား ၀င်ရောက်တိုက်မိတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိမ်းမှောက် မှုကြောင့် ယာဉ်ပေါ်ပါခရီးသည်များအနက် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နေသူများဖြစ်သည့် ဒေါ်မာရီတ ပါ အမျိုးသမီး(၃)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် စိုးဝင်းအောင်အား ဘောနီအမြန်လမ်း ရဲစခန်းယာဉ်(ပ)၁၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment