Wednesday, November 26, 2014

အက်ဘ်ခါဇီးယား ဒေသကို ရုရှားပိုင်နက်အဖြစ် ပေါင်းစည်းရန် သမ္မတပူတင် က လက်မှတ်ရေးထိုး ခဲ့မှုကြောင့် ဂျော်ဂျီယာ ဒေါသထွက်

26 November 2014 16:04(+0630) (လွန်ခဲ့သော 5 နာရီ ခန့်က)
မော်စကို ၊ ၂၆-၁၁-၂၀၁၄

ရုရှားအစိုးရ သည် ဂျော်ဂျီယာ နိုင်ငံအတွင်းမှ ခွဲထွက်ရန် ကြိုးပမ်း နေသော ဒေသတစ်ခု ဖြစ်သည့် အက်ဘ်ခါဇီးယား ဒေသကို ၄င်းတို့၏ ပိုင်နက်တစ်ခု အဖြစ် ပေါင်းစည်းရန် သဘောတူ လက်မှတ် ရေးထိုးခဲ့ သောကြောင့် ဂျော်ဂျီယာ အစိုးရအဖွဲ့ အနေဖြင့် ဒေါသထွက် ခဲ့ရကြောင်း သိရသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင် သည် အဆိုပါ သဘော တူညီချက်ကို ဂျော်ဂျီယာ ခွဲထွက်ရေး ခေါင်းဆောင် တစ်ဦးဖြစ်သူ ရော်လ်ခါဂျင်ဘာ နှင့် နိုဝင်ဘာ ၂၄ ရက်က တွေ့ဆုံ ဆွေးနွေးပြီးနောက်ပိုင်းတွင် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သဘော တူညီချက်အရ ရုရှားနိုင်ငံက ၄င်းတို့၏ တပ်ဖွဲ့ဝင်များကို အဆိုပါဒေသရှိ နယ်စပ် ဒေသများတွင် တပ်ဖြန့် ချသွားမည် ဖြစ်သည်။

ယင်းသို့ လုပ်ဆောင်ခြင်း သည် ရုရှားနိုင်ငံက ဂျော်ဂျီယာ နိုင်ငံ၏ နယ်မြေပိုင်နက် အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှု နှင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ယင်းနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ တာမာဘယ်ရူချက်ရှ် ဗီလီ က ပြောကြား ထားသည်။ ထို့ပြင် ရုရှား အစိုးရ၏ အဆိုပါ တရားမဝင် လုပ်ဆောင်ချက် နှင့် စပ်လျဉ်း၍ ဂျော်ဂျီယာ နိုင်ငံ က ရှုတ်ချကြောင်း ၄င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ရုရှားနှင့် အက်ဘ်ခါဇီးယား ဒေသ ခွဲထွက်ရေး ခေါင်းဆောင်တို့ အကြား ချုပ်ဆိုခဲ့သည့် သဘော တူညီချက် အရ အဆိုပါ ဒေသသို့ ပြုလုပ်လာသည့် တိုက်ခိုက်မှုများ သည် ရုရှားနိုင်ငံကို ထိပါးလာသည့် ရန်လိုမှု အဖြစ် ရုရှားအစိုးရ က ရှုမြင်သွားမည် ဖြစ်သည်။ ထို့ပြင် ၄င်းတို့အကြား တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေး နှင့် အကောက်ခွန် ကောက်ခံရေး ဆိုင်ရာ ကိစ္စရပ်များ တွင်လည်း ပူးပေါင်း လုပ်ဆောင် သွားမည် ဖြစ်သည်။ ရုရှားအစိုးရ သည် ယင်းဒေသ အတွင်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် ၂ဝ၁၅ ခုနှစ်တွင် ဒေါ်လာ ၁၁၅ သန်းကို ပေးအပ် သွားမည် ဖြစ်ကြောင်း အဆိုပါနိုင်ငံ အာဏာပိုင် များက ပြောကြား ခဲ့သည်။

အက်ဘ်ခါဇီးယား ဒေသသည် ၁၉၉ဝ ပြည့်နှစ်များ အတွင်း ဖြစ်ပွားခဲ့သည့် ပြည်တွင်း စစ်အတွင်း ဂျော်ဂျီယာ နိုင်ငံမှ ခွဲထွက်ခဲ့ခြင်း ဖြစ်ပြီး ရုရှားအစိုးရက အဆိုပါ စစ်ပွဲအတွင်း ခွဲထွက်ရေး သမားများကို အကူအညီများ ပေးအပ် ခဲ့ကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment