Wednesday, November 26, 2014

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်သားကိုယ်စားလှယ်များ တွေ့ဆုံမည်

26 November 2014 15:57(+0630) (လွန်ခဲ့သော 5 နာရီ ခန့်က)
နိုဝင်ဘာ ၂၇ရက် ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ နေပြည်တော် စည်ပင် ဧည့်ရိပ်သာ၌ ပထမဆုံး အကြိမ် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယခင်သီတင်းပတ်က တိုင်းရင်းသားပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ်များက ယခုကဲ့သို့ တွေ့ဆုံရန် စတင်ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ဆွေးနွေးပွဲသို့ တတ်ရောက်ရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၇၀ ခန့်အား ဖိတ်ကြားထားသည်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment