ပြန်ကြားရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးမြင့်ထွေးက တရားလိုလုပ်ပြီး ပုဒ်မ ၂၅(ခ) ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ရေးသားမှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
တရားရုံးချိန်းမှာ တရားစွဲခံရသူ ၁၁ ဦးကို အပြစ်ရှိ မရှိ မေးမြန်းစစ်ဆေးပြီးနောက် အာမခံရရှိခဲ့တယ်လို့ မြန်မာသံတော်ဆင့် သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးအောင်ထွန်းလင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့က ထုတ်ဝေခဲ့တဲ့ မြန်မာသံတော်ဆင့် သတင်းဂျာနယ်မှာ ဒုတိယအယ်ဒီတာချုပ် အံ့ခေါင်မင်းနဲ့ ဗေဒါနိုင်ငံရေးသိပ္ပံကျောင်းအုပ် ဦးမျိုးရန်နောင်သိမ်းနဲ့ တွေ့ဆုံမေးမြန်းချက်ကဏ္ဍကို ဖော်ပြခဲ့ပါတယ်။
အဲဒီမေးမြန်းချက်မှာ နိုင်ငံတော်သမ္မတရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အသုံးအနှုန်းတွေ ဖော်ပြခဲ့တဲ့အတွက် ထုတ်ဝေသူနဲ့ အယ်ဒီတာချုပ်အပါအ၀င် ၁၁ ဦးကို ပြန်ကြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ရက်နေ့က စတင်တရားစွဲခဲ့တာဖြစ်ပါတယ်။
No comments:
Post a Comment