Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, November 25, 2014

မြန်မာသံတော်ဆင့်ဂျာနယ် အာမခံရရှိ

25 November 2014 16:37(+0630) (လွန်ခဲ့သော 3 နာရီ ခန့်က)
နိုင်ငံတော်သမ္မတ ဂုဏ်သိက္ခာကို ထိခိုက်စေမှုနဲ့ တရားစွဲခံထားရတဲ့ မြန်မာသံတော်ဆင့် သတင်းဂျာနယ်က ထုတ်ဝေသူနဲ့ အယ်ဒီတာချုပ်အပါအ၀င် ၁၁ ဦးဟာ ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ တစ်ဦးကို အာမခံကြေး ကျပ် ၁ဝ သိန်းစီနဲ့ စုစုပေါင်း ငွေကျပ် သိန်း ၁၁ဝ တင်သွင်းခဲ့ပြီး ဒီနေ့ အာမခံရရှိခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးမြင့်ထွေးက တရားလိုလုပ်ပြီး ပုဒ်မ ၂၅(ခ) ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ရေးသားမှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

တရားရုံးချိန်းမှာ တရားစွဲခံရသူ ၁၁ ဦးကို အပြစ်ရှိ မရှိ မေးမြန်းစစ်ဆေးပြီးနောက် အာမခံရရှိခဲ့တယ်လို့ မြန်မာသံတော်ဆင့် သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးအောင်ထွန်းလင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့က ထုတ်ဝေခဲ့တဲ့ မြန်မာသံတော်ဆင့် သတင်းဂျာနယ်မှာ ဒုတိယအယ်ဒီတာချုပ် အံ့ခေါင်မင်းနဲ့ ဗေဒါနိုင်ငံရေးသိပ္ပံကျောင်းအုပ် ဦးမျိုးရန်နောင်သိမ်းနဲ့ တွေ့ဆုံမေးမြန်းချက်ကဏ္ဍကို ဖော်ပြခဲ့ပါတယ်။

အဲဒီမေးမြန်းချက်မှာ နိုင်ငံတော်သမ္မတရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အသုံးအနှုန်းတွေ ဖော်ပြခဲ့တဲ့အတွက် ထုတ်ဝေသူနဲ့ အယ်ဒီတာချုပ်အပါအ၀င် ၁၁ ဦးကို ပြန်ကြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ရက်နေ့က စတင်တရားစွဲခဲ့တာဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ