Saturday, November 22, 2014

တောင်ကြီးမြို့ မှာ မီးနေသည် နနွင်းမှိုင်း မွှန်းပြီသေဆုံး

22 November 2014 07:17(+0630) (လွန်ခဲ့သော 12 နာရီ ခန့်က)
မီးနေသည် နနွင်းမှိုင်းရှူရန် ဒယ်အိုးမီးဖို အတွင်း နနွင်းထည့်ကာ နေအိမ်တံခါးနှင့် ပြူတင်းပေါက်များ ပိတ်ပြီး အိပ်ရာမှ သတိလစ် သေဆုံး

နေပြည်တော်၊ နိုဝင်ဘာ ၂၁

၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက်နေ့ နံနက် ၈ နာရီ ၅ဝ မိနစ်အချိန် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ စဝ်စံထွန်း ဆေးရုံ၌ သတိလစ်နေသည့် မိသားစု တစ်စု ရောက်ရှိ နေကြောင်း သတင်းအရ တောင်ကြီး နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ သွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက် အရ ရတနာသီရိရပ်ကွက်၊ နယ်မြေ(၇)၊ ဂုဏ်ထူးလမ်းနေ ဦးကျော်ဆန်း(၄၁)နှစ်၏ ၂ ထပ် တိုက်အောက် ထပ်တွင် ငှားရမ်းနေထိုင်သော ဦးဇေယျာလင်း(၃၂)နှစ်၊ ဇနီးဖြစ်သူ ဒေါ်စုလှိုင်(၃၉)နှစ်၊ သားသမီးများ ဖြစ်သည့် ပြည့်ဖြိုးဦး(၁၉)နှစ်၊ မောင်ရဲဝင်းထွဋ်(၁၈)နှစ်၊ မချမ်းသာစုစံ(၅)နှစ်နှင့် (၃)ရက်သား မွေးကင်းစ ယောက်ျားလေးတို့သည် ၁၉-၁၁-၂ဝ၁၄ ရက်နေ့ ည ၁ဝ နာရီအချိန်က မီးနေသည် ဒေါ်စုလှိုင် နနွင်းမှိုင်းရှူရန် အခန်းအလယ်တွင် ဒယ်အိုး(၁)လုံးအတွင်း မီးသွေးမီးဖိုပြီး နနွင်းများထည့်ကာ နေအိမ်တံခါးနှင့် ပြူတင်းပေါက်မှန်တံခါးများအားပိတ်၍ အိပ်ခဲ့ကြောင်း၊ ၂ဝ-၁၁-၂ဝ၁၄ ရက်နေ့ နံနက် ၈ နာရီအချိန် သားဖွားဆရာမ ဒေါ်စန္ဒာမှ ဒေါ်စုလှိုင်နှင့် မွေးကင်းစကလေးအား ကြည့်ရှုရန် လာရောက်စဉ် နေအိမ်အတွင်း လှုပ်ရှားမှုမရှိသဖြင့် အော်ဟစ်ခေါ်ရာ မချမ်းသာစုစံက မှန်ပြူတင်းတံခါးအား ဖွင့်ပေးပြီးနောက် သတိလစ်သွားကြောင်း၊ အခန်းတွင်းသို့ဝင်ကြည့်ရာ အပူငွေ့များဖြင့် ပိတ်လှောင်ကာ ဦးဇေယျာလင်းတို့မိသားစုအားလုံး သတိလစ်နေသည်ကို တွေ့ရှိရသဖြင့် စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်စဉ် မောင်ရဲဝင်းထွဋ်မှာ သေဆုံးသွားကြောင်း သိရှိရသဖြင့် တောင်ကြီးနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁ဝ/၂ဝ၁၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment