Saturday, November 22, 2014

သားကောင်နှင့်မှားယွင်းပြီး တူမီးသေနတ်ဖြင့် ပစ်ခတ်မိ၍ သေဆုံး

22 November 2014 07:15(+0630) (လွန်ခဲ့သော 12 နာရီ ခန့်က)
နေပြည်တော်၊ နိုဝင်ဘာ ၂၁

၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၅ မိနစ်အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့နယ်၊ ရေပုံးကျေးရွာနေ ဦးအောင်ဝေ(၅၃)နှစ်သည် သားဖြစ်သူ မောင်ချစ်သဲဦး(ခ)ဖိုးခွား (၂၈)နှစ်မှာ ၁၈-၁၁-၂ဝ၁၄ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က ရေပုံးကျေးရွာအရှေ့ဘက် တောထဲသို့ တောလည်သွားရာမှ ပြန်ရောက်မလာကြောင်း သိရှိရသဖြင့် ရွာသာများနှင့်အတူ သွားရောက်ရှာဖွေရာ ၂ဝ-၁၁-၂ဝ၁၄ ရက်နေ့ နံနက် ၈ နာရီ ၂ဝ မိနစ်အချိန် ရေပုံးကျေးရွာ အရှေ့ဘက်တောရှိ ဝက်လူးအိုင်၌ ချစ်သဲဦး(ခ)ဖိုးခွားအား လည်ပင်းဝဲဘက်ခြမ်းမှ ယာဘက်ခြမ်းသို့ တူမီးသေနတ်ဖောက်ထွက်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။

မေးမြန်းချက်အရ ချစ်သဲဦး(ခ) ဖိုးခွားသည် တစ်ဦးတည်းတောလည်ထွက်ခဲ့ရာ ၁၈-၁၁-၂ဝ၁၄ ရက်နေ့ ညနေ ၅ နာရီ အချိန် ဝက်လူးအိုင် အရောက် ၎င်းတောအတွင်း တောလည်ထွက်နေသည့် တစ်ရွာတည်းနေ သိန်းလွင်(ခ) ဖိုးခွာ(၃၅)နှစ်မှ သားကောင်နှင့်မှားယွင်းပြီး ချစ်သဲဦး(ခ)ဖိုးခွားအား တူမီးသေနတ်ဖြင့် ပစ်ခတ်မိ၍ ထိမှန်သေဆုံးသွားခြင်း ဖြစ်ကြောင်းသိရှိရသောကြောင့် အရေးယူပေးရန်တိုင်တန်းသဖြင့် သိန်းလွင်(ခ)ဖိုးခွာအား ကလိန်အောင် နယ်မြေရဲစခန်း(ပ)၄၉/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment