Sunday, November 2, 2014

စစ်​တပ်​က အာဏာ​ယူ​တာ​ကို ဘာ​ကီ​နာ ဖာ​ဆို အတိုက်​အခံ​တွေ လက်မခံ

2 November 2014 07:35(+0630) (လွန်ခဲ့သော 11 နာရီ ခန့်က)
အနောက် အာဖရိက ဒေသမှာ ရှိတဲ့ ကုန်းတွင်းပိတ် နိုင်ငံ ဘာကီနာ ဖာဆို မှာ တိုင်းပြည် အာဏာ ကို စစ်တပ်က လွှဲပြောင်း ယူလိုက်တဲ့ အပေါ် အတိုက်အခံ တွေက လက်မခံကြောင်း နဲ့ ဒီနေ့ တနင်္ဂနွေ နိုဝင်ဘာ ၂ ရက်နေ့ မှာလည်း လမ်းပေါ်ထွက် ဆန္ဒပြမှု တွေ လုပ်သွားမယ် ဆိုပြီး ပြောလိုက်ပါ တယ်။

အာဏာကို ၂၇ နှစ် ရယူထားခဲ့တဲ့ သမ္မတ ကွန်မ်ပါအိုရေး နှုတ်ထွက်သွားအောင် လူထုက ဆန္ဒပြ ခဲ့ကြတဲ့ အောင်မြင်မှု ဟာ စစ်တပ်က ကြားထဲက အာဏာယူဖို့ မဟုတ်ဘူး ဆိုပြီး တော့လည်း အတိုက်အခံ တွေက ဆိုပါတယ်။

ဘာကီနာ ဖာဆိုမှာ လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပနိုင်ဖို့ အရပ်သား ဦးဆောင်တဲ့ ယာယီ အစိုးရတစ်ရပ် ထူထောင်ကြ ဖို့ အာဖရိက နိုင်ငံများ သမဂ္ဂက တိုက်တွန်း လိုက်ပါတယ်။

ဘာကီနာ ဖာဆို ရဲ့ ယာယီ အစိုးရ ကို ဒုတိယ ဗိုလ်မှုးကြီး အိုင်းဇက် ဇီးဒါ ဦးဆောင်မယ် ဆိုပြီး စစ်တပ် က ထုတ်ပြန် ထားပါတယ်။


ဘာကီနာ ဖာဆို ယာယီအစိုးရကို ဗိုလ်မှုးကြီး ဇီးဒါး ဦးဆောင်မယ်လို့ စစ်တပ်က ပြော။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment