Sunday, November 2, 2014

စင်ကာပူ ခြင်္သေ့များရဲ့တိုက်ပွဲ မြန်မာ့စပါးအုံးမြွေကြီး ပါဝင်မည်

2 November 2014 12:45(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)
One Battle of Lions လို့အမည်ပေးထားတဲ့ ခြင်္သေ့များရဲ့တိုက်ပွဲ ချန်ပီယံပြိုင်ပွဲကို စင်ကာပူနိုင်ငံ Indoor Stadium မှာ လာမယ့် နိုဝင်ဘာ ၇ ရက် ည ၇ နာရီ ကျင်းပ ပြုလုပ်ဖို့ ရှိပါတယ်။

အဲဒီပြိုင်ပွဲမှာ မြန်မာစပါးအုံးမြွေကြီးလို့ လူသိများတဲ့ ကချင်သားလေး အောင်လအန်ဆန်း ပါဝင်ပြီး ၀ိတ်တန်းတွဲဆိုင်းတွေနဲ့ ယှဉ်ပြိုင်ထိုးသတ်မှာပါ။

မစ်ဒယ်လ်ဝိတ်တန်းအတွဲမှာ မြန်မာပြည်သား အောင်လအန်ဆန်းဟာ ဂျပန်နိုင်ငံသား တက်ဆုယာ မီဇူနိုနဲ့    ယှဉ်ပြိုင် ထိုးသတ်မှာ ဖြစ်ပါတယ်။

မစ်ဒယ်လ်ဝိတ်တန်းတွင် အိုင်ဂေါ့ ဆာဗီရစ်ဒ်(ကာဇက်စတန်) နဲ့ လီယန်ဒရို အတိုင်း ဒက်(ဘရာဇီး)၊ လိုက်ဝိတ်တန်းတွင် ကိုဂျီ အန်ဒို(ဂျပန်)နဲ့ ဇိုရိုဘာဘယ်လ် မိုရီဒယာ (ဘရာဇီး)၊ ၀ယ်လ်တာဝိတ်တန်းတွင် ဘတ်တီယာ အဘာ့ဆောလ်(အဇာဘိုင်ဂျန်)နဲ့ လူးဝစ် ဆန်း တို့စ်(ဘရာဇီး)၊ ဒွိုင်းလ်ဟန့်(ထရီနီဒက်စ်)နဲ့ ၀ါရင်းဒီရုစ်(တောင်အာဖရိက)၊၊ ဖယ်လ်သာ ၀ိတ်တန်းတွင် ကာရီဘူးလော့စ်(ဖိလစ်ပိုင်)နဲ့ မေဂျာ အိုဗရယ်လ်(အမေရိကန်)၊ ရော့ကီ ဘာတော့လ် ဘာတော့လ်(ဖိလစ်ပိုင်)နဲ့ ဘရူနိုပတ်စီ(ဘရာဇီး)၊ ၀ါလ်ကွတ်အူရ်မာ (ပါကစ္စတန်) နဲ့ အာမရ်ခန်(စင်ကာပူ)၊ အမျိုးသမီးဝိတ်တန်းဖြစ်တဲ့ အတွန်ဝိတ်တန်းတွင် အဒက်စ် အိုမာ (မလေး ရှား)နဲ့ ကီယာစတင်း ဂန်နဝေ(စင်ကာပူ)တို့ ထိုးသတ်ကြမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲလက်မှတ်ကြေးကတော့ ဗွီအိုင်ပီလက်မှတ်တစောင်ကို စင်ကာပူဒေါ်လာ ၃၈၇၊ ရွှေအဆင့် လက်မှတ်တစောင်ကို စင်ကာပူဒေါ်လာ ၁၅၈၊ ငွေအဆင့်လက်မှတ်တစောင်ကို စင်ကာပူဒေါ်လာ ၅၈၊ ကြေးအဆင့်လက်မှတ်တစောင် စင်ကာပူဒေါ်လာ ၃၈ ကျခံမှာ ဖြစ်ပါ တယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment