Sunday, November 23, 2014

သမ္ဗန်ဆိပ် ပြန်ဖွင့်ပေးဖို့ တောင်းဆိုနေသူတွေကို ဦးခိုင်မောင်ရည် သွားရောက်တွေ့ဆုံ

22 November 2014 20:32(+0630) (၁ ရက် ခန့်က)
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် တစ်ဘက်ကမ်းမှာ MEC မြန်မာ့ စီးပွားရေး ဦးပိုင်ကုမ္ပဏီက ပိတ်လိုက်တဲ့ သမ္ဗန်ဆိပ်ကို ပြန်ဖွင့်ပေးဖို့ တောင်းဆို နေတဲ့ ကျောင်းသား မိဘတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ ကို အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဒီကနေ့ သွားရောက် တွေ့ဆုံ ခဲ့ပါတယ်။

ဒီကိစ္စကို လွှတ်တော်မှာ တင်ပြ ဆွေးနွေးပေးဖို့အတွက် ကျောင်းသားမိဘနဲ့ ဒေသခံတွေကို စာရေးတင်ပြဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောခဲ့တယ်လို့ ဦးမြရပ်ကွက်က ကျောင်းသားမိဘတွေက ပြောပါတယ်။

အရင်ရက်တွေက ဆန္ဒပြနေတဲ့ သမ္ဗာန်ဆိပ်နေရာကို ကုမ္ပဏီက သွပ်ပြားတွေနဲ့ကာလိုက်တာကြောင့် ဆန္ဒပြသူတွေက MEC ကုမ္ပဏီရဲ့ ဝင်ပေါက်ဝရှေ့မှာ ပိတ်ပြီး တောင်းဆိုနေကြပါတယ်။

ဒါကြောင့် ဒီကနေ့ မနက်မှာ ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ပြီး တားမြစ်ခဲ့တာကြောင့် လမ်းပေါ်မှာ တောင်းဆိုနေကြတယ်လို့ ပြောပါတယ်။

မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက ဆောက်လုပ်နေတဲ့ နောင်တိုစီမံကိန်းနဲ့ အာရုံဦးကုမ္ပဏီက အကောင်အထည် ဖော်နေတဲ့ ဆိပ်ခံတံတားစီမံကိန်းတွေကြောင့် နိုဝင်ဘာလ ၁၆ ရက်နေ့ညမှာ ဦးမြငါးစင်သမ္ဗာန်ဆိပ်ကို ပိတ်လိုက်တာဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment