Sunday, November 23, 2014

အမျိုးသား ပညာရေး ဥပဒေကို မြင်းခြံမြို့မှာ ဆန္ဒပြ

22 November 2014 20:34(+0630) (၁ ရက် ခန့်က)
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ကြောင်း မန္တလေးတိုင်း မြင်းခြံမြို့မှာ ရှိတဲ့ နည်းပညာ တက္ကသိုလ်နဲ့ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ စုပေါင်းပြီး ဒီကနေ့ ဆန္ဒပြခဲ့ကြ ပါတယ်။

အမျိုးသား ပညာရေး ဥပဒေကို အလိုမရှိကြောင်း အစိုးရကို သိစေချင်လို့ နယ်မြို့တွေမှာလည်း ဆန္ဒပြတာ ဖြစ်ကြောင်း ဆန္ဒပြ ကျောင်းသားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့တဲ့ အမျိုးသားပညာ ရေးဥပဒေကို ကန့်ကွက်ကြောင်း ဆန္ဒပြပွဲကို ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ၄ ရက်ဆက်တိုက် တက္ကသိုလ် ကျောင်းသားကျောင်းသူတွေက ဆန္ဒပြခဲ့ကြပါတယ်။

ဒီနေ့ မြင်းခြံမြို့ ဆန္ဒပြပွဲမှာတော့ ရန်ကုန်မှာရှိတဲ့ ခရိုင်အသီးသီးက ကျောင်းသားကျောင်းသူ အယောက် ၂၀ ၊ မြင်းခြံမြို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ NLD ပါတီဝင်တွေနဲ့ ဒေသခံတွေအပါအ၀င် စုစုပေါင်း ၁၀၀ နီးပါးလောက်က ဆန္ဒပြခဲ့ကြတာပါ။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment