Thursday, November 27, 2014

အလွတ်သဘောတွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ကြားချက် တပ်ဘက်က ငြင်းဆန်

27 November 2014 13:47(+0630) (၁ မိနစ်တောင် မရှိသေးဘူး ခန့်က)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနဲ့ အလွတ်သဘော တွေ့ဆုံလိုကြောင်း ဖိတ်ကြားချက်အပေါ် တပ်မတော်ဘက်က ငြင်းဆန်လိုက်တယ်လို့ အန်အယ်ယ်ဒီက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်က တပ်မတော်သား ကိုယ်စားလှယ်တွေက ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ကြားတာ အချိန်အရမ်းကပ်တဲ့အတွက်ကြောင့် တခြားအစီအစဉ်တွေကိုဖျက်ဖို့ ခက်ခဲသွားလို့ မတွေ့ဆုံဖြစ်တော့လို့ ဒေါ်အောင်ဆန်းစုကြည်ထံ စာနဲ့ အကြောင်းပြန်ထားတယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံ စကားပြောနိုင်ဖို့အတွက် တပ်မတော်သား ကိုယ်စားလှယ် ၇၀ ကို ဖိတ်ကြားခဲ့တာပါ။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်ကိုယ်စားလှယ်တွေကို လွှတ်တော်မှာ လွတ်လွတ်လပ်လပ်ဆွေးနွေးခွင့် ပေးထားတယ်လို့  ပြောဆိုအပြီးမှာ အန်အယ်လ်ဒီဘက်က တွေ့ဆုံဖို့ ပထမဆုံးအကြိမ် ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment