Thursday, November 27, 2014

ISIS သည် ဒေသတွင်းသို့ အများဆုံး ခြိမ်းခြောက်လျက် ရှိသည့် ဂျီဟတ်ဒ် အဖွဲ့ဟု ဂျာမနီဝန်ကြီးချုပ် ပြောကြား

27 November 2014 13:50(+0630) (၁ မိနစ်တောင် မရှိသေးဘူး ခန့်က)
ဘာလင် ၊ ၂၇-၁၁-၂၀၁၄

အီရတ်နှင့် ဆီးရီးယားနိုင်ငံ အတွင်း အကြမ်းဖက် တိုက်ခိုက်မှု များကို ပြုလုပ်လျက် ရှိသည့် ISIS စစ်သွေးကြွ များသည် ဒေသတွင်း အများဆုံး ခြိမ်းခြောက်လျက် ရှိသည့် ဂျီဟတ်ဒ်အဖွဲ့ တစ်ဖွဲ့ ဖြစ်ကြောင်း ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျယ်လာ မာကယ်လ် က ယမန်နေ့တွင် ပြောကြား ခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ ISIS စစ်သွေးကြွ အဖွဲ့သည် ဥရောပတိုက် အတွင်းရှိ ပြည်သူများ၏ အသက်အိုးအိမ် ကို ခြိမ်းခြောက်လျက် ရှိသည့် အရက်စက် ဆုံးသော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး အဆိုပါ ISIS စစ်သွေးကြွ များသည် G20 အဖွဲ့ဝင် နိုင်ငံများမှ ပြည်သူများကို ၄င်းတို့ အဖွဲ့အတွင်းသို့ ဝင်ရောက်ရန် ဆွဲဆောင် စည်းရုံးလျက် ရှိကြောင်း သူမက ထပ်လောင်း ပြောကြား ခဲ့သည်။

အဆိုပါ ISIS စစ်သွေးကြွ အဖွဲ့ အတွင်းသို့ ဂျာမနီနိုင်ငံသား ဦးရေ ၅၅ဝ ခန့် သွားရောက် ပူးပေါင်းခဲ့ပြီး ၄င်းတို့အနက် ၆ဝ ဦးခန့်မှာ တိုက်ပွဲများ အတွင်း သေဆုံးခဲ့ပြီး ဦးရေ ၁၈ဝ ခန့်မှာ အမိနိုင်ငံသို့ ပြန်လည် ရောက်ရှိ လာခဲ့သည်ဟု ဂျာမနီ အစိုးရက ယူဆလျက် ရှိသည်။

ဂျာမနီ အစိုးရသည် လက်ရှိ အချိန်တွင် ISIS စစ်သွေးကြွ များကို တိုက်ခိုက်လျက် ရှိသည့် ကာ့ဒ်တိုက်ခိုက်ရေး သမားများကို လက်နက် ခဲယမ်းများ ထောက်ပံ့ပေးလျက် ရှိသော်လည်း မြေပြင် စစ်ဆင်ရေး များတွင် ပါဝင်ခြင်း မရှိကြောင်း သိရသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment