ထိုအချက်ကမြန်မာ့ အိမ်ခြံမြေဈေးကွက် ဟိ(တ်)တက်နေဆဲဖြစ် သည်ကိုပြနေသည်။အမှန်တွင်လည်းမြန်မာ့ အိမ်ခြံမြေဈေးကွက်သည် မှန်းဆရခက်၊နား လည်ရခက်လွန်းသည့် ဈေးကွက်ဖြစ်၏။ နိုင်ငံ များစွာ တွင် နှစ်ပေါင်းများစွာ စီးပွား ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများလုပ်ကိုင် နေသူ ၊ မြန်မာနိုင်ငံ တွင် အောင်မြင်မှုရနေ သော FMI ကုမ္ပဏီ၏အကြီးအကဲ Mr. Serge Pun မူ ရန်ကုန်မြို့ရှိ အိမ်ခြံမြေ ကုမ္ပဏီအဆောက်အအုံ၊ရုံးခန်းတို့ ၏ငှားရမ်းခများမှာ မိုးထိထောင် တက်မြင့်မား လျက် ရှိပြီး ထိုအခြေအနေမှာ အရှေ့တောင်အာရှ ၌ အမြင့်ဆုံးဖြစ်နေသည့်အနေအထားတွင် ရှိသည်ဟု သုံးသပ်သည်။
နိုင်ငံရေးအခြေ အနေမည်သို့ပင်ဖြစ်စေ ရန်ကုန်၏ အိမ်ခြံ မြေရုံးခန်းများ၏ ရောင်းဈေးနှုန်း၊ ငှားရမ်း အသုံးပြုခဈေးနှုန်း များမှာ ပို၍မြင့်တက်လာ ဦးမည်ဟု သူကထပ်မံဆိုသည်။ မြင့်တက်လာနိုင်သော ဝယ်လိုအားနှင့်ဈေးနှုန်း Mr. Serge Pun က ပူဖောင်းကဲ့သို့မြင့် တက်နေသောဈေးနှုန်းများနှင့်ပတ်သက်၍ သုံးသပ်ကောက်ချက်ချရန် အလွန်ခက်ခဲ သည်ဟုလည်း ဆိုပြန်သည်။
ပြီးခဲ့သည့်နှစ် ဇွန်လက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည့် စာရင်းများအရ ဆောက်လုပ်ရေးကဏ္ဍရှိ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၃၈ သန်းနီးပါးအထိရှိလာနေသည်။လာမည့်နှစ် များအတွင်း အိုးအိမ်ဆောက်လုပ်မှု များပြား လာနိုင်သည်ဟု ခန့်မှန်းရသည်။ သို့သော် လက်ရှိဆောက်လုပ်နေမှုများအရ ဈေးကွက် ထဲ၌ ရောင်းလိုအားမြင့်မား လာနိုင်သော် လည်း အခြေခံဝယ်လိုအားကို လိုက်မီနိုင် စွမ်းရှိနိုင်သေးမည် မဟုတ်ပေ။ နိုင်ငံတကာ သုတေသနအဖွဲ့တစ်ခုဖြစ်သည့် ကော်လီယာ အင်တာနေရှင်နယ်အဖွဲ့၏ သုံးသပ်ချက် အရ ၂ဝ၁၄ခုနှစ်ပထမသုံးလပတ်တွင် ရန်ကုန် မြို့ ရုံးခန်းများငှားရမ်းခ ပျမ်းမျှနှုန်းထားများ မှာ တစ်စတုရန်းမီတာလျှင် ၈၇ ဒေါ်လာ ဖြင့် အရှေ့တောင်အာရှဒေသတွင် အမြင့်ဆုံး ဖြစ်နေသည်ဟုသိရ သည်။
ထိုဈေးနှုန်းအဆင့် သည် ငှားရမ်းခဒုတိယအမြင့်ဆုံးဖြစ်သည့် စင်ကာပူထက်ပင် ၂၁ရာခိုင်နှုန်းမြင့် မားလျက်ရှိနေ၏။ ထိုအဖွဲ့ကပင် လာမည့် နှစ်နှစ်အတွင်း ငှားရမ်းခများ ၂၅ရာခိုင်နှုန်း ထက်ကျော်၍ မြင့် တက်နေဦးမည်ဟု မျှော် မှန်းထားသည်။ နိုင်ငံတကာအရည်အသွေး အဆင့်မီအဆောက်အအုံလေးခုခန့်သာရှိပြီး အသုံးပြုနေသည့်အဆောက်အအုံ များကို ပြု ပြင်ထိန်းသိမ်းမှုအနည်းငယ်သာရှိသော ရန် ကုန်နယ်ပယ်ဝန်းကျင် အတွင်း လာမည့်နှစ် များ၌ စီးပွားရေး၊ ကုန်သွယ်မှုတိုးတက်မှု များရှိလာသော အချိန် တွင်ဈေးနှုန်းမြင့်တက် မှုများနှင့်အတူ ကုမ္ပဏီ၊ လုပ်ငန်းရုံးခန်းများ ငှားရမ်းမှုများနှင့် ဝယ်လိုအားများ ပိုမိုမြင့် မားလာနိုင်ခြေရှိသည်ဟုလည်း ကြိုတင်ခန့် မှန်းထားသည်။
လက်တွေ့အမြင်အပေါ်အခြေခံသောကောက် ချက် မြန်မာနိုင်ငံရှိလုပ်ငန်းစုံကုမ္ပဏီကြီးများ ထဲတွင် တစ်ခုအပါအဝင်ဖြစ်သော SPA အုပ်စုဝင် Yoma Strategic Holdings Ltd.ကုမ္ပဏီသည် ဝင်ငွေ၏ ၉ဝရာခိုင်နှုန်းကို အိမ်ခြံမြေလုပ်ငန်းများမှရရှိနေပြီးအသားတင် အမြတ်ပမာဏမှာ တစ်နှစ်ပြီးတစ်နှစ် မြင့် တက်လျက်ရှိသည်ဟု သိရသည်။ကုမ္ပဏီ ၏ကြီးမားသောပရောဂျက်ဖြစ်သည့် စတား စီးတီး မြို့အိမ်ရာစီမံကိန်းကလည်း ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားပေးနေ သကဲ့သို့ရှိနေသည်။
ထိုအခြေအနေကလည်း လက်ရှိမြန်မာ့စီးပွားရေးအဆောက်အအုံ အတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍများထက် အိမ်ရာဆောက်လုပ်လုပ်ရေးကဏ္ဍတွင်သာ အလုပ်ဖြစ်နေသည်ကိုသရုပ်ပြနေ၏။ Yoma Strategic Holdings Ltd. ကုမ္ပဏီကို လေ့လာနေသော စင်ကာပူနိုင်ငံရှိ CIMB Research မှသုတေသီတစ်ဦးဖြစ်သူရိုင်ချန် ကလည်း ကုမ္ပဏီကအကောင်အထည်ဖော် နေသော စတားစီးတီးမြို့အိမ်ရာစီမံကိန်း ဝယ်လိုအားမှာ မြင့်တက်လျက်ရှိပြီး အခြား လုပ်ငန်းများ၏ ဖွံ့ဖြိုးမှုမှာလည်း ခိုင်မာ လျက်ရှိနေသည်ဟု သုံးသပ်သည်။ Mr. Serge Pun ကလည်း''ကျွန်တော် တော့ ဈေးကွက်ထဲမှာ ဘာစွန့်စားစရာမှ မမြင်ဘူး''ဟုဆိုသည်။
ဌာနဆိုင်ရာလုပ်ငန်း ပိုင်း နှောင့်နှေးကြန့်ကြာမှုများရှိေ နသေး သော် လည်း ပြင်ဆင်နေသော ဥပဒေများ နှင့် တဖြည်းဖြည်းချင်း တိုးတက်လာနေ သော ပြည်တွင်းဘဏ် လုပ်ငန်းကဏ္ဍတို့က လည်း အနာဂတ်တွင် အိမ်ခြံမြေဝယ်လို အားမြင့်တက်စေရန် တွန်းအားပေး သကဲ့သို့ ရှိနေသည်။ သို့သော် မြေယာပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် တင်းကြပ်သောဥပဒေများမှာ မြန်မာ့အိမ်ခြံမြေဈေး ကွက်ထဲသို့ ဝင်ရောက်ရန်ပြင်ဆင်နေသည့် နိုင်ငံခြား ကုမ္ပဏီများ အတွက် အခက်အခဲဖြစ်စေ နိုင်ပြီး Mr. Serge Pun ကဲ့သို့အတွေ့အကြုံ များသည့် ပြည်တွင်း လုပ်ငန်းရှင်ကြီးများ ကိုပင် ပြဿနာတစ်ရပ်အဖြစ် ရင်ဆိုင်နေရ သည့်အခြေအနေတွင်ရှိသည်။
အိမ်ခြံမြေဈေးကွက်အခြေအနေလည်ပတ်နေမှုသည် လည်း ဈေးကွက်ယန္တရားနှင့်အညီ ကောင်းမွန်စွာလည်ပတ် နေသည်ဟု ယူဆ၍မရပေ။ ဈေးကွက်ပြိုလဲကျသည့်အခြေအနေကို တွေ့ကြုံဖူးခဲ့သော Mr. Serge Pun က ''ဂရုမစိုက်မိရင် အိမ်ခြံမြေဈေးနှုန်း ပူဖောင်းလျင်လျင်မြန်မြန်နဲ့ လွယ်လွယ်ကူကူဖြစ် တာကို ကြုံရနိုင်တယ်''ဟုလည်း သတိပေးထားသည်။ မှန်းဆမှုများနှင့် အလိုက်သင့်စီးမျောရေး အကယ်၍ ကျွမ်းကျင်သူဖြစ်စေ၊ ပညာရှင်သုတေသီကြီးပင်ဖြစ်စေ ''အိမ်ခြံမြေ ဈေးနှုန်းတွေကျဖို့အလားအလာရှိတယ်''ဟု သုံးသပ်ပြောဆိုမိပါက လွန်ခဲ့သော ၂၅နှစ် တာကာလအတွင်း အိမ်ခြံမြေဈေးနှုန်းကျဆင်းမှုကို လုံးဝမမြင်တွေ့ဘူးသော သူများ အဖို့ ယုံတစ်ဝက်၊ မယုံတစ်ဝက်နှင့် ယုံရခက်ခက်ဖြင့်သာရှိနေပေလိမ့်မည်ဖြစ်သည်။
သဘာဝမကျသော၊ လက်တွေ့မဆန်သောဈေးနှုန်းပမာဏများနှင့် အတက်အကျများ ရှိနေသည့်မြန်မာ့အိမ်ခြံမြေဈေးကွက်လှုပ်ရှားမှုများ နှင့်ပတ်သက်၍ ပြည်တွင်းသာမက နိုင်ငံခြားလုပ်ငန်းအတွေ့အကြုံများသောလုပ်ငန်းရှင် Mr. Serge Pun ၏ ဝေဖန်အကဲဖြတ်ချက်များကို လက်တွေ့ဖြစ်ပေါ်နေသော ပြည်တွင်းဈေးကွက် အခြေအနေများနှင့် ဆက်စပ် စဉ်းစားနိုင်သည်။ ရန်ကုန်အိမ်ခြံမြေဈေးကွက် မှန်းဆချက် များ မှတစ်ဆင့် နိုင်ငံ တစ်နံတစ်လျားရှိ အိမ်ခြံမြေဈေးကွက်များ၏ အနာဂတ်အလား အလာများကို ချိန်ဆ လျက် စဉ်းစားသုံးသပ်၊ ဈေးကွက်အတွင်း တွင် အလိုက်သင့်စီးမျောလှုပ်ရှားနိုင်မည် ဖြစ်သည်။
ကိုးကား။ Myanmar Property Has Room to Rise, Say Pun, Bloomberg News.
No comments:
Post a Comment