Tuesday, November 25, 2014

ခရမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ

25 November 2014 16:37(+0630) (လွန်ခဲ့သော 3 နာရီ ခန့်က)
ရန်ကုန်၊ နိုဝင်ဘာ ၂၅

၁၇.၁၁.၂၀၁၄ ရက်နေ့ ၁၉၀၀ အချိန်တွင် ခရမ်းမြို့နယ်၊ ဘိုကလေးကျေးရွာနေ ဒေါ်နွဲ့ရီ မှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် တူတော်သူ ၀င်းထွန်း၊ (၃၀)နှစ်မှာ ရွာအ၀င်လမ်းဆုံရှိ ရွှံ့ဗွက်အတွင်း လဲကျနေကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ တူဖြစ်သူ ၀င်းထွန်းမှာ ယာဘက်ရင်အုံအထက်၊ ၀ဲနား
ထင်၊ ပုခုံးတို့တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်စီနှင့် ၀ဲနားထင်၌ ပွန်းခြစ်ဒဏ်ရာ(၁) ချက်တို့ရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း၊

ဖြစ်စဉ်အားစုံစမ်းရာ ယင်းနေ့ ၁၁၀၀ အချိန်ခန့်က တူဖြစ်သူမှာ ၎င်း၏ဇနီးဖြစ်သူနှင့် ခိုက်ရန်ဖြစ် ပွားစဉ် ကျောက်ပြင်ဖြင့် ထုရိုက်သဖြင့် ၎င်း၏ဇနီးတွင် ဒဏ်ရာရရှိခဲ့ကြောင်း၊

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ တရွာတည်းနေ ဇနီးဖြစ်သူ၏ဖခင် ဦးကုလား(ခ) စန်းအောင်မှ မကျေနပ်သဖြင့် စူးချွန်နှင့်ထိုးခဲ့၍ တူဖြစ်သူ သေဆုံးခဲ့ခြင်းဖြစ် သည်ကိုသိရှိရကြောင်းနှင့် ယင်းသို့ ကျူးလွန်သူ ဦးကုလား (ခ)စန်းအောင်အား အရေးယူပေးပါရန် တိုင်တန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ ခရမ်းမြို့မရဲစခန်း (ပ)၂၆၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ ဦးကုလား (ခ)စန်းအောင်အား ဖမ်းဆီးရမိရေးဆောင်ရွက် ခဲ့ပါသည်။

ခရမ်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်သွားသူ ဦးကုလား (ခ)စန်းအောင်၊ (၄၉)နှစ်အား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ ၂၀.၁၁.၂၀၁၄ ရက်နေ့တွင် သုံးခွမြို့နယ်၊ လက်ပံ နန်းခလဲကျေးရွာမှ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အမှုဖြင့် ဆက်လက်စစ်ဆေး အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment