Tuesday, November 25, 2014

ခြေ / ဥ ပြင်ဖို့ လက်မှတ်ထိုးတဲ့ ဗိုလ်မှူး မိသားစုနဲ့ တွေ့ခွင့်မရ

25 November 2014 01:58(+0630) (လွန်ခဲ့သော 17 နာရီ ခန့်က)
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ ပါဝင်လက်မှတ်ရေး ထိုးခဲ့တဲ့ ဗိုလ်မှူးကျော်စွာဝင်းကို ဖမ်းဆီးထားတာ ၅လ ကြာနေပြီ ဖြစ်ပေမဲ့ အခုချိန်ထိ အမိန့်ချ မှတ်နိုင်ခြင်း မရှိသေးကြောင်း ဗိုလ်မှူး ကျော်စွာ ၀င်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

DSTA အပတ်စဉ် ၂ ဆင်းတဲ့ ဗိုလ်မှူးကျော်စွာဝင်း ကို ပြင်ဦးလွင်မြို့ တ.လ.က စစ်တပ် အချုပ်ခန်းမှာ ဖမ်းဆီးထားပြီး မိသားစုနဲ့ တွေ့ဆုံခွင့် မပေးဘူးလို့ ဗိုလ်မှူးကျော်စွာဝင်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ ဆန္ဒသဘောထားလက်မှတ်တွေ ကောက်ခံရာမှာ ပြီးခဲ့တဲ့ဧပြီလက ဗိုလ်မှူးကျော်စွာဝင်းက စစ်ဝတ်စုံနဲ့ ၀င်ရောက်လက်မှတ်ထိုး ခဲ့တာဖြစ်ပြီး အင်တာနက် လူမှုရေးစာမျက်နှာ ဖေ့စ်ဘွတ်မှာ ပြန့်နှံ့ခဲ့ပါတယ်။ သူ့ကို တပ်စည်းကမ်း ဖောက်ဖျက်မှုနဲ့ တရားစွဲ ဆိုထားတာ ဖြစ် ပါတယ်။


ဗိုလ်မှူးကျော်စွာဝင်း

ဗိုလ်မှူးကျော်စွာဝင်း


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment