Tuesday, November 25, 2014

နိုင်ငံတွင်း ပလိပ်ရောဂါကူးစက်ပြန့်ပွားနေကြောင်း မဒါဂတ်စ်ကာဝန်ကြီးချုပ် အတည်ပြု

25 November 2014 09:36(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)
မဒါဂတ်စ်ကာဝန်ကြီးချုပ် ကိုလို ခရစ်စတော့ဖ် လောရန့်ရိုဂျာက သူ့နိုင်ငံတွင်း ပလိပ်ရောဂါ ကူးစက်ပြန့်ပွား နေကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့က အတည်ပြု လိုက်ပါတယ်။ အစောပိုင်း ကတော့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHO က ကြေညာ ခဲ့တာပါ။

နိုင်ငံတွင်း သြဂတ်စ်လ နှောင်းပိုင်းကစပြီး ပလိပ်ရောဂါကြောင့် လူ ၁၁၉ ယောက်ကို ကူးစက်ခဲ့ပြီး အယောက် ၄၀ သေဆုံးခဲ့တယ်လို့ WHO က နိုဝင်ဘာလ ၂၁ ရက်နေ့က ကြေညာပါတယ်။

ပလိပ်ရောဂါဟာ ဘက်တီးရီးယားကနေ ကူးစက်တာဖြစ်ပြီး ရှဥ့်နဲ့ ကြွက်တို့ကိုယ်မှာရှိတဲ့ လှေးကနေတဆင့် ကူးစက်တာ ဖြစ်ပါတယ်။ ရောဂါကူးစက်ခံ လှေးကိုက်တာက ခံရတဲ့ လူမှာတော့ ပလိပ်ကပ်ရောဂါကူးစက်ခံရပြီး ဘက်တီးရီးယားက လူ့အဆုတ်ထဲကိုရောက်သွားရင် လူနာဟာ နမိုးနီးယာ ပလိပ် ရောဂါကို ခံစားရမှာပါ။ ဒီအဆင့်မှာတော့ ချောင်းဆိုးခြင်းကတဆင့် လူကနေ လူကို ကူးစက်နိုင်တဲ့ ရောဂါဖြစ်လာပါတယ်။

ဒီလို ဖြစ်လာရင် ၂၄ နာရီအတွင်းမှာ အသက်သေစေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။ လောလောဆယ်တော့ မဒါဂတ်စ်ကားမှာ ကူးစက်ခံ ၂ ရာခိုင်နှုန်းက နမိုးနီးယားပလိပ် အဆင့်ကို ရောက်ခဲ့တယ်လို့ WHO က ဆက်ပြောပါတယ်။ ကူးစက်မှုအားလုံးကို မြို့တော်နဲ့ နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ အသည်းအသန် ကိုင်တွယ်ဖြေရှင်း နေတယ်လို့လည်း ဆိုပါတယ်။

ကူးစက်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက် တွေပေါ် အခြေခံပြီး ကူးစက်ခံ ဒေသတွေကို ကုန်သွယ်ရေးနဲ့ ခရီးသွားလာမှု ကန့်သတ်တာတွေ လုပ်ဖို့ကို WHO က မထောက်ခံပါဘူး။ ကူးစက်မှုတိုင်းမှာ ကူးစက်မှုရပ်တံ့ဖို့ လိုအပ်သမျှ လုပ်ဆောင်ချက် အားလုံးကို လုပ်နေတယ်လို့ ဝန်ကြီးချုပ် ရိုဂျာက ပြောခဲ့ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment