Monday, November 24, 2014

ရိုဟင်ဂျာလို့ သုံးနှုန်းတဲ့အတွက် ဘန်ကီမွန်းကို ဆန္ဒပြ

24 November 2014 08:33(+0630) (လွန်ခဲ့သော 10 နာရီ ခန့်က)
ရခိုင်ပြည်နယ် ​စစ်တွေမြို့မှာ ​ရိုဟင်ဂျာလူမျိုးတွေ ​မရှိတဲ့အတွက် ​ကုလသမဂ္ဂ ​အထွေထွေ အတွင်းရေး မှူးချုပ် ​ဘန်ကီမွန်းက ​ဘက်လိုက်ပြီး ​ရိုဟင်ဂျာလို့ ​သုံးနှုန်း ပြောဆို ခဲ့တယ်ဆိုပြီး တော့ ​မနေ့တုန်းက ​စစ်တွေမြို့မှာ ​ဆန္ဒပြခဲ့ကြပါတယ်။

စစ်တွေမြို့ ​ဆန္ဒပြမှုအတွင်း ​သဃာတော် ​အများအပြားအပါအဝင် ​လူပေါင်း ​ထောင်နဲ့ချီ ​ဆန္ဒပြခဲ့ကြပါတယ်။

ကုလသမဂ္ဂ ​အဖွဲ့ ​တစ်ခုလုံးကို ​ဆန့်ကျင် ​ဆန္ဒပြတာမဟုတ်ပဲ ​ဘန်ကီမွန်းကိုသာ ​ဆန္ဒပြခဲ့ကြတာလို့လည်း ​သံဃာတော် ​တစ်ပါးက ​ရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ​ရက်ပိုင်းတုန်းကပဲ ​ကုလသမဂ္ဂ ​အထွေထွေ ​ညီလာခံအတွင်း ​မြန်မာနိုင်ငံဆိုင်ရာ ​ဆုံးဖြတ်ချက် ​တစ်ခု ​ချမှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ​လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ​စိုးရိမ်မကင်းဖြစ်ရပြီး ​အထူးသဖြင့် ​ရိုဟင်ဂျာအရေးနဲ့ ​ပတ်သက်ပြီး ​စိုးရိမ်မကင်း ​ဖြစ်ရသလို ​သူတို့ကိုလည်း ​နိုင်ငံသား ​ဖြစ်ခွင့်တွေပေးဖို့ ​ပါရှိပါတယ်။

မြန်မာအစိုးရကတော့ ​ရိုဟင်ဂျာဆိုတဲ့ ​အသုံးအနှုန်းကို ​ကန့်ကွက်ခဲ့သလို ​လူနည်းစု ​ဘာသာဝင်တွေအပေါ် ​အခွင့်အရေးချိုးဖောက်မှုတွေ ​မလုပ်ရဘူးလို့ ​တုန့်ပြန်ထားပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment