စစ်တွေမြို့ ဆန္ဒပြမှုအတွင်း သဃာတော် အများအပြားအပါအဝင် လူပေါင်း ထောင်နဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။
ကုလသမဂ္ဂ အဖွဲ့ တစ်ခုလုံးကို ဆန့်ကျင် ဆန္ဒပြတာမဟုတ်ပဲ ဘန်ကီမွန်းကိုသာ ဆန္ဒပြခဲ့ကြတာလို့လည်း သံဃာတော် တစ်ပါးက ရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကပဲ ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်း မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် တစ်ခု ချမှတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် စိုးရိမ်မကင်းဖြစ်ရပြီး အထူးသဖြင့် ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်ရသလို သူတို့ကိုလည်း နိုင်ငံသား ဖြစ်ခွင့်တွေပေးဖို့ ပါရှိပါတယ်။
မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ကန့်ကွက်ခဲ့သလို လူနည်းစု ဘာသာဝင်တွေအပေါ် အခွင့်အရေးချိုးဖောက်မှုတွေ မလုပ်ရဘူးလို့ တုန့်ပြန်ထားပါတယ်။

No comments:
Post a Comment