Wednesday, November 26, 2014

Thanksgiving ကာလခရီးသွား နှင်းမုန်တိုင်းဖျက်

26 November 2014 08:21(+0630) (လွန်ခဲ့သော 12 နာရီ ခန့်က)
Thanksgiving ကျေးဇူးတော်နေ့ အားလပ်ရက် ခရီးသွားလာမှု အများဆုံးကာလမှာ ဒီနှစ်အတွက် သန်းနဲ့ချီရှိတဲ့ အမေရိကန် နိုင်ငံသားတွေ အတွက် အခက်အခဲ ကြုံတွေ့ရ ဖွယ်ရှိပါတယ်။

ကြာသပတေးနေ့မှာ ကျရောက်တဲ့ Thanksgiving နေ့မှာ မိန်းပြည်နယ်ကနေ မြောက်ကယ်ရို လိုင်းနားအထိ အရှေ့ဘက်ကမ်းကို နှင်းမုန်တိုင်း ကျရောက်နိုင်တယ်လို့ မိုးလေ၀သပညာရှင်တွေက သတိပေးထားပါတယ်။

မိုးကြီးပြီး လေပြင်းထန်ကာ အနောက်ဘက်ရှိ တချို့ဒေသတွေမှာ နှင်း ၁၅ လက်မအထိ ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ Boston၊ New York နဲ့ Philadelphia အစရှိတဲ့ မြို့ကြီးတွေမှာ အဓိက ကြုံတွေ့နိုင်တယ်လို့ ပြောပါတယ်။

ဒါကြောင့် ခရီးသွားတွေအနေနဲ့ စောထွက်ကြပြီး လေဆိပ်တွေမှာ ကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးထားပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment