နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း Maiduguri မြို့ ဈေးမှာ ဆယ်ကျော်သက်အရွယ် အမျိုးသမီး နှစ်ယောက်က အသေခံ ဗုံးဖောက်ခွဲ ခဲ့တာလို့ မျက်မြင် သက်သေတွေက ပြောပါတယ်။
အမျိုးသမီး တစ်ယောက်က ဈေးထဲမှာ ရပ်ထားတဲ့ လံခြား ဆိုက်ကားနားကို လာပြီး ဗိုက်ဖော်ခွဲခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဗုံးကြောင့် သေဆုံးသူတွေ၊ ဒဏ်ရာရသူတွေ ရှိနေလို့ ကူညီနေကြတုန်း နောက် ၁၀ မိနစ်အကြာမှာ နောက်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။
ဒုတိယဗုံးကိုတော့ ကလေးပိုး ဟန်ဆောင်ထားတဲ့ အမျိုးသမီးက ဖောက်ခွဲခဲ့တာပါ။
အဲဒီအမျိုးသမီးဟာ ဗုံးကို မွတ်စလင်အမျိုးသမီးတွေ ဝတ်ဆင်တဲ့ ခေါင်းပေါင်းနဲ့ ဝတ်ရုံ အောက်မှာ ဖွက်လာပြီး နောက်ကျောမှာ ကလေးပိုးထားတဲ့ ပုံစံမျိုးနဲ့ ဗုံးကို ချည်နှောင်ထားတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘိုကိုဟာရမ်အဖွဲ့ရဲ့ လက်ချက်ဖြစ်မယ်လို့ ယူဆနေကြပေမယ့် ဘိုကိုဟာရမ်အဖွဲ့က တုန့်ပြန်ပြောဆိုထားတာတွေ မရှိသေးပါဘူး။
Maiduguri မြို့မှာ ဘော်နိုပြည်နယ်မှာ တည်ရှိပြီး အဲဒီ ပြည်နယ်ဟာ ဘိုကိုဟာရမ်အဖွဲ့ ကျင်လည်ကြီးစိုးရာ ပြည်နယ်ဖြစ်ပါတယ်။
Maiduguri မြို့မှာလည်း ဘိုကိုဟာရမ်အဖွဲ့က အကြိမ်ပေါင်း ဒါဇင်နဲ့ချီ အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။
ဘိုကိုဟာရမ် အဖွဲ့အစည်းကိုလည်း Maiduguri မှာပဲ တည်ထောင်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်က တည်ထောင်လာတာ ဖြစ်ပါတယ်။
အရင်တုန်းကတော့ အသေခံ ဗုံးဖောက်ခွဲရေး သမားတွေဟာ အမျိုးသားတွေသာ ဖြစ်ပေမယ့် အခုအခါမှာတော့ အမျိုးသမီးတွေကို ပိုသုံးလာတာကို တွေ့ရတယ်လို့လည်း သိရပါတယ်။
ဘော်နိုပြည်နယ်အတွင်းက ကျေးရွာနဲ့ မြို့ပေါင်း ၂၄ မြို့လောက်ကိုလည်း ဘိုကိုဟာရမ်အဖွဲ့က သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

No comments:
Post a Comment