Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 8, 2014

မြန်မာအလုပ်သမားနှစ်ဦး နှိပ်စက်ခံရမှု စုံစမ်းဖော်ထုတ်ဖို့ ထိုင်းအစိုးရကို AI တောင်းဆို

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း လူသတ်မှု စစ်ဆေးရာမှာ မြန်မာ အလုပ်သမား ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က နှိပ်စက်ညှင်းပန်း ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးပေးဖို့ လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ AI က ထိုင်းအစိုးရကို ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။

အဖမ်းခံထားရတဲ့ မြန်မာ အလုပ်သမား ၂ ဦးအနေနဲ့ ထိုင်းရဲတပ်ဖွဲ့က ရိုက်နှက်စစ်ဆေး ခဲ့တဲ့ အတွက် လူသတ်မှု ကျူးလွန်ကြောင်း ဝန်ခံခဲ့ရတယ်လို့ မနေ့က တွေ့ဆုံခဲ့တဲ့ မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့က ရှေ့နေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AI အဖွဲ့က အခုလို တောင်းဆို လိုက်တာ ဖြစ်ပါတယ်။

ထိုင်းရဲတွေအနေနဲ့ မြန်မာရွေ့ပြောင်း အလုပ်သမားတွေကို လူမဆန်စွာ ဖိနှိပ်ညဉ်းပန်းတာတွေ ရှိနေကြောင်း တခြားသတင်းရပ်ကွက်တွေက ထုတ်ဖော်ပြောဆို ကြတာလည်း ရှိကြောင်း၊ ထိုင်းအာဏာပိုင်တွေ အနေနဲ့ ထိုင်းရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ လွတ်လပ်ထိရောက်ပြီး ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးရေးတစ်ရပ် စတင်ဖို့ လိုအပ်ကြောင်း၊ နိုင်ငံတကာက အထူးအာရုံစိုက်တဲ့ ဒုစရိုက်မှုတစ်ခုကို ဖြေရှင်းရာမှာ တရားမမျှတတဲ့ စီရင်မှုမျိုးအပါအဝင် တခြားသူတွေရဲ့အခွင့်အရေးကို ချိုးဖောက်တာမျိုး မရှိသင့်ကြောင်းလည်း AI အဖွဲ့က တောင်းဆိုထားပါတယ်။

ထိုင်းရဲတပ်ဖွဲ့ကတော့ ရိုက်နှက်စစ်ဆေးတယ်ဆိုတာကို ငြင်းဆိုထားပြီး ဝန်ခံချက်နဲ့အတူ မျိုးရိုးဗီဇ DNA စစ်ဆေးချက်ပါ အထောက်အထားရှိကြောင်း မနေ့က ပြောဆိုထားပါတယ်။

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား လူငယ်နှစ်ဦးဟာ ဥပဒေကြောင်းအရ အပြည့်အ၀ အကာအကွယ်ရဖို့နဲ့ မှန်ကန်စွာဖြေရှင်းနိုင်တဲ့ အခွင့်အရေး တွေရဖို့ လိုမယ်လို့ ထောက်ပြနေကြပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ