အမှုကိုပြည့်စုံ တိကျအောင်ပြန်လည် တည်ဆောက် ရမည်ဖြစ်၍ စွပ်စွဲခံရသော မြန်မာ လူငယ်နှစ်ဦး အတွက် မျှော်လင့်ချက် ရောင်ခြည်ပင် ဖြစ်တော့သည်။
ယင်းအပြင် ယခုအခြေအနေတွင် ထိုင်းရဲတပ်ဖွဲ့က နောက်တကြိမ်အမှုမတည်ဆောက်ခင်တွင် မြန်မာ အစိုးရအနေနှင့် အထူးစုံစမ်းရေး အဖွဲ့ အမြန်ဆုံး စေလွှတ်ရန် လိုအပ်ကြောင်း ၎င်းတို့အဖွဲ့၏ အကြံပေး ဖြစ်သူ ထိုင်းအမျိုးသမီး ရှေ့နေက အကြံပေးကြောင်းလည်း သိရသည်။
“ဟုတ်ပါတယ်ခင်ဗျ၊ ဟုတ်ပါတယ်၊ သေချာသွားပါပြီ၊ ကျွန်တော်တို့ ထိုင်းရှေ့နေအမျိုးသမီး ဖုန်တောက်ရှောက်ဖွင့်ပြီးတော့ ကျွန်တော်တို့ ဖြေနေတာ၊ ဒီညနေပိုင်းက သတင်းရရှိပါတယ်။ ဘာဆက်လုပ်ရမလဲဆို ထိုင်းရှေ့နေက အကြံပေးတားက မြန်မာအစိုးရအနေနဲ့ ထိုင်းရဲက နောက်တကြိမ် အမှုတွဲမတင်နိုင်ခင် မြန်မြန်ဆန်ဆန်လာရောက်ပြီး အထူးစုံစမ်းရေးအဖွဲ့ အမြန်ဆုံးလာရောက်ဖို့လိုတယ်လို့ ပြောပါတယ်၊ မြန်မာအစိုးရအနေနဲ့ မှုခင်းဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာဝန်တို့၊ ရဲတို့ CID တို့နဲ့ အမြန်လာရောက်ဖို့လာတယ်လို့ ထိုင်းရှေ့နေမက အကြံပေးပါတယ် နော်၊ အာမခံကတော့ ပိုက်ဆံရှိရင် ရနိုင်တာပေါ့ဗျာ” ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း ညွှန်ကြားရေးမှူး ဦးကျော်သောင်းက News Watch ကို ပြောသည်။
ထိုင်းနိုင်ငံ၊ စူရတ်နီဌာနီခရိုင်၊ ခိုတောင်ကျွန်း (လိပ်ကျွန်း) တွင် စက်တင်ဘာ ၁၅ ရက်နေ့ လပြည့်နေ့ ပွဲတော်ညက အသက် ၂၀ ကျော် ဗြိတိန်စုံတွဲတစ်တွဲ အသတ်ခံရမှုတွင် မြန်မာနိုင်ငံသား ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ကို သံသယရှိသူများအဖြစ် ထိုင်းရဲက ဖမ်းဆီးကာတရားစွဲဆိုထားသည်။



























No comments:
Post a Comment