Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 8, 2014

သီတင်းကျွတ်လပြည့်ည သံဈေးတွင် မီးလောင်

ရန်ကုန် အောက်တိုဘာ ၈

ရန်ကုန်မြို့ လမ်းမတော်လမ်းပေါ် သံဈေးကွန်ဒို ပထမထပ်ရှိ ဈေးဆိုင် များအတွင်း၌ ယနေ့ ညနေ ၆ နာရီ မိနစ် ၅ဝ ခန့်က မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အဆိုပါ သံဈေးကွန်ဒို အဆောက် အအုံ၏ ပထမထပ်တွင် စတီးပစ္စည်း များ၊ ဓာတ်ဘူးများ၊ ဖန်ခွက်များ၊ ပန်းကန်များ၊ မယ်လမင်း ပစ္စည်းများ နှင့် ဒန်ပစ္စည်းများ ရောင်းချခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ဆိုင်ခန်းတစ်ခန်း သာ လောင်ကျွမ်းခဲ့ကာ အနီးရှိ ဆိုင်ခန်းအချို့ မီးဟပ်ခံရကြောင်း၊ မီးလောင်ခံရသည့် ဆိုင်ခန်းပိုင်ရှင် အမည်တို့ကို စစ်ဆေးနေဆဲဖြစ် ကြောင်း မီးသတ်အရာရှိတစ်ဦးက ပြောသည်။

ထိုမီးလောင်မှုသည် ပြင်ပမှ မီးရှူးမီးပန်းများပစ်ဖောက်မှုကြောင့် လွင့်စဉ်ကာ လောင်ကျွမ်းရခြင်း ဖြစ်သည်ဟု မီးလောင်ရာတွင် ကိုယ်တိုင်ငြှိမ်းသတ်ခဲ့သောတာဝန်သိ ပြည်သူများထံမှ သိရသည်။ ''မီးခိုး တွေ အူထွက်လာမှသိတာ၊ အနီးက ပစ်တဲ့ မီးရှူးမီးပန်းကြောင့် ဖြစ်တာ ပါ။ အငွေ့တွေထွက် တော့မှသိတော့ ငြှိမ်းဖို့လည်းလုပ်၊ မီးသတ်ကိုလည်း အကြောင်းကြားရင်း နဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ရော''ဟု ပါဝင်ငြှိမ်းသတ်ခဲ့ သော တာဝန်သိပြည်သူတစ်ဦးက ပြောသည်။ ထိုမီးလောင်ရာသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ မီးငြှိမ်း သတ်ယာဉ်များ အပါအဝင် မီးသတ်ယာဉ်များဖြင့် အင်အားသုံး ငြှိမ်းသတ်နိုင်မှုကြောင့် အချိန်မီ ဟန့်တားကာကွယ်နိုင်ခဲ့ကြောင်း သိရ သည်။ လွန်ခဲ့သောနှစ်ကလည်း မီးရှူး မီးပန်းများကြောင့် (၂၄) လမ်းတွင် မီးလောင်ကျွမ်းခဲ့ဖူးကြောင်း ဒေသခံ များထံမှ သိရသည်။

အလားတူ မီးလောင်ကျွမ်းမှုဖြစ်စဉ် တစ်ခု ယနေ့ ည ၇ နာရီ မိနစ် ၅ဝ ခန့်က ကျောက်တန်းမြို့နယ် အေးစေတီလမ်းမတွင် ဖြစ်ပွားခဲ့ ကြောင်းလည်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ