Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 22, 2013

ဒီမိုကရေစီရဲ့ ထိချက်၊ တပ်မတော်နဲ့ မိတ်ဖက်


(၆၈) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်လာကြတဲ့ တပ်မတော် အရာရှိကြီးများ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို စည်းရုံးရနိုင်တယ်လို့ ဥရောပတိုက် (၅) နိုင်ငံ နိုင်ငံတကာ ခရီးစဉ်တစ်ခုမှာ ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်း အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ စပ်လျဉ်းပြီး NLD ရဲ့ လူထုဆန္ဒခံယူပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို ရည်ရွယ်ပြီး ပြောဆိုသွားခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားနေတာဟာ တပ်မတော်ရဲ့ အခွင့်အရေးတွေကို လျှော့ချချင်လို့ မဟုတ်ဘဲ မြန်မာ့တပ်မတော်ကို ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့တပ်မတော်ဖြစ်ဖို့ ပြည်သူတွေက လေးစား ချစ်ခင်တဲ့ တပ်မတော်ကောင်း တစ်ခုဖြစ်စေချင်လို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ဆိုသွားပါတယ်။

 
မကြာသေးမှီကပင် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ အခွင့်အလမ်းများ ပေါ်ထွက်ခဲ့တယ်လို့ စစ်ရုံးနဲ့ နီးစပ်သူများထံမှ သတင်း ရရှိပါတယ်။ တပ်ချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို စတင် ကမ်းလှမ်းနိုင်မည်၊ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်က တပ်ချုပ်ကို ကမ်းလှမ်းနိုင်မည် ဆိုတာကိုတော့ အမည်မဖေါ်လိုသူ စစ်ရုံးအရာရှိကြီး တဦးကတော့ သူ့လုံခြုံရေးနဲ့ တပ်ချုပ်၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဂုဏ်သိက္ခာအရ ငြင်းဆိုသွားခဲ့တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ခန့်ကစပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်ချုပ် တွေ့ဆုံဖို့ အခြေအနေ (၅) ကြိမ်ထက်မနည်း အခွင့်အလမ်းများ ပေါ်ထွက်ခဲ့တယ်လို့လည်း အဲဒီ အရာရှိကြီးက ဆိုပါတယ်။ အဲဒီ အကြိမ်တွေထဲက အထင်ရှားဆုံး အခြေအနေက ယခုနှစ် တော်လှန်ရေးနေ့ (တပ်မတော်နေ့) စစ်ရေးပြ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို တပ်ချုပ်က ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ တပ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံတာနဲ့ စပ်လျဉ်းပြီး တပ်မတော် အရာရှိကြီး (ငြိမ်း) တစ်ဦးက စည်းလုံးခြင်းရဲ့အင်အားကို သုံးသပ် ပြောဆိုခဲ့ပါတယ်။

(၆၈) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်လာကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဗိုလ်ချုပ်ကြီး ဝေလွင်
 
“သာမန်အားဖြင့် အကြောင်း ကိစ္စမရှိဘဲ တပ်ချုပ်က ဒေါ်စုကို မတွေ့ရဲဘူးဗျ၊ သူ့ကို စောင့်ကြည့်နေကြတဲ့ အစိုးရနဲ့ လွှတ်တော်၊ ပြည်ခိုင်ဖြိုးတို့မှ စီနီယာ တပ်အရာရှိကြီးတွေရဲ့ ငြိုငြင်မှုကို ခံရနိုင်တယ်၊ ဒါပေမဲ့ တပ်မတော်ဆိုင်ရာ အခမ်းအနားတွေမှာ တပ်ချုပ်အနေနဲ့ ဆက်လက် ဖိတ်ကြားဖို့ အလားအလာကောင်းတွေ ရှိနေတယ်။ တကူးတက မဟုတ်တောင် ခရီးသွားဟန်လွှဲ လွတ်လပ်ရေးနေ့ အခမ်းအနားလိုမျိုး နိုင်ငံတော်အဆင့် အခမ်းအနား ညစာစားပွဲတွေမှာလည်း တွေ့နိုင်တယ်ဗျာ။ မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌ ဖြစ်လာတာနဲ့အညီ နိုင်ငံတကာမှ လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ စစ်ဖက် ခေါင်းဆောင်များ လာကြဖို့ ရှိနေတယ်။ သူတို့ကို ဧည့်ခံပွဲ အခမ်းအနားတွေနဲ့ ဆွေးနွေးပွဲတွေမှာ တပ်ချုပ်အား သမ္မတက စစ်တပ် အကြီးအကဲ တဦးအဖြစ် လက်တွဲ ခေါ်ခဲ့ရင် ဖြစ်ဖြစ်၊ အလွတ်သဘော ညစာစားပွဲတွေမှာဘဲ ဖြစ်ဖြစ်၊ ဒေါ်စုနဲ့ ပေးတွေ့ဖို့ အခြေအနေ ဖန်တီးနိုင်တယ်ဗျာ။ နောက်ဆုံးဗျာ နိုင်ငံတကာ အကြီးအကဲ တဦးက တွန်းအားပေး တောင်းဆိုလို့ ဖြစ်ဖြစ် သံတမန်အခင်းအကျင်းအရ မီဒီယာပေါ်မှာ တရားဝင် တွေ့ဆုံရင် မလိုလားအပ်တဲ့ ဖြစ်စဉ်များ မဖြစ်ပွားစေဖို့ အလွတ်သဘော လျှို့ဝှက်သီးသန့် တွေ့ဆုံခွင့် ဖန်တီးပေးနိုင်တဲ့ အခွင့်အလမ်းတွေ ရှိတယ်ဗျ။ ဆိုလိုတာ သမ္မတကို ခွင့်ပြုချက်တောင်းပြီး ဆွေးနွေးကြည့်ခိုင်းတဲ့ သဘော ဖြစ်ပါတယ်။” လို့ ပြောသွားပါတယ်။

တပ်ချုပ်
 
နိုင်ငံတကာက လိုလားနေကြတဲ့ အဓိက ဥပဒေပြင်ဆင်ရမည့် အချက်တွေကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ကို တားထားတဲ့ ပုဒ်မ (၅၉)၊ တပ်မတော်မှ ရွေးကောက်ပွဲ မဝင်ဘဲ ၂၅% ပါဝင်နေတဲ့ ကိစ္စ၊ အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုအပ်တဲ့ မဲ ၇၅% ကျော် ရရန်နဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှု ၅၀% ကျော် ရဖို့ ဆိုတဲ့ အချက်တွေဘဲ ဖြစ်ပါတယ်။ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ အဓိက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့ တပ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ လိုအပ်ပါတယ်။ ဒါမှသာ အပြန်အလှန် ယုံကြည်မှု၊ တဦးနှင့် တဦး ချစ်ကြည် လေးစားစွာ ဆက်ဆံရေး တိုးတက် ခိုင်မာလာမှာ ဖြစ်သလို ဘက်ပေါင်းစုံမှ တွက်ချက်မြင်ကြည့်တတ်ဖို့ လိုအပ်တယ်လို့ စစ်ဖက် နီးစပ်သူများက သုံးသပ်ကြပါတယ်။ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒေါ်အောင်ဆန်းစုကြည် ၁၀ နှစ်ခန့် ငယ်တာမို့ မောင်လေး အရွယ်သာ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ အနာဂါတ်ကို ဘယ်လို ဖန်တီး ပြုပြင်ပေးသွားမယ်၊ တပ်မတော်ကို နိုင်ငံရေး ကဏ္ဍတောင့်တနေရာမှ ဘယ်အချိန်အတိုင်းအတာတစ်ခု လောက်ထိ ဆက်ရှိမယ်။ ဒါမှမဟုတ် ရာခိုင်နှုန်း လျော့ပေးမယ် ဆိုတာကတော့ တပ်မတော်အား Professional Army ဖြစ်ရေးနဲ့ ဆက်စပ် မူတည်နေပါကြောင်း တင်ပြလိုက်ပါတယ်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ