Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, November 6, 2013

နေပြည်တော်ကောင်စီ၏ နောက်ထပ်တောင်းခံငွေ လွှတ်တော် ထက်ဝက်ဖြတ်တောက်

နေပြည်တော်ကောင်စီမှ ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံတောင်းခံသည့် ဘဏ္ဍာငွေ သန်း ၂၆၀၀တွင် သန်း ၁၃၀၀ ကျော်ကို လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒမဲအရ ပြည်ထောင်စုလွှတ်တော်က ဖြတ်တောက်လျှော့ချခွင့်ပြုလိုက်သည်။

နေပြည်တော်ကောင်စီသည် နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံခြားဧည့်သည်တော်များ၊ သံတမန်များ သွားလာဝင်ထွက် နားနေရာ ကန့်သတ်နယ်မြေရှိ လမ်းလယ်ကျွန်းများအား ရေပေးရေး (ရေဖြန်းချနိုင်ရေး)အတွက် လည်းကောင်း၊ ချောင်းမကြီးဆည်အနီးတွင် ရေကန်ငယ်တစ်ကန်တည်ဆောက်ခြင်းနှင့် သပြေကုန်းအ၀ိုင်းအနီးရှိ မင်္ဂလာကန်တော်တွင် မီးအလှတပ်ဆင်ခြင်းတို့အတွက် လည်းကောင်း နောက်ထပ်တောင်းခံငွေကျပ်သန်း ၂၆၀၀ အား ခွင့်ပြုပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလာခြင်းအပေါ် လွှတ်တော်က ၅၀ ရာခိုင်နှုန်းဖြတ်တောက် လျှော့ချခဲ့ခြင်း ဖြစ်သည်။


ထိုသို့ ဖြတ်တောက်လျှော့ချခြင်းအဆိုကို NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက တင်သွင်းခဲ့သည်။ 
အဆိုအရ နေပြည်တော်ကောင်စီဝန်ကြီး ဦးကံချွန် တင်ပြလာသော အချက်သုံးချက်တွင် ပါဝင်သည့် ရေနှင့် သန့်ရှင်းမှုလုပ်ငန်းတွင်သုံးစွဲရန် ကျပ်သိန်းပေါင်း ၃၀၀၀ ကျော်သည် ပထမ ငါးလအတွက် သုံးစွဲငွေက သိန်း ၇၀ကျော်သာ ကုန်ကျနိုင်သည်ဟု ဒေါက်တာမြတ်ဥာဏစိုးက ဆိုလိုက်သည်။ နေပြည်တော်ကောင်စီဝင်က တောင်းဆိုထားသောငွေ၏ ၁၇ရာခိုင်နှုန်းသာ ကုန်ကျမည်ဟု ဆိုလိုခြင်းဖြစ်သည်။

ယင်းအပြင် ကျန်လုပ်ငန်းများနှင့် ပတ်သက်၍လည်း သုံးစွဲပြီးငွေအတွက် ဆောင်ရွက်မှုအခြေအနေမှာ သုည
ရာခိုင်နှုန်းဖြစ်ကြောင်း အဆိုတွင် ပါရှိသည်။


“အဲဒီတော့ စာရင်းဇယားဖော်ပြချက်တွေနဲ့ လက်တွေ့လုပ်ဆောင်ချက်တွေဟာ ထပ်တူကျဖို့လိုပါတယ်။ တကယ်တော့ အခုတည်ဆောက်နေတဲ့ ချောင်းမကြီးဆည်ဟာ ပြီးသလောက်ရှိနေတာ အားလုံးအသိပဲဖြစ်ပါတယ်။ သို့သော် စာရင်းဇယားမှာ ဖော်ပြထားမှုက အားနည်းနေတော့ ဆောင်ရွက်ပြီးမှ၊ ခွင့်ပြုချက်မရခင် ကြိုတင်တည်ဆောက်ပြီးမှ ဘတ်ဂျက်ငွေကို တောင်းဆိုတဲ့သဘောပါ။ ဒါမျိုးဟာလဲ မဖြစ်ထိုက်ဘူးလို့ တင်ပြလိုပါတယ်” 
ဟု ဒေါက်တာမြတ်ဥာဏစိုးက ပြည်ထောင်စုလွှတ်တော်တွင် နိုဝင်ဘာလ ၅ရက်က ရှင်းလင်းပြောကြားခဲ့သည်။ ထိုသို့ ရှင်းလင်းအပြီးတွင် ကိုယ်စားလှယ်များက ဆန္ဒမဲပေးကာ အတည်ပြုလိုက်သည်။

၂၀၁၃-၁၄ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်း တစ်ရပ်လုံးအား နိုဝင်ဘာလ ၅ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ထောက်ခံမဲ ၄၂၃ မဲ၊ ကန့်ကွက် ၁၀ မဲ၊ ကြားနေ ၁၂ မဲတို့ဖြင့် အတည်ပြုခဲ့ကြသည်။

ထိုသို့ အတည်မပြုမီ နောက်ထပ်ဘဏ္ဍာငွေ (RE-Revised Estimate) ထပ်မံတောင်းခံထားသော ပြည်ထဲရေးဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့၏ နောက်ထပ်ဘဏ္ဍာငွေများအနက် နေပြည်တော်ကောင်စီ REမှ ကျပ်သန်း ၁၃၀၀ကျော်ကို ဖြတ်တောက်လျှော့ချပြီး RE ဘတ်ဂျက်ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ