Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, July 7, 2014

ဗန်းမော်မြို့မှာ ADSL အင်တာနက်လိုင်းများ အခြေအနေ ဆိုးရွားလျှက်ရှိ

သို့

ဆည်းဆာ

အယ်ဒီတာခင်ဗျား..

လူကြီးမင်းမှ တဆင့် တာဝန်ရှိ လူကြီးမင်းများ သိစေ၇န် တင်ပြအပ်ပါသည်။

  ယခင်ဈေးကြီးပေး ပြီး ငှားရမ်းသုံးစွဲရတဲ့ MPT ADSL လိုင်းများ ဗန်းမော်မြို့မှာ ယခုသုံးလို့ မရတော့ လောက်အောင်လွန်စွာ အခြေအနေ ဆိုးရွားနေသည်မှာ ၂ လရှိပြီ ဖြစ်သော်လည်း ADSL လိုင်းများကို ၀န်ဆောင်မှု ပေးနေသော ဗန်းမော်မြို့ အိတ်ချိန်း တာဝန်ခံ သော်လည်းကောင်း ၊ ရန်ကုန် မရမ်းကုန်း ADSL ဌာနသော် လည်းကောင်းမည်သည့် တာဝန်ယူဖြေရှင်းမှုမှ မပေးပဲ ခေါင်းရှောင်နေပါသည်။

ဗန်းမော်မြို့ အိတ်ချိန်း တာဝန်ခံဆီသို့ ADSL လိုင်းများ သုံးလို့မရကြောင်း အကြောင်းကြားရာတွင်လည်း တပ်မတော် ဖိုက်ဘာ ဆက်ကြောင်းကိုငှားသုံး နေရသည့်အတွက် မည်သို့မှလုပ်ပေးလို့မရကြောင်း ပြောပါသည်။

ရန်ကုန် ၊ မရမ်းကုန်းADSL ဌာနသို့ဖုန်းဆက် အကြောင်းကြား ရာတွင်လည်း အိတ်ချိန်းမှ မဟုတ်လျှင် တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ် ၊ ဗန်းမော်အိတ်ချိန်းကိုပဲ ပြောပါဟူ သော စကားဖြင့် သုံးစွဲသူ customer များကို ဖြေရှင်းချက် ပေးပါသည်။

ဝန်ဆောင်မှု ပေးနေသော ဌာနများမှ ၄င်းတို့ ၀န်ဆောင်မှုပေးနေသော Service မကောင်းသည့်အတွက် တင်ပြရာတွင် မည်သို့မှ မလုပ်ပေးနိုင်ပါဘူးဟု ပြောသဖြင့် မည်သည့် ဌာနသို့တိုင်ကြားရမှန်း မသိဖြစ်နေပါသည်။ ဗန်းမော်မြို့ တွင်ရှိသော အင်တာနက်ဆိုင်များနှင့် MPT ADSL သုံး ဟိုတယ်  ၊တည်းခိုခန်းများလည်း ဒုက္ခရောက်နေကြကြောင်းသိရပါသည်။

ယခုလို ADSL လိုင်းများ သုံးစွဲလို့မရသော်လည်းပဲ ADSL လိုင်း လစဉ်ကြေးများကိုတော့ ပုံမုန်ပေးဆောင်နေရပါသည်။ ပေးဆောင်သည့် သတ်မှတ်ရက်ထက် နောက်ကျလျှင် တယ်လီဖုန်း အခွန်ရုံးမှ လည်း နောက်ကျကြေးများ ကောက်ခံနေပါသည်။

ယခုလိုဖြစ်နေသည်မှာ 2 လရှိပြီဖြစ်သော်လည်းပဲ မည်သည့် တာဝန်ယူဖြေရှင်းမှု မှ မလုပ်ပေးသေးပါ။

 ဗန်းမော်မြို့ ADSL အင်တာနက်သုံးစွဲသူများ

ဗန်းမော်မြို့ ADSL လိုင်းမှ Default Gate Way 172.24.0.3 ကို Ping ထားသော ပုံကို ဖော်ပြပေးလိုက်ပါသည်။

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ