Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, July 7, 2014

ရပ်ကွက်အတွင်းမှ သားသတ်လုပ်ငန်းပြောင်းရွေ.ပေးပါရန်

သို့

ဆည်းဆာ

အယ်ဒီတာခင်ဗျား..

လူကြီးမင်းမှ တဆင့် တာဝန်ရှိ လူကြီးမင်းများ သိစေ၇န် တင်ပြအပ်ပါသည်။

 ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို.၊အမှတ်(၃)ရပ်ကွက် (မြို.နယ် အားကစားကွင်း အနီး) တွင် ဦးချိုနိုင် ပိုင် လိုင်စင်ရှိ သားသတ်လုပ်ငန်း(အမဲ) သည် ရပ်ကွက်အတွင်း လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့  ရပ်ကွက်အတွင်း ဆောင်ရွက် နေသဖြင့်

(၁)။ အချိန်မတော်(နံနက် ၂း၀၀ နာရီမှ ၆း၀၀ ခန်.) အထိ သားသတ်လုပ်ငန်း အသံများ ကြောင့် ရပ်ကွက် တွင်းနေ အများပြည်သူများ စိတ်အနှောက်အယှက် များစွာဖြစ်ရခြင်း၊

(၂)။သားသတ်လုပ်ဆောင်သည်. နေရာအနီးတ၀ိုက်တွင် အနံ.ဆိုးများထွက်ပေါ်ခြင်းကြောင့် ရပ်ကွက်တွင်းနေ အများပြည်သူများ စိတ်အနှောက်အယှက် ဖြစ်ရခြင်း၊

(၃)။သားသတ်မည်. နွားများအား ရပ်ကွက်အတွင်း နွားစားကျက်အဖြစ် အသုံးပြုခြင်းကြောင့် အိမ်ခြံစည်းရိုးများအား သားသတ်ခုံရှိ သိုလှောင်နွားများမှ ဖျက်စီးခံရခြင်း၊

(၄)။ ရပ်ကွက်အတွင်း သားသတ်လုပ်ငန်း လုပ်ဆောင်နေခြင်းကို ရပ်ကွက်နေပြည်သူများမှ လုံးဝ(လုံးဝ) မနှစ်သက်ခြင်းတို့ ကြောင့် ရပ်ကွက်(၁၀)အိမ်မှူးများ ဖြစ်သော ဦးကျော်ငြိမ်း၊ဦးဆန်းလင်း တို့ ထံသို့ ရပ်ကွက်နေပြည်သူများမှ တိုင်ကြားလာသဖြင့် (၁၀)အိမ်မှူးများမှ ဦးဆောင်၍ရပ်ကွက်အကျိုးမျှော်ကိုးပြီး ရပ်ကွက်အတွင်းရှိ ဦးချိုနိုင် ပိုင် သားသတ်လုပ်ငန်း(အမဲ) အား လူနေရပ်ကွက်နှင့်ဝေးရာသို့ အမြန်ဆုံးပြောင်းရွေ့ ပေးပါရန် ရပ်ကွက်နေ ပြည်သူများမှ လက်မှတ်ထိုး စာရင်းနှင့်တကွ မြို့ နယ်အုပ် ချုပ်ရေးမှူး ၊မြို့ နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ ပေါက်ခေါင်းမြို့ သို့ လိပ်မူတိုင်ကြားထားပါသည်။

   7.7.2014 နေ့ နံနက်တွင် တိုင်ကြားမှု မစစ်ဆေးခင် သားသတ်ခုံခြံစည်းရိုးများအား ၀ါးကဒ်များ ကာရံနေသဖြင့် ရပ်ကွက်နေ ပြည်သူများမှ ဒါဟာ မ ပြောင်းရွှေ့ မည့် သဘောမျိုး သက်ရောက်နေကြောင်း နှင့် လည်းကောင်း သားသတ်ခုံပြောင်းရွှေ့ မပေးပါ သမ္မတရုံးထိ ဆက်လက်တိုင်ကြားသွားမည် ဖြစ်ပါသည်။ အလားတူ ရပ်ကွက်နေ ပြည်သူများမှလည်း ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်သည်။

ရပ်ကွက်နေ ပြည်သူများမှ ပေးစာ
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ