Friday, August 29, 2014

ကျပ် ၂ဝ မှ ၅ဝ အတွင်း ဖုန်းခေါ်ဆိုခ လျှော့ချရန် ဝန်ကြီးဌာနသို့ MPT စာ မတင်သေး

န်းခေါ်ဆိုခ ကျပ် ၂ဝ မှ ၅ဝ အတွင်း လျှော့ချမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း MPT သည် လက်ရှိအချိန်အထိ ဦးစီးဌာနကို တရား ဝင် စာတင်ထားခြင်း မရှိသေးကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အ လက် နည်းပညာ ဝန်ကြီးဌာနမှ သိရ သည်။

”MPT အနေနဲ့ အော်ပရေတာ တစ်ခု ဖြစ်တဲ့ အတွက် သူတို့ လုပ်ဆောင် မယ့် လုပ်ငန်းတွေနဲ့ ပတ်သက် ပြီးတော့ ကျွန်တော်တို့ ဦးစီး ဌာနကို စာတင်ပြီးမှ လုပ်လို့ရ မှာပါ။ လောလောဆယ်တော့ ခေါ်ဆိုခနဲ့ ပတ်သက်ပြီး ဘာမှ လာတင် ထားတာ မရှိပါဘူး။ လျှော့ချဖို့ လုပ်တော့ လုပ်နေပါတယ်” ဟု ဆက်သွယ်ရေးညွှန် ကြားမှု ဦးစီး ဌာနမှ ဦးဆောင်ညွှန်ကြား ရေးမှူး ဦးသန်းထွန်းအောင်ကပြောသည်။
ယင်းအပြင် MPT သည် တခြား ဆက်သွယ်ရေး အော်ပရေတာ များကဲ့သို့ ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင် ရန်အတွက် လိုင်စင် ပြန်လည်လျှောက် ထား ရမည် ဖြစ်ကြောင်း၊ ယင်းလိုင်စင် ကို ပြန်လည်လျှောက် ထားခြင်းလည်း မရှိသေးကြောင်း ၄င်းက ဆက်လက် ပြောသည်။
 ’MPT ရထားတဲ့ လိုင်စင်က အရင်ဥပဒေနဲ့ ထုတ်ပေးထားတဲ့ လိုင် စင်ပါ။ အခုပေးနေတဲ့ လိုင်စင်တွေက ပြောင်းလဲလိုက်တဲ့ ဥပဒေ အသစ်နဲ့ ပေး ထားတာပါ။ ဒါ့ကြောင့် ပြန်လျှောက် ရမှာပါ” ဟု ၄င်းက ဆက်ပြောသည်။
လက်ရှိတွင်  သည် ပြည်ပ ဆက်သွယ်ရေး အော်ပရေတာ များအား ယှဉ်ပြိုင်နိုင်ရန် အတွက် ဂျပန် ကုမ္ပဏီ နှစ်ခုနှင့် ပူးပေါင်း လုပ်ဆောင်နေသော် လည်း ဖုန်းခေါ်ဆိုခကို မူ Ooredoo မြန် မာကဲ့သို့ တစ်မိနစ် ဖုန်းခေါ်ခ ၂၅ ကျပ် မသတ်မှတ်ဘဲ ယခင် အတိုင်း ၅ဝ ကျပ် ကိုသာ ကောက်ခံနေပြီး ဈေးနှုန်း ပြင် ဆင်ခြင်း မရှိသေးပေ။
 ယင်းသို့ လုပ်ဆောင်ချက်မှာ ဖုန်း သုံးစွဲသူပြည်သူ များထံမှ ရနိုင်သမျှ ရအောင် ငွေယူနေခြင်း ဖြစ်ပြီး ပြည်ပ အော်ပရေတာများ၏ မိုဘိုင်းဖုန်းဆင်း ကတ်သုံးစွဲမှု နည်းနေသည့် အတွက် ခေါ်ဆိုခ မလျှော့ခြင်းဖြစ်သည်ဟု ဖုန်းသုံးစွဲသူ များထံမှ ဝေဖန်ပြစ်တင် နေကြောင်း ယင်းအသိုင်းအဝိုင်းမှ သိရ သည်။
‘သူများ ၂၅ ကျပ်ဆို သူလည်း ၂၅ ကျပ် လုပ်ပေါ့။ နိုင်ငံခြားအော်ပ ရေတာတွေ တစ်နိုင်ငံလုံးကို သယ် ဆောင်လို့ ရရင်တော့ MPT ကို ဘယ် တော့မှ  မသုံးတော့ဘူး” ဟု ကျောက် တံတားမြို့နယ်မှ MPT ဖုန်းသုံးစွဲသူ ကိုဇော်ဇော်အောင်က ပြောသည်။
လက်ရှိတွင် MPT သည် ဖုန်းခေါ် ဆိုခ လျှော့ချခြင်းနှင့် ကျပ်တစ်ထောင့် ငါးရာတန် ဆင်းကတ်များ လိုသလောက် ဝယ်ယူခွင့်ကို ပြည်ပအော်ပရေတာများ ဖုန်းစတင် ရောင်း သည့် ကာလတွင် လုပ်ဆောင်ပေးရန် ရှိသည်ဟု ပြောဆို ထားသည်။

No comments:

Post a Comment