Thursday, September 11, 2014

Android ဖုန်းများ​ပေါ်တွင်​ စာ​ရေးသားနိုင်​​သော မြန်​မာစာလက်​​ရေးစနစ်​ Application ကိုစတင်​မိတ်​ဆက်



Android ဖုန်းများ​ပေါ်​တွင်​ စာ​ရေးသားနိုင်​​သော မြန်​မာစာလက်​​ရေးစနစ်​ Application တစ်​ခုဖြစ်​​သော ​ပေဖူးလွှာ payphoolwar.apk ကို ပြီးခဲ့သည့်​ ICT ပြပွဲ၌ Ahtar Oo Co., Ltd. မှ မိတ်​ဆက်​ပြသခဲ့ပြီး ဖုန်း​ပေါ်တွင်​မြန်​မာစာကို ကီးဘုတ်​မှတစ်​​ဆင့်​ရိုက်​နှိပ်​ဖို့ရန်​အတွက်​ ခက်​ခဲခြင်းကို အဆင်​​ပြေ​စေဖို့ အတွက် ရည်​ရွယ်​ထုတ်​လုပ်​ခြင်းဖြစ်​​ကြောင်းသိရသည်​။



"ဒီ App ကိုသုံးပြီး ဖုန်းမှာမြန်​မာစာကို လက်​နဲ့​ရေးသလိုမျိုး​ရေးသားအသုံးပြုနိုင်​မှာဖြစ်​ပါတယ်​။ အဓိကက​တော့ ဖုန်းကီးဘုတ်​က​နေ မြန်​မာစာရိုက်​ဖို့ခက်​ခဲပါတယ်​။ ဒါ့အပြင်​ မြန်​မာစာကီးဘုတ်​နဲ့ အကျွမ်းတ၀င်​မဖြစ်​တဲ့သူ​တွေအတွက်​ အလွယ်​တကူ မြန်​မာစာကိုအသုံးပြုနိုင်​ဖို့ပါ။ ဒီ App ကိုသုံးပြီးဖုန်းထဲမှာ မြန်​မာစာကို လက်​​ရေးနဲ့ ​ရေးသလိုမျိုးအသုံးပြုနိုင်​မှာပါ။ ကိုယ်​​ရေးလိုက်​တဲ့စာလုံးနဲ့ ကိုက်​ညီမှုရှိတဲ့ ပုံစံကို ဒီ App ရဲ့ correction စနစ်​က​နေခန့်​မှန်းပုံ​ဖော်​​ပေးသွားမှာပါ။ ဒီ App က ကီးဘုတ်​စနစ်​နှစ်​ခုလို့​ပြောလို့ရပါတယ်​။ App ကိုထည့်​ပြီးရင်​ language & input ​နေရာမှာ payphoohlwar ကီးဘုတ်​ကို ​ရွေးထားလိုက်​ရုံနဲ့ သုံးလို့ရမှာဖြစ်​ပါတယ်​" ဟု Ahtar Oo Co., Ltd မှ မ​မေမြတ်​ခိုင်​က​ပြောသည်​။



ယခုမိတ်​ဆက်​ခဲ့သည့်​ ​ပေဖူးလွှာ (payphoohlwar) App မှာ Beta Version အ​နေဖြင့်​ ထုတ်​လုပ်​ထားခြင်းဖြစ်​ပြီး မြန်​မာစာတစ်​မျိုးတည်းကိုသာ ​ရေးသားအသုံးပြုနိုင်​​ကြောင်းသိရသည်​။ ​နောက်​ပိုင်းတွင်​ အင်္ဂလိပ်​-မြန်​မာနှင့်​ အခြားဘာသာစကားများကိုပါ အသုံးပြုနိုင်​​အောင်​ပြုလုပ်​သွားမည်​ဖြစ်​​ကြောင်းသိရသည်​။ လက်​ရှိတွင်​ အဆိုပါ​ ပေဖူးလွှာ Application ကို အခမဲ့အ​နေဖြင့်​ ရယူသုံးစွဲနိုင်​မည်​ဖြစ်​ပြီး စမ်းသပ်​သုံးစွဲလိုသူများအ​နေဖြင့်​ Google Playstore နှင့်​www.payphoohlwar.com တို့တွင်​ရယူနိ​င်​မည်​ဖြစ်​သည်​။
                                                                                                           View Website

No comments:

Post a Comment