မီယာမီ− ဖယ်လ်ကာအိုသည် ၎င်း ပြောထားသော အသက်ထက် ၂ နှစ် ပိုကြီးသည်ဆိုသော
ကောလာ ဟလသတင်းများကို သတင်းစာ တစ်စောင်က ပြန်လည်အသက် ဝင်စေလိုက်ပြီးနောက်
၎င်း၏အ သက်အရွယ်နှင့် ပတ်သက်သော ကောလာဟလများကို မန်ယူအ သင်းက ပယ်ချလိုက်သည်။
ကိုလံဘီယာ နိုင်ငံတကာ လက်ရွေးစင် ဖယ်လ်ကာအို၏ အ သက်မှာ (၂၈)နှစ်ဟု
ဆိုသော် လည်း ၎င်းသည် ၁၉၈၄ ခုနှစ် ဖေ ဖော်ဝါရီ ၁၀ ရက်တွင် မွေးဖွား သည်ဆိုသော
စာရွက်စာတမ်းများ တွေ့ရှိထားသည်ဟု The Sunသတင်းစာက ဖော်ပြသည်။ ယင်း မှာ ၎င်း၏
မွေးနှစ်အမှန်ဖြစ်ပါက ဖယ်လ်ကာအိုသည် ယခု အသက်(၃၀)ရှိပြီဖြစ်သည်။
မိုနာကိုအသင်းမှ တစ်နှစ် သက်တမ်းရှိ အငှားစာချုပ်ဖြင့် မန်ယူသို့
ပြောင်းရွှေ့လာသည့် ဖယ်လ် ကာအိုက အလားတူပြောဆိုမှုများ ကို
အဓိပ္ပာယ်မရှိဟုဆိုကာ ပြီးခဲ့ သည့် နွေရာသီကလည်း ပယ်ချခဲ့သည်။
ကောလာဟလသတင်းများ ကို မိမိတို့ သတိပြုမိသော်လည်း ပြဿနာမရှိဟု မန်ယူအသင်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
No comments:
Post a Comment