Friday, September 12, 2014

စင်​ကာပူအလုပ်​သမားများသည်​ အာရှတွင်​စိတ်​အဆင်းရဲဆုံး​သော လူသားများဖြစ်​​နေ


ချမ်းသာ​သောစင်​ကာပူမှ အလုပ်​သမားများသည်​ အာရှတွင်​ စိတ်​အဆင်းရဲဆုံးဖြစ်​ပြီး ၎င်းတို့အနက်​ သုံးပုံနှစ်​ပုံမှာ ​နောက်​နှစ်​တွင်​ ၎င်းတို့၏အလုပ်​မှ ထွက်​ချင်​​နေကြသည်​ဟု ၀န်​ထမ်းရှာ​ဖွေ​ ခန့်​ထား​ရေး ကုမ္ပဏီ ရန်းစတက်​အုပ်​စု၏ ​ဒေသဆိုင်​ရာဆန်းစစ်​​လေ့လာချက်​က စက်တင်ဘာ 11 ရက်​တွင်​​ဖော်​ပြလိုက်​သည်​။

ကမ္ဘာ့ အဆင့်​မီ နှစ်​လိုဖွယ်​ရာများနှင့်​ ကူးသန်း​ရောင်းဝယ်​​ရေး ဗဟို၊ ဘဏ်​စနစ်​တို့ရှိရာ စင်​ကာပူကျွန်း​လေးတွင်​ မြင့်​တက်​လာ​သော လူ​နေမှုစရိတ်​၊ နိင်​ငံခြားသား အလုပ်​သမားများနှင့်​ ပြိုင်​ဆိုင်​ရမှုများ​ကြောင့်​ မကြာ​သေးမီနှစ်​များအတွင်း လူထု၏မ​ကျေနပ်​ချက်​များကို ​တွေ့ မြင်​ရ​ပေသည်​။
စင်​ကာပူနိုင်​ငံသား အလုပ်​သမား ၂၃ ရာခိုင်​နှုန်းမှာ အလုပ်​တွင်​ စိတ်​၀င်​စားဖွယ်​ လှုံ့ ​ဆော်​​ပေးမှုကို မခံစားရ​ကြောင်းနှင့်​ ၎င်းတို့၏ ကျွမ်းကျင်​မှုများကိုလည်း ထိထိ​ရောက်​​ရောက်​အသုံးချခြင်း မခံရ​ကြောင်း၊ ၆၄ ရာခိုင်​နှုန်းမှာ ​နောက်​ ၁၂ လအတွင်း အလုပ်​မှထွက်​ရန်​ ကြံစည်​ထား​ကြောင်း ရန်းစတက်​အုပ်​စု၏ ကမ္ဘာ့ အစီရင်​ခံစာက​ဖော်​ပြထားသည်​။
မ​ကျေမနပ်​ဖြစ်​ရခြင်း၏ အဓိကအ​ကြောင်းရင်းများမှာမ​လျော်​ကန်​​သော ​ကော်​ပို​ရေးရှင်း ယဥ်​​ကျေးမှု၊ ဆက်​ဆံရခက်​​သော သူ​ဌေးများနှင့်​ လစာနည်းနည်း အလုပ်​များများလုပ်​ရန်​ အခိုင်းခံရမှုတို့ဖြစ်​သည်​။
အိန္ဒိယအလုပ်​သမားများမှာ အာရှတွင်​ စိတ်​အချမ်းသာဆုံးဖြစ်​ပြီး ၇၀ ရာခိုင်​နှုန်းခန့်​က ၎င်းတို့အား စိတ်​၀င်​စား​ကြောင်း လှုံ့ ဆော်​​ပေးမှု၊ စိန်​​ခေါ်မှုနှင့်​ အကြံဥာဏ်​​ပေးမှုတို့ကို ခံစားရ​ကြောင်း၊ နယ်​သာလန်​-အ​ခြေစိုက်ကုမ္ပဏီ၏ ​ဆန်းစစ်​​လေ့လာ​ချက်​အရသိရသည်​။
ကုမ္ပဏီတွင်​ ဆက်​လက်​လုပ်​ကိုင်​ရသည့်​ အဓိကအ​ကြောင်းရင်းအဖြစ်​ ၅၀ ရာခိုင်​နှုန်း တင်ပြထားသလို အလုပ်​/ဘ၀ ဟန်​ချက်​ညီမှုအ​ပေါ် စင်​ကာပူနိုင်​ငံသားများ ပိုမိုအ​လေး​ပေးလာသည်​။ သို့​သော်​ လိုက်​​လျောညီ​ထွေရှိ​သော အလုပ်​ကို ဖန်​တီးရာတွင်​ ၎င်းတို့၏ ​ဆောင်​ရွက်​ချက်​မှာ သာမန်​မျှသာ​ဖြစ်​သည်​ (သို့) ညံ့ဖျင်းပါသည်​ဟု အလုပ်​ရှင်​ ၅၅ ရာခိုင်​နှုန်း ၀န်​ခံထားသည်​။
ထို့​ကြောင့်​ အုပ်​ချုပ်​လျက်​ရှိ​သောအစိုးရအ​နေနှင့်​လည်း ​နေထိုင်​မှုစရိတ်​များကို ထိန်းသိမ်းချုပ်​ကိုင်​ရန်​နှင့်​ နိုင်​ငံခြားသားများအတွက်​ လုပ်​သား​ဈေးကွက်​ကို တင်းကျပ်​ရန်​ကြိုးပမ်းရ​ပေမည်​။

No comments:

Post a Comment