လန်ဒန်− ရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာလိုနေကြောင်း အသင်းဖော်ဟောင်း ဒီမာရီယာက ပြောကြားလိုက်သည်။
အာဂျင်တီးနားကွင်းလယ် ကစားသမား ဒီမာရီယာ၏နေရာ တွင် အစားထိုးရန်
ရီးရဲလ်နည်းပြ အန်ဆယ်လော့တီနှင့် အသင်း ဥက္ကဋ္ဌ ဖလော်ရန်တီနိုပီးရက်ဇ်တို့ က
၎င်းတို့သဘောကျသော ရိုဒရီ ဂွက်ဇ်နှင့် တိုနီခရူးစ်တို့ကို ခေါ်ယူ
လိုက်ပြီးနောက် ဒီမာရီယာသည် ပြီးခဲ့သည့်လက စပိန်လာလီဂါမှ မန်ယူသို့
ပြောင်းရွှေ့ခဲ့သည်။
ပေါ်တူဂီဘောလုံးကြယ်ပွင့် ရော်နယ်ဒို၏ ဘာနေဗျူးကွင်း၌
ကျန်ရှိမည့်ရက်များမှာ အကန့်အ သတ်ရှိလာပြီဟု ဒီမာရီယာက ပြောသည်။
မိမိအနေဖြင့် ရီးရဲလ်မှ ထွက်ခွာလိုသည်ဟု လုံးဝမပြောကြားခဲ့ကြောင်းလည်း
ဒီမာရီယာက ပြောသည်။ ရီးရဲလ်မှ မိမိထွက်မသွားလိုကြောင်း ရော်နယ်ဒို
သိထားသဖြင့် အမြဲတမ်း ကူညီပေးခဲ့သော်လည်း အသင်းက အခြားကစားသမားများကို
ခေါ်ယူခဲ့ကာ မိမိကိုရောင်းချခဲ့၍ ကန်ဒေါ်လာ သန်း ၁၀၀ ရရှိခြင်းမှာ ရီးရဲလ်
အလွန်ကောင်းသည်ဟု ဒီမာရီယာက ပြောသည်။
No comments:
Post a Comment