၂၀၁၄ ခုနှစ်၊ ကျောက်ဆည်မြို့ ဘော်ခြယ်ဆင်ပြိုင်ပွဲတွင် အကအလှများဖြင့်ပြိုင်ပွဲဝင်နေသော ဆင်အဖွဲ့ကိုတွေ့ရစဉ်။ နှစ်စဉ်ကျင်းပမြဲဖြစ်သော ကျောက်ဆည် မြို့၏ အဓိကပွဲတော်တစ်ခု ဖြစ်သော ရိုးရာဆင်ပွဲတော်
မှာ ရပ်မိရပ်ဖများ၏ ပံ့ပိုးကူညီမှုဖြင့် ယခုနှစ်ပြိုင်ပွဲဝင် ဆင် အဖွဲ့များအတွက် ကဏ္ဍတစ်ခုချင်းစီ
အလိုက် ဆုကြေးငွေ ကျပ်နှစ်သိန်းစီ တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့ တွင် ကျင်းပမြဲဖြစ်သော ရိုးရာဆင်ပွဲတော် ပြိုင်ပွဲဝင်ဆင်အဖွဲ့
များမှာ ရိုးရာဆင် အဖွဲ့၊ ဘော်ခြယ်ဆင်အဖွဲ့နှင့် ကလေး ဆင်အဖွဲ့တို့ဖြစ်ကြသည်။
ရိုးရာဆင်ပြိုင်ပွဲအတွက် ပထမဆု ကျပ်ရှစ်သိန်း၊ ဒုတိယဆု ကျပ် ခြောက် သိန်း၊ တတိယဆု
ကျပ်လေးသိန်း၊ ဘော် ခြယ်ဆင်ပြိုင်ပွဲအတွက် ပထမဆု ကျပ် ခုနစ်သိန်း၊ ဒုတိယဆု ကျပ်ငါးသိန်း၊
တတိ ယဆု ကျပ်သုံးသိန်းနှင့် ကလေးဆင် ပြိုင်ပွဲ ပထမဆု ကျပ်ငါးသိန်း၊ ဒုတိယဆု သုံးသိန်းနှင့်
တတိယဆု ကျပ်တစ်သိန်း တို့ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ် ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီ
ထံမှ သိရသည်။
"ဒီနှစ်ကတော့ ပြိုင်ပွဲဝင်တွေအတွက် လည်း ကြိုတင်ပြင်ဆင်မှုတွေကို ကာမိ အောင်လို့ ဆုကြေး
တွေ တိုးမြှင့်ပေးထား ပါတယ်။ အမြင့်ဆုံးဆုကြေးတွေပါပဲ"ဟု အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ
တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
တစ်နှစ်ထက်တစ်နှစ် ဆုကြေးများ တိုးမြှင့်ပေးအပ်နေသလို ပြိုင်ပွဲဝင် ဆင် အဖွဲ့အရေအတွက်မှာ
လည်း တိုးမြင့်လာ နေကြောင်းသိရသည်။ ပြိုင်ပွဲဝင်ဆင်များအတွက် ဆုကြေး များအပြင် သက်
တမ်း ၃၅ နှစ်အထက် ရှိသော သက်ကြီးဆင်များကိုလည်း ဆု ကြေးငွေများပေးအပ်ပြီး ပြိုင်ပွဲဝင်
ဆင် မဟုတ်သော်လည်း မြို့မဈေးသုံးပတ် ပတ်ပြီး အကအလှပြဆင်အဖွဲ့များကို လည်း ဂုဏ်ပြု
ဆုများချီးမြှင့်ပေးကြောင်း သိရသည်။
"တစ်နှစ်ပြီးတစ်နှစ် ဆုကြေးတွေကို တိုးပြီးချီးမြှင့်ပေးတဲ့အတွက် ပြိုင်ပွဲဝင် ဆင်အဖွဲ့တွေအနေနဲ့
ကုန်ကျစရိတ် ကာ မိတာပေါ့။ ပြိုင်ပွဲအတွက် ရက် ၂၀ လောက်ကတည်းက ကြိုတင်ပြင်ဆင်ရ
တာ။ အဖွဲ့ဝင်အင်အားကလည်း လေး ဆယ်လောက်ရှိတယ်။ အရင်နှစ်တွေ တုန်းကဆိုရင် ပြိုင်ပွဲ
ရတဲ့ဆုနဲ့ကုန်ကျ စရိတ်မကာမိပေမယ့် အခုလိုအချိန် ရောက်ရင် ဆင်ကမကဘဲနဲ့မနေနိုင်ဘူး။ပြိုင်
ပွဲဝင်ချင်တဲ့စိတ်က ကြွလာတယ်"ဟု ပြိုင်ပွဲသက်တမ်း နှစ်နှစ်ဆယ်ကျော်ရှိပြီ ဖြစ်သည့် ပိတောက်
မြိုင် ဆင်အဖွဲ့မှ ခေါင်းဆောင်တစ်ဦးက ပြောသည်။
ပုဂံခေတ် အနော်ရထာမင်းလက် ထက်မှစ၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော ကျောက်ဆည်မြို့ ရွှေသာ
လျောင်းဆင် ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြသည့်ဆင် အဖွဲ့များ၏ ကုန်ကျစရိတ်များပြားသော်
လည်း နှစ်စဉ်ပြိုင်ပွဲဝင်အရေအတွက်နှင့် ပွဲတော်လာဧည့်ပရိသတ်မှာ ပြည်တွင်း သာမက ကမ္ဘာ
လှည့်ခရီးသွားဧည့်သည် များပါ လာရောက်လေ့လာကြည့်ရှုကြ သောပွဲတော်တစ်ခုအဆင့်ကို
ရောက်ရှိ နေပြှီဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment