Wednesday, October 8, 2014

ကျောက်ဆည်မြို့ ဆင်အကအလှပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ


ကျောက်ဆည်မြို့ နှစ်စဉ် သီတင်းကျွတ် လဆန်း၁၄ရက်နေ့နဲ့ ၁၅ရက်နေ့တွေမှာ ဆင် ကပွဲ၊ ဆင်ပြိုင်ပွဲတွေ ကျင်းပလေ့ရှိပြီး အခုနှစ် မှာလည်း  ကျောက်ဆည်မြို့   ရွှေသာလျောင်း တောင်ခြေမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားကို မနက် ၈ နာရီမှာ စတင်ခဲ့ပြီး မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားကို စတင်ခဲ့ပါတယ်။ အဲဒီနောက် ဝန်ကြီးချုပ်နဲ့ အဖွဲ့ကိုဇော်ဂျီမောင် (ဘော်ကြယ်)ဆင် အဖွဲ့က စားပွဲဝိုင်းအက၊ ဆုံလည်ကလပ်၊ ကုန်းပေါင်ပေါ်တွင် ဘောလုံး ကစားခြင်းအကတို့နဲ့ ဧည့်ခံ ဖျော်ဖြေ ခဲ့ပါတယ်။  ဆင်အကအလှပြိုင်ပွဲကို မနက် ၁ဝနာရီဝန်းကျင်မှာ စတင်ကျင်းပ ခဲ့ပြီး ဒိုင်အဖွဲ့သုံးဖွဲ့ သုံးနေရာခွဲကာ ဆင် အုပ်စုတစ်ကို ဒိုင်သုံးဖွဲ့စလုံးမှာ လှည့်ပတ် ယှဉ်ပြိုင်စေပြီး ရမှတ် အားလုံးပေါင်းကာ ရိုးရာဆင်အက ပထမဆု ၆သိန်းကျပ်၊ ဒုတိယဆု ၅သိန်းကျပ်၊ တတိယဆု၎သိန်းကျပ်၊ ဘော်ကြယ်ဆင် ပထမဆု ငါးသိန်း ကျပ်၊ ဒုတိယဆု လေးသိန်းကျပ်၊ တတိယ ဆု ၃သိန်းကျပ်နဲ့ ကလေးဆင် ပထမဆု သုံးသိန်းကျပ်၊ ဒုတိယဆု နှစ် သိန်းကျပ်၊ တတိယဆု တစ်သိန်းကျပ် တို့ကို ချီးမြှင့်ခဲ့ပါတယ်။ ကျောက်ဆည် ဆင်ပွဲတော်ကို   ရွှေသာ   လျောင်းဂေါပက အဖွဲ့နဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးတို့က ကြီးမှူးကျင်းပပြီး အခုနှစ်အတွက် ကုန် ကျစရိတ်ကျပ်သိန်း ၁၅ဝကျော်ကုန်ကျဖို့ လျာ ထားပြီး ပြိုင်ပွဲဝင် ဆင်ကောင်ရေ ၂၂စီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့တယ်လို့ ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီဦးအောင်သန်းကပြောပါတယ်။
မနှစ်ကနဲ့ ဒီနှစ်ကွာပါတယ်။ ဒီနှစ်မှာ ဆင်အစီးရေလည်း တိုးလာတယ်။ ရွာတိုင်းကို မဝင်မနေရဆိုပြီး အနော်ရထာမင်းရဲ့အမိန့် မှာခဲ့တဲ့အတိုင်း ခရိုင်အုပ်ချုပ်ရေးမှူး ကနေ တစ်ဆင့် စာပို့ထားပါတယ်။ ဒါ့ကြောင့် ဒီနှစ်မှာ မနှစ်ကထက် ပို စည်ကားပါတယ်။ မနှစ် ကဆင်အစီးရေ သုံးဆယ်လောက်ပဲ ရှိတယ်။ဒီနှစ်၆၈စီးဆင်ပြိုင်ပွဲကို တက်ရောက် ခဲ့ပါတယ်လို့ ဦးအောင်သန်းက ပြောပါတယ်။ ဆင်တစ်ကောင်ချိုးရင် ကလေးဆင်တစ် ကောင်ကို ခုနှစ်သောင်း ခန့်ကုန်ကျပြီး ရိုးရာ ဆင်တစ်ကောင်ကို ကျပ် ၁သိန်းခွဲမှ နှစ် သိန်းခန့်ကုန်ကျကာ၊ ဘော်ကြယ်ဆင်တစ်ကောင် ကို ကျပ်၁ဝသိန်း နီးပါးကုန်ကျပြီးအလှဆင်ရင် ဆင်သလောက် ကုန်ကျနိုင်ကြောင်း သိရပါတယ်။ ဆင်ပြိုင်ပွဲကို လဆန်း ၁၄ရက်နေ့မှာ ကျင်းပခဲ့ပြီး  ၁၅ရက် လပြည့်နေ့မှာ ဆွမ်း တော်ပွဲများ ဆီမီး ဖယောင်းတိုင်တွေ၊ ရွှေသင်္ကန်းတွေ၊ ရွှေဆင်ရုပ်၊ ငွေဆင်ရုပ်တွေ၊   ရွှေသာ လျောင်းတောင် ထိပ်ကိုအတီးအမှုတ် အကအခုန်တွေနဲ့ ပျော်ပျော်ပါးပါး တက်ရောက်ပြီး ဘုရားကို လက်ယာရစ်သုံး ပတ်ပတ်ကာ ဆွမ်းတော် ပွဲများနဲ့ ဆင်ရုပ်တွေ ကို ရေစက်ချလှူ ဒါန်းကြပါတယ်။
အခုနှစ် ဆင်ပြိုင်ပွဲမှာ ဘော်ကြယ်ဆင် ပထမဆုကို ရွှေမြန်မာဆင်အဖွဲ့၊ ဒုတိယဆုကို ဧရာမိုး၊ တတိယဆုကို ရွှေဧရာ၊ ရိုးရာဆင် ပထမဆုကို မျိုးဆက်သစ်အဖွဲ့၊ ဒုတိယဆုကို မြင်စိုင်း ဇာနည်ဆင်အဖွဲ့၊ တတိယဆုကို ပိ တောက်မြိုင်ဆင်အဖွဲ့တို့က ရရှိခဲ့ပြီး ကလေး ဆင်ပထမဆုကို ဒို့ညီနောင်ဆင်အဖွဲ့၊ ဒုတိယ ဆုကို လှယဉ်ကျေး၊ တတိယဆုကို ဇာနည်  မောင်ဆင်အဖွဲ့တို့က  အသီးသီးရရှိခဲ့ကြပါ တယ်။

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment