ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး လယ်သမား ၅၆ ယောက်ကို ထောင်ဒဏ် ၃ လကနေ ၂ နှစ်အထိ ချမှတ်ခဲ့တာ ဖြစ်ပြီး အဲဒီထဲက ၈ ဦးကို ကန့်ဘလူတရားရုံးမှာ ပိုင်နက်ကျူးလွန်မှုနဲ့ တရားထပ်စွဲလိုက်တာလို့ ဒေသခံ ကိုတင်မျိုးက ပြောပါတယ်။
“အဲဒီအထဲက ကိုကျောက်ခဲဆိုရင် ၁၂ မှုစွဲခံထားရတယ်။ အမှု ၇ ခုက စစ်ဆေးဆဲဖြစ်ပြီး လက်ရှိမှာ အမှု ၃ ခုအတွက် ထောင်ကျနေတာပါ။ သူက ဒီနေ့ အမှု နှစ်ခုထပ်စွဲခံရတယ်။”
တပ်သိမ်းမြေတွေ ပြန်ရဖို့အတွက် လယ်သမားတွေဟာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီနောက် စစ်တပ်ကနေ သီးစားချထားသူတွေက တရားစွဲဆိုခဲ့လို့ ခအုန်းတာ၊ ပေကြီး၊ ငှက်ပျောတိုင်း စတဲ့ရွာတွေက တောင်သူ ၂၀၀ ကျော် တရားရင်ဆိုင်ခဲ့ရတာပါ။
ကန့်ဘလူမြို့နယ်ထဲမှာ ဒေသခံတောင်သူတွေရဲ့မြေဧက ၁ သောင်းကျော်ကို ၁၉၉၁ ခုနှစ်တုန်းက ထောက်ပို့တပ်က ကြံစိုက်ဖို့ သိမ်းယူခဲ့ပြီး လက်ရှိမှာ တပ်မ ၃၃၊ ခမရတပ် ၁၆ နဲ့ ၁၃ တပ်တွေက သီးစားတွေကို ထပ်အငှားချထားတာ ဖြစ်ပါတယ်။
![]() |
| ကန့်ဘလူ လယ်သမားများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲစဉ်က |

No comments:
Post a Comment