Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 29, 2014

ကန့်ဘလူ ထောင်ကျ လယ်သမားအချို့ တရားထပ်စွဲခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းက တပ်သိမ်းလယ်တွေမှာ ထွန်တုံးတိုက်ပွဲလုပ်ခဲ့လို့ တရားစွဲဆို ထောင်ဒဏ်ချမှတ်ခံရတဲ့ လယ်သမားတွေထဲက ထောင်ကျ လယ်သမား ၈ ဦးကို အမှုသစ်တွေနဲ့ ဒီနေ့ ထပ်စွဲလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး လယ်သမား ၅၆ ယောက်ကို ထောင်ဒဏ် ၃ လကနေ ၂ နှစ်အထိ ချမှတ်ခဲ့တာ ဖြစ်ပြီး အဲဒီထဲက ၈ ဦးကို ကန့်ဘလူတရားရုံးမှာ ပိုင်နက်ကျူးလွန်မှုနဲ့ တရားထပ်စွဲလိုက်တာလို့ ဒေသခံ ကိုတင်မျိုးက ပြောပါတယ်။

“အဲဒီအထဲက ကိုကျောက်ခဲဆိုရင် ၁၂ မှုစွဲခံထားရတယ်။ အမှု ၇ ခုက စစ်ဆေးဆဲဖြစ်ပြီး လက်ရှိမှာ အမှု ၃ ခုအတွက် ထောင်ကျနေတာပါ။ သူက ဒီနေ့ အမှု နှစ်ခုထပ်စွဲခံရတယ်။”

တပ်သိမ်းမြေတွေ ပြန်ရဖို့အတွက် လယ်သမားတွေဟာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနောက် စစ်တပ်ကနေ သီးစားချထားသူတွေက တရားစွဲဆိုခဲ့လို့ ခအုန်းတာ၊ ပေကြီး၊ ငှက်ပျောတိုင်း စတဲ့ရွာတွေက တောင်သူ ၂၀၀ ကျော် တရားရင်ဆိုင်ခဲ့ရတာပါ။

ကန့်ဘလူမြို့နယ်ထဲမှာ  ဒေသခံတောင်သူတွေရဲ့မြေဧက ၁ သောင်းကျော်ကို  ၁၉၉၁ ခုနှစ်တုန်းက ထောက်ပို့တပ်က ကြံစိုက်ဖို့ သိမ်းယူခဲ့ပြီး လက်ရှိမှာ  တပ်မ ၃၃၊ ခမရတပ် ၁၆ နဲ့ ၁၃ တပ်တွေက သီးစားတွေကို ထပ်အငှားချထားတာ ဖြစ်ပါတယ်။


ကန့်ဘလူ လယ်သမားများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲစဉ်က


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ