ဒီရုပ်သံသတင်းနဲ့ ပတ်သက်ပြီး မြန်မာလူငယ်နှစ်ယောက်အရေး လိုက်ပါဆောင်ရွက်ပေးနေ တဲ့ ရှေနေဦးအောင်မျိုးသန်းကို မေးကြည့်တော့ သူတို့အဖွဲ့နဲ့ တွေ့တုန်းကတည်းက ရင်ဘတ်နာနေတယ်လို့ ပြောခဲ့တယ်။ ဖမ်းဆီးပြီး စစ်ဆေးတုန်းက ထိုင်းရဲက ရင်ဘတ်ကို ကန်ခဲ့တာကြောင့်လို့ ပြောတဲ့အကြောင်း ဦးအောင်မျိုးသန်းက ပြောပါတယ်။
အခုအခါ မြန်မာလူငယ်နှစ်ယောက်ရဲ့ လုံခြုံရေးအရ မိဘဖြစ်သူတွေကလွဲပြီး ကျန်သူတွေနဲ့ အတွေ့မခံတော့ဘူးလို့လည်း သိရပါတယ်။
မြန်မာလူငယ်နှစ်ယောက်အရေးနဲ့ ပတ်သက်လို့ ဖွဲ့ထားတဲ့ မြန်မာပြည်ကရောက်လာမယ့် ပြည်ထောင်စုအဖွဲနဲ့ တွေ့ဆုံဆွေးနွေးကြဖို့ သူတို့အဖွဲ့ပြင်ဆင်နေကြပြီလို့လည်း ဦးအောင်မျိုးသန်းက ပြောပါတယ်။
ရှေ့နေ ဦးအောင်မျိုးသန်းကို ဒီဗွီဘီဝိုင်းတော်သား ဦးရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

No comments:
Post a Comment