Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 13, 2014

မြန်မာလူငယ်၂ ဦးကို ထိုင်းရဲ ထပ်မံစစ်ဆေး၊ ရင်ဘတ်နာနေဟု ပြော

ထိုင်းနိုင်ငံ ခိုတောင်ကျွန်းခေါ် လိပ်ကျွန်း လူသတ်မှုနဲ့ စွပ်စွဲ ဖမ်းဆီး ခံထားရတဲ့ မြန်မာ လူငယ် နှစ်ယောက် ကို အောက်တိုဘာ ၁၂ ရက်မှာ ထိုင်းရဲက အကျဉ်းထောင် အတွင်း သွားရောက် စစ်ဆေးခဲ့ပြီး သူတို့ နှစ်ယောက် စလုံးက ရင်ဘတ်နာနေတယ်လို့ ပြောခဲ့ကြောင်း ထိုင်းရုပ်သံလွှင့် ဌာနတခုက ထုတ်လွှင့် သွားခဲ့ပါတယ်။

ဒီရုပ်သံသတင်းနဲ့ ပတ်သက်ပြီး မြန်မာလူငယ်နှစ်ယောက်အရေး လိုက်ပါဆောင်ရွက်ပေးနေ တဲ့ ရှေနေဦးအောင်မျိုးသန်းကို မေးကြည့်တော့ သူတို့အဖွဲ့နဲ့ တွေ့တုန်းကတည်းက ရင်ဘတ်နာနေတယ်လို့ ပြောခဲ့တယ်။ ဖမ်းဆီးပြီး စစ်ဆေးတုန်းက ထိုင်းရဲက ရင်ဘတ်ကို ကန်ခဲ့တာကြောင့်လို့ ပြောတဲ့အကြောင်း ဦးအောင်မျိုးသန်းက ပြောပါတယ်။

အခုအခါ မြန်မာလူငယ်နှစ်ယောက်ရဲ့ လုံခြုံရေးအရ မိဘဖြစ်သူတွေကလွဲပြီး ကျန်သူတွေနဲ့ အတွေ့မခံတော့ဘူးလို့လည်း သိရပါတယ်။

မြန်မာလူငယ်နှစ်ယောက်အရေးနဲ့ ပတ်သက်လို့ ဖွဲ့ထားတဲ့ မြန်မာပြည်ကရောက်လာမယ့် ပြည်ထောင်စုအဖွဲနဲ့ တွေ့ဆုံဆွေးနွေးကြဖို့ သူတို့အဖွဲ့ပြင်ဆင်နေကြပြီလို့လည်း ဦးအောင်မျိုးသန်းက ပြောပါတယ်။

ရှေ့နေ ဦးအောင်မျိုးသန်းကို ဒီဗွီဘီဝိုင်းတော်သား ဦးရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ