သိပ်မပူပင်ပါနဲ့။
မွေးမွေးချင်း ကလေးကို ရေချိုးလဲရတယ်။ ရာသီဥတုနဲ့ နေရာထိုင်ခင်းအရ နောက်မှချိုးလဲရတယ်။ ချက်ကြိုးကို Cipladine/Betadine cream ဆေးလိမ်းပေးပါ။ ချက်နေရာကို ခြောက်နေအောင်ထားရင် ကြွေတာမြန်မယ်။
မွေးကတည်းက ကလေးကိုနို့တိုက်ပါ။ ကနဦးရည်ကြည်ကို ညှစ်မပြစ်ပါနဲ့။
မွေးကတည်းက ကာကွယ်ဆေး ထိုး-တိုက်ပါ။ BCG, Hepatitis B, OPV, Eye drop
နောက်မှာလဲ ဇယားအတိုင်းထိုး-တိုက်ပါ။
ကလေးကို ရေတိုက်သင့်တယ်။ တချို့က ၆ လအထိမတိုက်ဘူး။ ကိုယ်ပူရင်၊ ရာသီဥတုပူရင်၊ အသားဝါ မြန်မြန်ပျောက်အောင် ရေတိုက်သင့်တယ်။ မိခင်တခါသောက်ရင် ကလေးကို တခါတိုက်ပါ။
Diaper ကို သုံးနိုင်ပါတယ်။ သတိထားရမှာက မလောင်စေဘို့ဘဲ။ အချိန်နဲ့ လဲပေးရမယ်။
အလားတူ ကလေးပေါင်ဒါသုံးရင် ကလေးနဲ့ မတည့်တာမျိုး ရှိတယ်။ ပြောင်းသုံးနိုင်တယ်။
ကလေးငယ်တုံးမှာ ဆေးမတိုက်လေ ကောင်းလေဘဲ။
ပိုးသေဆေးတိုက်ရင် ဆရာဝန်ညွှန်မှသာ တိုက်ပါ။ ပါရာစီတမောအရည်ကို တိုက်စရာလိုရင် ကိုယ်အလေးချိန်နဲ့ ချိန်ဆရမယ်။




































No comments:
Post a Comment