တရုတ်နိုင်ငံမြောက်ပိုင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ Inner Mongolia ဒေသမှာ အမျိုးသမီး ၁၄ ယောက် ထိန်းသိမ်းခံခဲ့ရပြီး အဲဒီ ၁၄ ယောက်ထဲက ၁၁ ယောက်ဟာ မြန်မာ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။
၅ ယောက်ကတော့ အသက် ၁၈ နှစ်အောက် မိန်းကလေးတွေဖြစ်ကြပြီး အဲဒီ အမျိုးသမီးတွေကို မြန်မာရဲတွေရဲ့ လက်ထဲ ပြန်အပ်လိုက်ပြီလို့ တရုတ်အာဏာပိုင်တွေက မနေ့က ပြောပါတယ်။
အဲဒီအမျိုးသမီးတွေဟာ အလုပ်တွေပေးမယ်၊ ခေါ်လျှောက်လည်မယ်လို့ လိမ်ညာခံရပြီး နောက်ပိုင်းမှာ တရုတ်နိုင်ငံက ရွာသားတွေဆီ ရောင်းစားခံရတာ ဖြစ်ပါတယ်။
တချို့အမျိုးသမီးတွေဆိုရင် တရုတ်ငွေ ၅၀၀၀၀ ဒါမှမဟုတ် မြန်မာကျပ်ငွေ ရှစ်သန်းလောက်နဲ့ ရောင်းစားခံရတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက မိခင်ဟာ သမီးမိန်းကလေးကို မလိုလားပဲ ကိုယ်ဝန် ဖျက်ချလေ့ရှိသလို တစ်အိမ်ထောင်မှာ ကလေးတစ်ယောက်သာ ယူရမယ့် ပေါ်လစီကြောင့် မိန်းမတွေ ရှားပါးနေတာ ဖြစ်ပါတယ်။
ကျား၊ မ အချိုးအစား မညီမျှတဲ့အတွက် ကျေးလက်ဒေသက တရုတ်အမျိုးသားတွေက အိမ်နီးချင်းက ဆင်းရဲတဲ့ နိုင်ငံက အမျိုးသမီးတွေကို ရယူနေကြတာ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
နိုင်ငံခြားက အမျိုးသမီးတွေကို တရုတ်နိုင်ငံခေါ်လာပြီး တရုတ်အမျိုးသားတွေနဲ့ ပေးတွေ့တဲ့ လုပ်ငန်းကနေ လူကုန်ကူးမှု ဖြစ်ပေါ်တဲ့အတွက် အဲဒီ လုပ်ငန်းကို စက်တင်ဘာလတုန်းကပဲ တရုတ်အစိုးရက ပိတ်ချလိုက်ပါတယ်။
No comments:
Post a Comment