Saturday, December 13, 2014

ကာဘူးလ်မှာ ရှိတဲ့ ပြင်သစ်ကျောင်း တိုက်ခိုက်ခံရ


အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကာဘူးလ်မှာ ရှိတဲ့ ပြင်သစ်တွေ ဖွင့်လှစ်ထားတဲ့ ကျောင်းမှာ ပြဇာတ် ကပြ နေကြစဉ် အသေခံ ဗုံးခွဲ တိုက်ခိုက်တာ ခံခဲ့ရပါတယ်။
လွတ်လပ်မှုနဲ့ ဒီမိုကရေစီ အကြောင်း တင်ဆက်နေတဲ့ ပြဇာတ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အသေခံ ဗုံးခွဲခဲ့သူဟာ ဆယ်ကျော်သက် တစ်ဦးလို့ သိရပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နှင့် ဒေသခံကြား မြေယာပိုင်ဆိုင်မှု မစစ်ဆေးနိုင်သေး


ပြီးခဲ့တဲ့ ဇူလိုင်လက ဆန္ဒပြခဲ့ကြစဉ် (ဓာတ်ပုံ - Kotoe Taunggyi)  

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်က ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်နဲ့ ဒေသခံ တောင်သူတွေကြား မြေယာပိုင်ဆိုင်မှု အငြင်းပွား ပြဿ နာကို ပြီးခဲ့တဲ့ ၁ နှစ်ကျော်က လက်ခံရရှိ ထားပေမယ့် ဒီကနေ့ထိ သွားရောက်စစ်ဆေး ပေးနိုင်ခြင်း မရှိဘူးလို့  မြေသိမ်းမှု စုံစမ်းရေး အဖွဲ့က ပြောပါတယ်။

ဟောင်ကောင်ဆန္ဒပြပွဲ ရဲအင်အား ၇ ထောင်ကျော်ဖြင့် ရှင်းလင်း



နောက်ဆုံး လက်ကျန် ဟောင်ကောင် ဆန္ဒပြပွဲတွေကို ဒီဇင်ဘာ ၁၁ ရက်နေ့ မနက်က ဟောင်ကောင် အာဏာပိုင်တွေ စတင် ၀င်ရောက်ရှင်းလင်း ခဲ့ကြပါတယ်။

ရဲတွေရဲ့ အနီးကပ် စောင့်ကြည့်မှုနဲ့ ရှင်းလင်းရေး အလုပ်သမားတွေက အမာရာတီ နယ်မြေက Admiralty ဆန္ဒပြစခန်းကို ၂ နေရာကနေ ၀င်ရောက်ရှင်းလင်း ခဲ့ကြတာပါ။

ဝင်ရောက် ရှင်းလင်းတော့မယ့်အချိန်မှာ ဆန္ဒပြကျောင်းသားတွေကို ဖယ်ရှားပေးဖို့ သတိပေးချက်ဖတ်ကြားခဲ့ပါတယ်။ အစပိုင်း အခုအခံ နည်းနည်းရှိခဲ့တာကလွဲလို့ ထိပ်တိုက်တွေ့မှုတွေ သိပ်မရှိခဲ့ပေ။

ကိုယ်ကျိုးစီးပွားအတွက် စည်းကမ်းမဲ့ ပြုလုပ်ကြခြင်းကြောင့် သစ်တောများ ပျက်စီးရခြင်းဖြစ်



ရန်ကုန်၊ ဒီဇင်ဘာ ၆

နိုင်ငံ၏ အခြေအနေပေါ် မူတည်၍ ဥပဒေ စိုးမိုးမှုကို မျက်ကွယ်ပြုကာ ကိုယ်ကျိုးစီးပွားအတွက် စည်းကမ်း မဲ့ ပြုလုပ်ကြခြင်းများကြောင့် သစ်တောများ ပျက်စီးသွား ရခြင်း ဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက်နေ့က ရန်ကုန်မြို့ (UMFCCI) ခန်းမတွင် ပြုလုပ်သည့် ““လူနှင့်ပတ်ဝန်း ကျင်”” ဟောပြောပွဲတွင် ပါဝင်သည့် သစ်တော ပညာရှင် ဦးသန်းထွန်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

သစ်ခိုးထုတ်မှုအမြင့်ဆုံး နိုင်ငံစာရင်းတွင် မြန်မာ အဆင့် ၅ ရောက်



ရန်ကုန်၊ ဒီဇင်ဘာ ၁၀

သစ်ခိုးထုတ်မှုအမြင့်ဆုံး နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ အဆင့် ၅သို့ ရောက်ရှိနေကြောင်း မြန်မာအစိမ်းရောင် ကွန်ရက်က ပြုလုပ်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုတွင် မိုးလေ၀သ နှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုများ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်း မှုနှင့် သစ်ခိုးထုတ်မှုများ၏ အဆက်အစပ် ကို ဦးထွန်းလွင်က ပြောကြား ခဲ့ခြင်းဖြစ်သည်။

ထားဝယ် ရန်ကုန် ကားလမ်း ဓါးပြတိုက်မှုဖြစ်


ဓါးပြတိုက်မှု အတွင်း ပစ်ခတ်မှုကြောင့် KNLA တပ်သား နှစ်ယောက်သေဆုံး

ထားဝယ် ကနေ ရန်ကုန်ကို လာတဲ့ အောင်ရတနာ ခရီးသည်တင် ကားတစ်စီးဟာ ဒီဇင်ဘာလ ၁၀ ရက် ဗုဒ္ဓဟူး ညနေ ၆ နာရီခွဲ လောက်မှာ ဓားပြတိုက် ခံခဲ့ရပါတယ်။

ထားဝယ်ခရိုင် ရေဖြူမြို့နယ် မလွှဲတောင်လမ်းပိုင်းမှာ ဓါးပြတိုက်ခဲ့တာ ဖြစ်ပြီး ခရီး သည်တွေရဲ့ ငွေတွေ အပါအဝင် ရွှေထည်၊ လက်ဝတ်လက်စားတွေနဲ့ လက်ကိုင်ဖုန်း စတဲ့ ပစ္စည်း စုစုပေါင်း ကျပ်ငွေ ၂၇ သိန်းကျော်ဖိုးပါသွားခဲ့ပါတယ်။

Friday, December 12, 2014

မိကျောင်းကန်လူထု ထပ်မံဆန္ဒပြ



ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံနံဘေး မှာ ၉ လနီးပါး ဖွင့်ထားခဲ့တဲ့ မိကျောင်းကန် သပိတ်စခန်းက ဆန္ဒပြသူ ၁၀၀ ကျော်ဟာ ဆူးလေဘုရားနဲ့ မြို့တော်ခန်း မရှေ့မှာ ဒီကနေ့ လမ်းလျှောက် လှည့်လည်ပြီး ဆန္ဒပြခဲ့ ကြပါတယ်။

အစိုးရက တစ်ပတ်အတွင်း သူတို့ နဲ့တွေ့ဆုံ ဆွေးနွေးပေး ဖို့ တောင်းဆို ခဲ့တာကို လာရောက်ညှိနှိုင်းခြင်း မရှိတဲ့အ တွက် အခုလို ဆန္ဒပြကြတာ ဖြစ်တယ်လို့ သပိတ်တိုက်ပွဲ ဝင်နေသူ တစ်ဦး ဖြစ်တဲ့ ဦးခင်မောင်မြင့် က ပြောပါတယ်။

Tuesday, December 2, 2014

အမေရိကန်တပ် ပြည်တွင်းမှာ အကြမ်းဖက် တိုက်ခိုက်ခံရဖွယ်ရှိ

2 December 2014 09:48(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)
အစ္စလာမစ် စစ်သွေးကြွတွေဟာ အမေရိကန် စစ်သားတွေကို အမေရိကန် ပြည်ထောင်စု အတွင်းမှာ တိုက်ခိုက်နိုင်ဖွယ်ရှိတယ်လို့ FBI အဖွဲ့နဲ့ အမိမြေ လုံခြုံရေး ဌာနတို့က သတိပေးထားပါတယ်။

လုံခြုံရေးဆိုင်ရာ ဌာနတွေကို ပေးပို့တဲ့ ပူးတွဲထောက်လှမ်းရေး သတင်းထုတ်ပြန်ချက်ကို ABC သတင်းဌာနက လက်ခံရရှိထားကြောင်း ABC သတင်းဌာနက တနင်္ဂနွေနေ့ ကြေညာပါတယ်။

တောင်ကိုရီးယား ငါးဖမ်းသင်္ဘောနစ်မြုပ် လူ ၅၀ ကျော် ပျောက်ဆုံး

2 December 2014 09:48(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)
သဘောင်္အမှုထမ်း (၆၀) လိုက်ပါလာတဲ့ တောင်ကိုရီးယား ငါးဖမ်း သင်္ဘောဟာ ရုရှားအရှေ့ဖက် ကမ်းလွန် Bering ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့ပြီး လူတဦး သေဆုံး (၅၂) ဦး ပျောက်ဆုံးဆဲ ဖြစ်ပါတယ်။ အဲဒီပင်လယ်ပြင်တ၀ိုက်မှာ တခြား သင်္ဘောတွေက ရှာဖွေရေး လုပ်ငန်းတွေ လုပ်ဆောင်နေပေမယ့် လေပြင်းပြီး လှိုင်းကြီးတဲ့ဆိုးရွားလှတဲ့ ရာသီဥတုကြောင့် ကယ်ဆယ်ရေး လုပ်ငန်း ကြန့်ကြာ ခဲ့ရပါတယ်။

သမ္မတ အိုဘားမားရဲ့ ရဲတပ်ဖွဲ့ ပြုပြင်ရေး အစီအစဉ်

2 December 2014 09:48(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)
အမေရိကန် သမ္မတ အိုဘားမား က ဖါဂူဆန် မှာ ဖြစ်ပွားတဲ့ အဓိကရုန်းတွေ ကြောင့် အမေရိကန် ရဲတပ်ဖွဲ့ဝင်တွေ ကို သင်တန်း အသစ်တွေ ထပ်မံပေးရေး နဲ့ သူတို့ရဲ့ ယူနီဖေါင်းတွေ ပေါ်မှာ သေးငယ်တဲ့ ကင်မရာ တွေ တပ်ဆင်ပေးရေး အပါအဝင် စီမံကိန်းတွေ အတွက် ကွန်ဂရက် လွှတ်တော် ကနေ ဒေါ်လာငွေ ၂၆၃ သန်း ချပေးဖို့ တောင်းခံလိုက်ပါတယ်။

သမ္မတ အိုဘားမား တောင်းဆိုတဲ့ ငွေကြေး ဟာ ၃ နှစ်အတွင်း သုံးစွဲဖို့ ဖြစ်ပြီး ကင်းလှည့်ရာမှာ ယူနီဖေါင်းပေါ် မှာ တပ်ဆင် လို့ ရတဲ့ ကင်မရာပေါင်း ၅ သောင်း စရိတ် အပါအဝင် ဖြစ်ပါတယ်။ ဒီကင်မရာ ဟာ ရဲ နဲ့ ပြည်သူ အကြား ရင်ဆိုင် ပြဿနာ ဖြစ်တဲ့ အခါမှာ ဘယ်သူ့ကြောင့်လည်း ဆိုတာကို သက်သေပြနိုင်အောင် တပ်ဆင်စေမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ရုံနဲ့ ပြဿနာ ပြေလည်ဖို့ ရှိပါသလား။

နော်ဝေ ဘုရင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ

2 December 2014 09:48(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)
နော်ဝေဘုရင် ဟာရာယ်နဲ့ မိဖုရား ဆွန်ယာတို့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မနေ့က နြေ့ပည်တော်မှာရှိတဲ့ ပတ်ခ် ဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနေ့ တရက်တည်းမှာပဲ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနဲ့လည်း နေပြည်တော်က လွှတ်တော် အဆောက်အဦ ဧည့်ခန်းမမှာ တွေ့ဆုံခဲ့ပါတယ်။

နော်ဝေ ဘုရင်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ ဆက်လက် ကူညီသွားမှာ ဖြစ်သလို၊ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပနိုင်ရေးဟာ ကြီးလေးတဲ့ တာဝန်ဖြစ်ပြီး ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို တိုးတက်ကောင်းမွန်လိမ့်မယ်လို့ ပြောဆိုကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

HIV ပိုး ကူးစက်နိုင်စွမ်း ကျဆင်း

2 December 2014 09:47(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)
HIV ဗိုင်းရပ်စ် ရောဂါပိုးဟာ ကြာလာတာနဲ့ အမျှ ကူးစက် နိုင်စွမ်း ပိုကျဆင်း လာပြီး အသေ အပျောက်နှုန်း လည်း ပိုနည်း လာတယ်လို့ သိပ္ပံ စမ်းသပ်မှု ကြီး တခုက တွေ့ရှိ ခဲ့ပါတယ်။

အင်္ဂ္လန် အောက်စဖို့ဒ် တက္ကသိုလ် က သုတေသီ တွေ အာဖရိကတိုက် ဘော့ဆွာနာ နိုင်ငံက ရာနဲ့ ချီတဲ့ အမျိုးသမီး တွေ ဆီမှာ လေ့လာ ခဲ့တဲ့ သုတေသန ရလဒ် အရ ဒီလို တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။

AIDS တိုက်ဖျက်ရေး အောင်မြင်မှုတွေ့ရ

AIDS ရောဂါ တိုက်ဖျက်ရေး တိုးတက်မှု ရှိအောင် ကမ္ဘာအနှံ့မှာ လုပ်ကိုင် ဆောင်ရွက် နိုင်ခဲ့တဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ချီးကျူး လိုက်ပါတယ်။ ဒါပေမယ့် အောင်မြင်မှုဟာ အကဲဆတ်တဲ့ အနေထားမျိုးမှာပဲ ရှိနေသေးတယ်လို့ သတိပေးထား ပါတယ်။

ကမ္ဘာ့ AIDS နေ့ဖြစ်တဲ့ တနင်္လာနေ့က ကြေညာချက်ထုတ်ပြန်ရာမှာ မစ္စတာဘန်ကီမွန်းက အရေးကြီးတဲ့ ရောဂါကုသမှုခံယူတဲ့နေရာမှာ ရှိနေတဲ့ ကွာဟချက်တွေကို ထောက်ပြသွားပါတယ်။ အထူးသဖြင့် ကလေးတွေ၊ အမျိုးသမီးငယ်တွေ မှာ လုံလောက်တဲ့ ကျန်းမာရေးစောက်ရှောက်မှုတွေ မရကြဘူးလို့ ပြောပါတယ်။

တိုနန့်နန့်ဝတ်စုံ ၀တ်ဆင်လို့ အရိုက်ခံရတဲ့ အိန္ဒိယ မင်းသမီး

2 December 2014 04:14(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)
အိန္ဒိယနိုင်ငံ ဘောလီဝုဒ်မင်းသမီးနဲ့ မော်ဒယ်လ် ဂူဟာခန် (Gauhar Khan)ဟာ တိုနန့်နန့်ဝတ်စုံကို ၀တ်ဆင်တဲ့အတွက် အရိုက်ခံခဲ့ရပါတယ်။

ရုပ်ရှင်မင်းသမီး ခန်ဟာ ဖြစ်ရပ်မှန် ဇာတ်လမ်းတခုကို ရိုက်ကူးနေစဉ်မှာ အသက် ၂၄ နှစ်အရွယ် ပရိသတ်တဦးက ဆုံးမတဲ့အနေနဲ့ ရိုက်ခဲ့တာလို့ ဆိုပါတယ်။ ရိုက်နှက်တဲ့သူတွေကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ငါးခြောက်မှာ ဓာတု ပိုးသတ်ဆေး ထည့်

2 December 2014 04:14(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)
မြန်မာနိုင်ငံက ငါးခြောက်တွေမှာ ဓာတု ပိုးသတ်ဆေးတွေ ထည့်သွင်း ထားကြောင်း အာဏာပိုင်တွေက ဓာတ်ခွဲ စစ်ဆေး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီပိုးသတ်ဆေး တွေက စားသုံးသူတွေအပေါ် အန္တရာယ် ပိုးသတ်ဆေး မျိုးတွေ ဖြစ်ပြီး ကလိုရိုဖောင်း ခေါ် ယင်မနားဆေး တွေ သုံးတာ အဓိက တွေ့ရတယ်လို့ စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌဌ ဦးဗအုပ်ခိုင်က ပြောပါတယ်။

အီဘိုလာ ကမ္ဘာအနှံ့ ကူးစက်မယ့် အန္တရာယ် ကြီးနေဆဲ

2 December 2014 04:14(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)
အနောက် အာဖရိကမှာ ပျံ့နှံ့ ဖြစ်ပွားနေတဲ့ ကြောက်မက်ဖွယ် အီဘိုလာ ရောဂါဟာ တခြား ကမ္ဘာ့ အစိတ်အပိုင်း တွေကိုပါ ကူးစက် ပြန့်ပွားနိုင်တဲ့ အန္တရာယ် ကြီးကြီးမားမား ရှိနေဆဲ ဖြစ်ကြောင်း ကုလ သမဂ္ဂရဲ့ အီဘိုလာ တိုက်ဖျက်ရေး ဆိုင်ရာ အနောက် အာဖရိက ဒေသ အကြီးအကဲက ဘီဘီစီကို ပြောပါတယ်။

အီဘိုလာ တိုက်ဖျက်ရေး အတွက် ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြည့်မီဖို့ လျာထားတဲ့ သူ့ရဲ့ လုပ်ငန်း ဆိုင်ရာ သတ်မှတ်ချက်တွေ ပြည့်မီခြင်း ရှိ မရှိ ကိုလည်း မစ္စတာ Tony Banbury က တိတိကျကျ ပြောဆိုခြင်း မရှိပါဘူး။

ဖော်မြူလာဝမ်း ချန်ပီယံ ၀က်ဘာ ကားတိုက်မှု ဖြစ်ပွားပြီး ဒဏ်ရာရရှိ

2 December 2014 04:14(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)
ဝါရင့် ဖော်မြူလာဝမ်း ကားမောင်းချန်ပီယံဟာင်း မတ်ခ်ဝက်ဘာဟာ ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့မှာ နိုဝင်ဘာ ၃၀ ရက်နေ့က ကျင်းပတဲ့ ကမ္ဘာ့ချန်ပီယံပြိုင်ကားမောင်း ပြိုင်ပွဲမှာ ကားတိုက်မှု ဖြစ်ပွားပြီး ဒဏ်ရာရသွားပါတယ်။

ပြိုင်ကားမောင်းသမား ၀က်ဘာ မောင်းလာတဲ့ ပေါ်ရှေးပြိုင်ကားနဲ့ အီတလီက မတ်တီအို ခရီဆိုနီ မောင်းနှင်တဲ့ ဖယ်ရာရီပြိုင်ကားတို့ အရှိန်ပြင်းပြင်းနဲ့ ၀င်တိုက်ခဲ့တာပါ။

မလေးရှားက မြန်မာအလုပ်သမားများ တရားဝင်ဖြစ်ရေး သံရုံးလုပ်ဆောင်နေ

2 December 2014 04:14(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)
မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ အထောက်အထားမဲ့ တရားမ၀င် မြန်မာ အလုပ်သမားတွေကို  အစိုးရချင်းညှိနှိုင်းပြီး တရားဝင်ဖြစ်အောင် ဆောင်ရွက် ပေးနေတယ်လို့ မလေးရှား အလုပ်သမား သံအရာရှိ ဦးမင်းမင်းဝင်းက ပြောပါတယ်။

မလေးရှား ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့က နိုင်ငံတွင်း တရားမ၀င်နေထိုင်သူတွေ၊ ဗီဇာရက်ကျော်  နေထိုင်သူတွေကြောင့်  မလေးရှားနိုင်ငံရဲ့ ပြစ်မှု မှုခင်းတွေ ကိုင်တွယ်ဖို့ ခက်ခဲတဲ့အတွက် အထောက်ထားမဲ့သူတွေအားလုံး  လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာပေးဖို့ အမိန့်ထုတ်ထားတာပါ။

ဆီးရီးယား ဒုက္ခသည်တွေကို ရိက္ခာ ထောက်ပံ့မှု ကုလ ရပ်ဆိုင်းရ

2 December 2014 04:14(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)
အိမ်နီးချင်း နိုင်ငံတွေမှာ ရောက်နေကြတဲ့ ဆီးရီးယား ဒုက္ခသည် ၁ ဒဿမ ၇ သန်း ကျော် အတွက် မရှိမဖြစ် လိုအပ်တဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှု တွေကို ဆိုင်းငံ့ လိုက်ရပြီလို့ ကုလ သမဂ္ဂရဲ့ WFP ကမ္ဘာ့ စားနပ် ရိက္ခာ အစီအစဉ်က ပြောပါတယ်။

ဂျော်ဒန်၊ လက်ဘနွန်၊ တူရကီ၊ အီရတ်နဲ့ အီဂျစ် နိုင်ငံတို့မှာ ရှိတဲ့ ဆိုင်တွေမှာ စားစရာတွေ ရယူဖို့ သုံးနိုင်တဲ့ ဘောင်ချာ လက်မှတ်တွေ ဒုက္ခသည်တွေ အတွက် ထုတ်ပေးတာကို ရန်ပုံငွေ အခက်အခဲကြောင့် ရပ်ရတော့မှာ ဖြစ်တယ်လို့ WFP က ပြောပါတာယ်။

ရွေးကောက်ပွဲ ရှုံးလို့ ထိုင်ဝမ် အစိုးရ တစ်ဖွဲ့လုံး နုတ်ထွက်

2 December 2014 04:13(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)
ထိုင်ဝမ်ရဲ့ လက်ရှိ အာဏာရ ပါတီ ဖြစ်တဲ့ ကူမင်တန် ပါတီဟာ စနေနေ့က ပြုလုပ်တဲ့ ဒေသန္တရ ရွေးကောက်ပွဲမှာ အဆိုးရွားဆုံး ရှုံးနိမ့် ခဲ့ပြီးနောက် အစိုးရ အဖွဲ့ဝင် ၈၁ ယောက်စလုံး ရာထူးကနေ နုတ်ထွက် ခဲ့ကြပါတယ်။

ထိုင်ဝမ် သမ္မတ Ma Ying-jeou ရဲ့ တရုတ် အစိုးရကို ထောက်ခံတဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ လူထု ဆန္ဒ သဘောထား ခံယူရာမှာ ထိုင်ဝမ်ကျွန်းက ဒေသကြီး ၆ ခုအနက် ၅ ခုမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

လိပ်ကျွန်းလူသတ်မှုတွင် ဖမ်းဆီးခံထားရသူ ၂ ဦး အာမခံရရေး ဆက်လက်ကြိုးပမ်းမည်

2 December 2014 04:13(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)
ထိုင်းတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦး အာမခံနဲ့ ပြန် လွတ် လာနိုင်ဖို့ မြန်မာသံရုံး အထူးအဖွဲ့က ထပ်မံအာမခံ လျောက်မယ်လို့ သံရုံးအထူးအဖွဲ့ဝင် ဦးမင်းဦးက ဒီဗွီဘီကို ပြောပါတယ်။

“မနက်ဖြန် သူတို့ ရမန်ရက်ပြည့်မှာ ဖြစ်တယ်လေ။ အဲဒါကြောင့် ကျနော်တို့အဖွဲ့က တရားရုံးသွားကြမှာပါ။ နောက်ထပ် ရမန်ရက်တိုးမယ်ဆိုလို့ရှိရင် ကျနော်တို့က ကန့်ကွက်မယ်။ ပြီးတော့ အရင်တပတ်က ငြင်းပယ်ခံထားရတဲ့ အာမခံရရေး နောက်ထပ်ပြန်တင်မှာ ဖြစ်ပါတယ်။ သံရုံးအထူးအဖွဲ့ကရော၊ ရှေ့နေများကောင်စီအဖွဲ့ဝင်တွေရော ပါပါတယ်။ တချို့က သွားနေကြပါပြီ။”

မျိုးစောင့်ဥပဒေမူကြမ်း လေးခု ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း

2 December 2014 04:13(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)
မျိုးစောင့် ဥပဒေမူကြမ်း လေးခုကို ပြည်ထောင်စု အစိုးရအဖွဲ့က ပြည်ထောင်စု လွှတ်တော်ဆီ တင်သွင်းထားပြီး ဖြစ်ကြောင်းနဲ့ လာမယ့် လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေး ကြမယ်လို့ သိရပါတယ်။

ဒီနေ့ အစိုးရ သတင်းစာထဲမှာ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဖော်ပြ ထားပါတယ်။

ဒီဥပဒေကြမ်းကို ပြည်ထောင်စု အစိုးရအဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့က လွှတ်တော်ကို တင်သွင်းလိုက်တာဖြစ်ပါတယ်။

ပီအာရ် စနစ်ကျင့်သုံးရေး ခုံရုံးရဲ့ အဆုံးအဖြတ်ရယူမည်

2 December 2014 04:12(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)
လာမယ့် ရွေးကောက်ပွဲတွေ အတွက် ပီအာရ် ( ခေါ်) အချိုးကျ ကိုယ်စားပြု စနစ်ကျင့်သုံးဖို့ အမျိုးသား လွှတ်တော်က ဆုံးဖြတ်ခဲ့တာကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးရဲ့ အဆုံးအဖြတ်ရ ယူသွားမယ်လို့ အမျိုးသား လွှတ်တော်ကိုယ်စား လှယ်တွေက စုပေါင်း လက်မှတ်တွေ ကောက်ယူ နေပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်းက လက်မှတ်ထိုးတင်ပြရင် ခုံရုံးက အဆုံးအဖြတ်ပေးရမှာ ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

ဟောင်ကောင် အဓိကရုဏ်းကြောင့် အစိုးရရုံးတွေပိတ်

2 December 2014 04:02(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)
ဟောင်ကောင်ကျွန်းမှာ ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် အစိုးရရုံးတွေနဲ့ လွှတ်တော်ကို ပိတ်ပစ်ခဲ့ရပါတယ်။

အစိုးရ ဌာနချုပ်ရုံး အပြင်ဘက်မှာ ဆန္ဒပြမှုတွေ တိုးချဲ့လုပ်သွားဖို့ စီစဉ်နေတဲ့ ရာနဲ့ချီတဲ့ ဟောင်ကောင် ဒီမိုကရေစီရေး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့တာပါ။ ဒီကနေ့ အစောပိုင်းမှာပဲ Admiralty ခရိုင်က အဓိက လမ်းမကြီးတခုကို ဆန္ဒပြသူတွေက သိမ်းပိုက်ဖို့ ကြိုးစားတာမှာ ရဲတပ်ဖွဲ့တွေ ကာရံထားတဲ့ အတားအဆီးတွေကို သူတို့က ကျော်လွန် ၀င်ရောက်ခဲ့ကြပါတယ်။

ဟောင်ကောင် ရဲနဲ့ ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ် ဖြစ်

2 December 2014 04:00(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)
ဟောင်ကောင်မှာ ပြီးခဲ့တဲ့ ညက အစိုးရ ရုံးအနီးမှာ ဒီမိုကရေစီရေး လှုပ်ရှားသူ တွေနဲ့ ရဲတွေ အကြား အကြမ်းဖက် မှုတွေ ဖြစ်ခဲ့ပြီးနောက် ဒီကနေ့ တနင်္လာနေ့မှာ အစိုးရ ရုံးတွေ ခေတ္တ ပိတ်လိုက်ရပါတယ်။

Admiralty အရပ်က အစိုးရ ရုံးတွေအနီး Lung Wo လမ်းမပေါ်မှာ ဆန္ဒပြ သမားတွေနဲ့ ရဲတွေ တိုက်ခိုက် ခဲ့ကြပြီး ရဲ အရာရှိ ၁၁ ယောက် ဒဏ်ရာ ရခဲ့ကာ လူ အယောက် ၄၀ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ကို ဆန္ဒပြသည့် ကျောင်းသားများအား နိုင်ငံရေးသမားများ ပိုက်ဆံပေးဟု စွပ်စွဲ

2 December 2014 03:56(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)
ထိုင်းနိုင်ငံ ခွန်ကန် တက္ကသိုလ်မှာ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာ မိန့်ခွန်းပြောနေစဉ် ဆန္ဒပြတဲ့ ခွန်ကန် တက္ကသိုလ် ကျောင်းသား ၅ ဦးကို နိုင်ငံရေး သမားတွေက ပိုက်ဆံပေးခဲ့တာလို့ စစ်တပ် အရာရှိက စွပ်စွဲလိုက်ပါတယ်။

နော်ဝေဘုရင်နှင့် သမ္မတဦးသိန်းစိန်တွေ့ဆုံ

2 December 2014 03:56(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)
မြန်မာနိုင်ငံမှာ ချစ်ကြည်ရေး ခရီးရောက်ရှိနေတဲ့ နော်ဝေဘုရင် ဟာရာယ်နဲ့ မိဖုရား ဆွန်ယာတို့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့  ဒီကနေ့ မနက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

နော်ဝေဘုရင်နဲ့ မိဖုရားတို့ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်နဲ့  နိုဝင်ဘာလ ၃၀ ကတည်းက  ရောက်ရှိနေတာ ဖြစ်ပြီး ဒီမနက် သမ္မတနဲ့ တွေ့ဆုံအပြီးမှာ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးကြတဲ့အပြင်  မြန်မာသမ္မတက နေ့လည်စာနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။

AIDS လူနာ တစ်သိန်းကျော် ART ဆေး အခမဲ့ကုသမှု ရမည်

2 December 2014 03:56(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)
မြန်မာနိုင်ငံမှာ ခုခံအားကျဆင်းမှု HIV ရောဂါ ပိုးကူးစက်ခံ ထားရတဲ့လူနာ တစ်သိန်း တစ်သောင်း လောက်ကို၂၀၁၆ ခုနှစ်မှာ Antiretroviral Therapy - ART ဆေးနဲ့ အခမဲ့ ကုသပေးသွားမှာ ဖြစ်ကြောင်း ကျန်းမားရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က ဒီကနေ့ ပြောပါတယ်။

ဖားကန့်မှာ ရေမဆေးကျောက်ရှာသူများ (ရုပ်/သံ)

2 December 2014 03:41(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က) ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြန်မာနိုင်ငံအနှံ့က လာရောက်ပြီး တနိုင်တပိုင် ရေမဆေးကျောက် ရှာဖွေတူးဖော်သူတွေဟာ အသက်နဲ့ရင်းပြီး လုပ်ကိုင်နေရပေမယ့် အများစုဟာ အဆင်မပြေကြဘူးလို့ ပြောပါတယ်။ ဖားကန့်ကျောက်စိမ်းတွင်းဒေသကို သွားရောက်ခဲ့တဲ့ RFA သတင်းထောက် ကိုကျော်မျိုးမင်းက တင်ပြထားပါတယ်။






ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

AIDS တိုက်ဖျက်ရေး ဥပဒေသစ်ပြဌာန်းချက်များ လိုအပ်နေ

2 December 2014 03:55(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)
၂၀၁၄ ခုနှစ် ကမ္ဘာ့ ခုခံအား ကျဆင်းမှု တိုက်ဖျက်ရေးနေ့ World AIDS Day ဆောင်ပုဒ်ကို အောင်မြင်အောင် ဆောင်ရွက်ဖို့ဆိုရင် အချိန်ယူ ဆောင်ရွက်ဖို့နဲ့ ပြုပြင်ပြောင်းလဲတာတွေ လုပ်ဆောင်ဖို့ လိုအပ်မယ်လို့ နယ်စည်းမထား ဆရာဝန်များ အသင်းက ထောက်ပြပါတယ်။ လောလောဆယ်မှာတော့ မြန်မာပြည်ရဲ့ဥပဒေတွေက ခုခံအားကျဆင်းမှု တိုက်ဖျက်ရေး အတွက် အကန့်အသတ်တွေ ရှိနေတာကြောင့် ဥပဒေတချို့ ပြဌာန်းဖို့ကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ပြင်ဆင် ဆောင်ရွက် နေပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကောင်းမွန်တဲ့အစိုးရဖြစ်ဖို့ စာရင်းဇယားတွေ မှန်ကန်ဖို့လို (ရုပ်/သံ)

2 December 2014 03:36(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က) ကောင်းမွန်တဲ့ အစိုးရဖြစ်ဖို့ဆိုရင် တိုင်းပြည်မှာရှိတဲ့ စာရင်းဇယား တွေကလည်း မှန်ကန်တဲ့ စာရင်း ဇယားတွေ ဖြစ်ဖို့လိုတဲ့ အကြောင်း သမ္မတရဲ့ စီးပွားရေး ဆိုင်ရာ အကြံပေး အဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဦးမြင့်က ပြောဆို လိုက်ပါတယ်။ ဦးသိုက်ဇင်က သတင်းပေး ပို့ထားပါတယ်။ DVB TV - 01.12.2014






ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

ဖယ်ဒရယ်တပ်မတော်ကို ကာကွယ်ရေးဦးစီးချုပ် လက်မခံ (ရုပ်/သံ)

2 December 2014 03:30(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က) တပ်မတော်အနေနဲ့ ဖယ်ဒရယ်တပ်မတော်ကို လက်မခံဟု ကာကွယ်ရေး ဦးစီးချုပ် ပြောကြားခဲ့တယ်လို့ ကရင့်အမျိုးသား အစည်းအရုံး ဗဟိုအလုပ် အမှူဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောကြား လိုက်ပါတယ်။ ဒေါ်ယမင်းဦး သတင်းပေးပို့ထားပါတယ်။ DVB TV - 01.12.2014






ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

မန်းချောင်း ဆည်တမံနဲ့ အိုးအိမ်ပြောင်းရွှေ့မှု (ရုပ်/သံ)

မန်းချောင်း ဆည်တမံနဲ့ အိုးအိမ်ပြောင်းရွှေ့မှု (ရုပ်/သံ) 2 December 2014 03:16(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က) မကွေးတိုင်း၊ မန်းချောင်းဆည်တမံ တည်ဆောက်တာ ဆယ်နှစ်ကျော် ကြာခဲ့ပြီဖြစ်ပေမယ့် ဆည်စီမံကိန်းကြောင့် အိုးအိမ်ပြောင်းရွှေ့ပေးခဲ့ရ တဲ့ ဒေသခံတွေ ခုထိ နေသားတကျ မဖြစ်ကြသေးဘူးလို့ သိရပါတယ်။ RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။ RFA Burmese




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

ကိုပါကြီးအမှု အပြီးသတ် အစီရင်ခံစာ သမ္မတ ဦးသိန်းစိန်ထံ ပေးပို့

2 December 2014 03:12(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)
အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင် သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်တဲ့ အပြီးသတ်အစီရင်ခံစာကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ သမ္မတ ဆီ ပေးပို့လိုက်ပြီလို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ ဒုတိယဥက္ကဌ ဦးစစ်မြိုင်က ပြောပါတယ်။

တိုင်းရင်းသားဒေသအနှံ့က အစိုးရတပ်များ ချက်ချင်းရုပ်သိမ်းရန် ကချင်လူထုတောင်းဆို

1 December 2014 14:49(+0630) (၁ ရက် ခန့်က)
တိုင်းရင်းသားဒေသ အနှံ့အပြားမှာ ဖြန့်ကျက်နေရာချထားတဲ့ မြန်မာအစိုးရတပ်မတော် စစ်စခန်းတွေ အမြန်ဆုံး ရုပ်သိမ်းဖို့ ကချင်ပြည်နယ် လူထုအခြေပြုမဟာမိတ်အဖွဲ့က သဘောထားထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့က ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းကို အစိုးရတပ်ရဲ့ ပစ်ခတ်မှုကြောင့် တိုင်းရင်းသား ဗိုလ်လောင်းတွေ အစုလိုက် အပြုံလိုက် သေကြေဒဏ်ရရခဲ့တဲ့အတွက် ကချင်လူထုအခြေပြုအဖွဲ့အစည်း ၁၅ ဖွဲ့က ဒီပစ်ခတ်မှုကို ရှုံ့ချပြီး အစိုးရတပ်တွေ ဆုတ်ခွါ သွားဖို့ တောင်းဆိုထားတာပါ။

အဝေးပြေးယာဉ်များပေါ်တွင် ခရီးသည်အသွင် ဆောင်ကာ အုပ်စုဖွဲ့ အလစ်နှုန်ခိုးယူသည့် ဖြစ်စဉ်များ ပြန်လည် ဖြစ်ပေါ်လာ

1 December 2014 14:45(+0630) (၁ ရက် ခန့်က)
ရန်ကုန် ၊ ၁-၁၂-၂၀၁၄

အဝေးပြေး ယာဉ်များ ပေါ်တွင် ခရီးသည်အသွင် ယူကာ အုပ်စုဖွဲ့ အလစ်နှိုက် ခိုးယူသည့် ဖြစ်စဉ်များ ပြန်လည် ပေါ်ပေါက် လာသောကြောင့် ခရီးသွား ပြည်သူများ အနေဖြင့် သတိထား ကြရန်နှင့် ရွှေငွေနှင့် တန်ဖိုးကြီး ပစ္စည်းများကို ခရီးဆောင် အိတ်များနှင့် ထည့်သွင်း သွားလာမှု သတိရှိရန် လိုကြောင်း အဝေးပြေး ယာဉ်လိုင်းများမှ တာဝန်ရှိ သူများက သတိပေး ပြောကြား သည်။

အမေရိကန်မော်ဒယ်လ် World International Grand အလှသရဖူ ဆွတ်ခူး

1 December 2014 14:43(+0630) (၁ ရက် ခန့်က)
ရှန်ကျန်း ၊ ၁-၁၂-၂၀၁၄

တရုတ်နိုင်ငံ ရှန်ကျန်းမြို့ တောင်ပိုင်းတွင် နိုဝင်ဘာ ၂၈ ရက်က ကျင်းပခဲ့သော (၂၆)ကြိမ်မြောက် Miss Model of the World International Grand ပြိုင်ပွဲတွင် အမေရိကန် မော်ဒယ်လ် Shelynne Hoyt သည် အလှမယ် သရဖူကို ဆွတ်ခူး သွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်မှု ဆန့်ကျင်ရန် ကမ္ဘာ့မွတ်စလင်ခေါင်းဆောင်များကို ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

1 December 2014 14:40(+0630) (၁ ရက် ခန့်က)
ရိုမန် ကတ်သလစ်ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အစွန်းရောက် အကြမ်းဖက်မှုကို တကမ္ဘာ့လုံးအတိုင်းအတာနဲ့ ဆန့်ကျင်ကန့်ကွက်ဖို့ ကမ္ဘာ့ မွတ်စလင် ခေါင်းဆောင်တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။

တူရကီနိုင်ငံကနေ အပြန်ခရီးမှာ ပုပ်ရဟန်းမင်းကြီးက ပြောဆိုခဲ့တာပါ။ နိုဝင်ဘာ ၂၈ ရက်နေ့က တူရကီသမ္မတနဲ့ တွေ့ဆုံရာမှာလည်း အခုလို တိုက်တွန်းခဲ့တယ်လို့လည်း ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ ထိရောက်တဲ့ HIV ကုသမှုလိုသေးကြောင်း ကုလပြော

1 December 2014 09:49(+0630) (၁ ရက် ခန့်က)
ဒီကနေ့ ကမ္ဘာ့ AIDS နေ့မှာ HIV ရောဂါပိုး ကူးစက် နေသူတွေ အတွက် ရောဂါ ကုသခွင့် အပြည့်အ၀ရရေး အလေးပေး ဆောင်ရွက်ဖို့ UNAIDS အကြီးအကဲက တိုက်တွန်း လိုက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ HIV ရောဂါပိုး ကူးစက်နှုန်း ကျဆင်းခဲ့ပေမဲ့ ထိရောက်တဲ့ ကာကွယ်မှုတွေ ဆက်ပြီး လိုအပ်နေဆဲပဲလို့ မြန်မာနိုင်ငံ အတွက် ပြုစုထားတဲ့ ကုလသမဂ္ဂရဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့လုံးဆိုင်ရာ AIDS ကာကွယ်မှုအစီရင်ခံက ဖေါ်ပြထားပါတယ်။ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

ဘတ်စ်ကားများအတွက် ကွန်ကရစ်ကပ်တုံးများချပြီး သီးသန့်နေရာပေး စတင်စမ်းသပ်

1 December 2014 09:26(+0630) (၁ ရက် ခန့်က)
ရန်ကုန် နိုဝင်ဘာ ၃ဝ

လူတန်းစား အလွှာပေါင်းစုံ အသုံး ပြုလျက်ရှိသော မြို့တွင်းသွား ခရီးသည်တင် ဘတ်စ်ကားများအား သတ်မှတ်မျဉ်းဝါအတွင်းမှ မောင်းနှင် ကြရန် လွန်ခဲ့သော နိုဝင်ဘာလဆန်း ပိုင်းက စည်းကမ်းများ သတ်မှတ် ပေးခဲ့သော်လည်း စည်းကမ်းလိုက်နာမှု ရာနှုန်းပြည့် မရှိခဲ့သဖြင့် မြို့တွင်းသွား ယာဉ်ကြောကျပ်တည်းမှု သိသိ သာသာလျော့နည်း သက်သာလာစေ ရန်အတွက် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီက ခရီးသည် သီးခြားဘတ်စ်ကား ယာဉ်လိုင်း တစ်လိုင်းသွားနိုင်အောင် ညာဘက် ယာဉ်ကြောကို နိုဝင်ဘာ ၂၉ ရက်က စပြီး ကွန်ကရစ်ကပ်တုံးများအား အနော်ရထာလမ်း တစ်လျှောက် ဗိုလ်တထောင်ဘုရားလမ်းမှ စ၍ ချထားမှုနှင့် ဆက်လက်ချထားမှု များကို တွေ့ရသည်။

ဟောင်ကောင်မှာ ဆန္ဒပြသူတွေ ရဲနဲ့ ထိပ်တိုက်ရင်ဆိုင်မှု ထပ်မံဖြစ်ပွား

1 December 2014 09:00(+0630) (၁ ရက် ခန့်က)
ဟောင်ကောင်ကျွန်းမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက အစိုးရရုံး စိုက်ရာနေရာ ကနေ တခြားနေရာတွေကို တိုးချဲ့ဆန္ဒပြဖို့ ကြိုးစားနေတဲ့ အချိန် ရဲတပ်ဖွဲ့တွေ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Admiralty အရပ်မှာရှိတဲ့ အဓိက လမ်းမကြီးကို ဆန္ဒပြသူတွေကို သိမ်းပိုက်ဖို့ ကြိုးစားနေကြတာမှာ သန်းခေါင်ကျော် တနင်္လာနေ့ အစောပိုင်းမှာ ရဲက တားထားတဲ့နေရာကို ဆန္ဒပြသူတွေက ဖြတ်ကျော်သွားနိုင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဘက်ကလည်း မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေအသုံးပြုပြီး ပြန်လည် ခုခံခဲ့တဲ့အတွက် လူအတော်များများ ထိခိုက်ဒဏ်ရာရပြီး အနည်းဆုံး ၁၈ ယောက်လောက်လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

တူရကီနဲ့ ငြိမ်းချမ်းရေးရဖို့ ဖြစ်နိုင်ကြောင်း Kurd ခေါင်းဆောင်ပြော

1 December 2014 09:00(+0630) (၁ ရက် ခန့်က)
တူရကီနိုင်ငံမှာ ဖမ်းဆီး ထိမ်းသိမ်း ခံထားရတဲ့ တရားမ၀င် အဖွဲ့အစည်း Kurdistan Workers Party ရဲ့ ခေါင်းဆောင် ဖြစ်သူက တူရကီ အစိုးရ အနေနဲ့ ကာ့ဒ်လူမျိုးတွေရဲ့ အခွင့်အရေးတွေကို အာမခံမယ်ဆိုရင် လပိုင်းအတွင်း ငြိမ်းချမ်းရေး ရနိုင်တယ်လို့ ပြောဆို လိုက်ပါတယ်။

တစ်သောင်းတန် ငွေစက္ကူအတု သိန်း ၉ဝဝ ကျော် မွန်ပြည်နယ်၌ သိမ်းဆည်းရမိ

1 December 2014 05:24(+0630) (၁ ရက် ခန့်က)
မော်လမြိုင် နိုဝင်ဘာ ၃ဝ

မွန်ပြည်နယ် ဘီးလင်းမြို့၌ နိုဝင် ဘာ ၂၈ ရက် ညနေ ၄ နာရီ မိနစ် ၅ဝ တွင် ရဲအုပ်အောင်သူနှင့် အဖွဲ့ သည် သတင်းအရ သက်သေများနှင့် အတူ ဘီးလင်းမြို့ အိုအေစစ် စား သောက်ဆိုင် အခန်းအမှတ် (၈ဝ၇) ကို ဝင်ရောက်ရှာဖွေရာ အခန်း အတွင်း သိန်းဇော် (၃၉) နှစ်နှင့် သက် လွင်ဦး (၃၄) နှစ်တို့အား LEVIS စာတန်းပါ အနက်ရောင် ကျောပိုး အိတ် တစ်လုံးနှင့်အတူ တွေ့ရှိပြီး ကျောပိုးအိတ်အတွင်းမှ ကမ္ဘောဇဘဏ် လီမိတက်(ဘားအံဘဏ်ခွဲ) တံဆိပ်နှင့် 27 NOV 2014 တံဆိပ်ရိုက်နှိပ်ထား သည့် ကျပ်တစ်သောင်းတန် ငွေစက္ကူ အတု ၁ဝဝ ရွက်ပါ အထုပ် ၉၁ ထုပ် စုစုပေါင်းကျပ်သိန်း ၉၁ဝ၊ လက်ကိုင် ဖုန်းသုံးလုံးနှင့်အတူ တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ယူအေအီးနိုင်ငံသည် ရွှေ့ပြောင်းလုပ်သားများကို မညှာမတာဆက်ဆံ

1 December 2014 05:15(+0630) (၁ ရက် ခန့်က)
အဘူဒါဘီ နိုဝင်ဘာ ၃ဝ

ကုလသမဂ္ဂ နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်း (အိုင်အယ်လ်အို)သည် အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)နိုင်ငံရှိ ရွှေ့ပြောင်း လုပ်သားများ၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်လျက်ရှိသည်။

နော်ဝေဘုရင် မြန်မာနိုင်ငံကို ချစ်ကြည်ရေး ခရီး လာရောက်

1 December 2014 05:04(+0630) (၁ ရက် ခန့်က)
နော်ဝေနိုင်ငံ ရဲ့ ပဉ္စမမြောက် ဟာရားလ် ဘုရင် နဲ့ မိဖုရား ဆွန်ယာတို့ဟာ သမ္မတ ဦးသိန်းစိန် ရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံ ကို ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ဆိုက်ရောက် လာခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ အရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အပါအဝင် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ နော်ဝေ နိုင်ငံ အနေနဲ့ အစဉ်တစိုက် အားပေးကူညီ မှုတွေ ရှိခဲ့ပြီး၊ မြန်မာ နိုင်ငံ အပေါ် ချမှတ် ထားတဲ့ ပိတ်ဆို့ ကန့်သတ် မှုတွေကို ဥရောပ နိုင်ငံ တွေထဲမှာ နော်ဝေက ပထမဆုံး ဖြေလျှော့ ပေးခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။

ကလေးလုပ်သား စာရင်း ILO ကောက်ခံနေ

1 December 2014 05:03(+0630) (၁ ရက် ခန့်က)
မြန်မာပြည်မှာ ကလေး သူငယ် တွေ အတွက် ရေးဆွဲ ထားတဲ့ ဥပဒေ တွေ ဟာ တခုနဲ့ တခု ဖီလာ ဆန့်ကျင် ဖြစ်တဲ့ အချက်တွေ ပါနေတဲ့ အတွက် အဲဒါတွေကို ပြင်ဆင်ပြီး ထိရောက်တဲ့ ကလေး အလုပ်သမား ဥပဒေ တစ်ရပ် ပြဋ္ဌဌာန်း နိုင်ဖို့ လေ့လာ သုံးသပ် နေတယ် ဆိုပြီး ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ILO က ပြောပါတယ်။

ကော့သောင်း ခရိုင် အတွင်းရှိ ဇိမ်ခန်းဖျား ဖျက်သိမ်းရန် ဒေသ အာဏာပိုင်များ ညွှန်ကြားထား

1 December 2014 05:02(+0630) (၁ ရက် ခန့်က)
တနသာင်္ရီ တိုင်းဒေသကြီး ကော့သောင်း ခရိုင် အတွင်းရှိ ဒေသ ဆိုင်ရာ အာဏာပိုင် များအား လိုင်းကြေး ပေး၍ ဖွင့်လှစ် နေသည့် KTV, အနှိပ်ခန်းနှင့် လိင်ဖျော်ဖြေရေး ဇိမ်ခန်း များအား နိုဝင်ဘာလ (၂၆) ရက်နေ့၌ ဖျက်သိမ်းရန် ဒေသ ဆိုင်ရာ ရဲများကပင် ညွှန်ကြား လာမှုကြောင့် ဖျက်သိမ်း ပေးခဲ့ ရကြောင်း ကော့သောင်း မြို့ ပေါ်မှ ဇိမ်ခန်း ပိုင်ရှင် တဦးက ရွှေဟင်္သာ သတင်း ဌာနအား နိုဝင်ဘာလ (၂၇) ရက်နေ့၌ ပြောကြားသည်။

ကာချုပ်နဲ့ KNU ခေါင်းဆောင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆွေးနွေး

1 December 2014 04:46(+0630) (၁ ရက် ခန့်က)
မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ငြိမ်းချမ်းရေး ဖြစ်ထွန်းမှု၊ ဆုတ်ယုတ်မှု၊ နောက် တိုင်းရင်းသားတွေနဲ့ ဆက်ပြီးဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အပေါ် စိုးရိမ်ချက်တွေ အပါအ၀င် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ နောက် နိုင်ငံရေး ဆွေးနွေးပွဲတွေ အပေါ် အမြင်တွေကို ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲကနေ ရလာတဲ့ အမြင်သဘောထားတွေ အပေါ် မူတည်ပြီး အပစ်အခတ် ရပ်စဲရေး ရှေ့လုပ်ငန်းစဉ်တွေကို ဒီကနေ့မှာ KNU က မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့လည်း ဆွေးနွေးခဲ့ကြပါတယ်။ ဘာတွေ ဆွေးနွေးခဲ့ကြလဲဆိုတာကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြပေးထားပါတယ်။

အီရတ် စစ်တပ်ထဲ တပ်သားမရှိပဲ လစာထုတ်ယူ နေတာတွေကို ဖော်ထုတ်

1 December 2014 04:38(+0630) (၁ ရက် ခန့်က)
အီရတ်စစ်တပ် အတွင်း အကျင့်ပျက် ခြစား နေမှုတွေကို စုံစမ်း စစ်ဆေးရာကနေ လူမရှိပဲ လစာ ထုတ်ယူဖို့ ဖန်တီးထားတဲ့ နာမည် အရေအတွက် ၅ သောင်းလောက် ရှိနေတယ် ဆိုတာ ဖော်ထုတ် နိုင်လိုက် ပါတယ်။

အဲဒီ့လို လူမရှိပဲ ဖန်တီးထားတဲ့ နာမည်၊ ဒါမှမဟုတ် စစ်တပ်ထဲမှာ ဆက်လက် ရှိမနေတော့ပဲ လစာတော့ ဆက်လက် ပေးနေရတဲ့ နာမည်တွေကို၊ တစ္ဆေ စစ်သားတွေ ဆိုပြီး အီရတ် စစ်တပ် အသိုင်းအဝိုင်းထဲ ခေါ်ကြကြောင်း သိရပါတယ်။

ဖမ်းဆီးခံ ဗိုလ်ချုပ်ကြီး လွတ်မြောက်လာ

1 December 2014 04:38(+0630) (၁ ရက် ခန့်က)
ကိုလံဘီယာ နိုင်ငံမှာ လက်ဝဲဝါဒီ သူပုန် FARC အဖွဲ့ ရဲ့ ဒီလ အစောပိုင်းက ဖမ်းဆီး ခေါ်ဆောင် သွားတာ ခံခဲ့ရတဲ့ အစိုးရ စစ်တပ်က ဗိုလ်ချူပ်ကြီး ပြန်လည် လွတ်မြောက် လာပြီ ဖြစ်ပါတယ်။

အခုဆိုရင် လွတ်မြောက် လာတဲ့ ဗိုလ်ချူပ်ကြီး ရူဘင် ဒါရီအို အယ်လ်ဇာတေး နဲ့ အခြား ၂ ဦးဟာ မက်ဒယ်လ်လင်း မြို့က အစိုးရ စစ်တပ် အခြေစိုက် စခန်းကို ရောက်ရှိ သွားပြီ ဖြစ်ပြီး၊ ကျန်းမာရေး အရလည်း ကောင်းမွန် နေကြတယ် လို့ သိရပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ရေး တင်ပြ

1 December 2014 04:38(+0630) (၁ ရက် ခန့်က)
ရန်ကုန်မြို့သစ်စီမံကိန်းကို ပြန်လည် အကောင်အထည် ဖော်ဖို့အတွက် ကြည့်မြင်တိုင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်က ရန်ကုန်တိုင်း ဒေသကြီး အစိုးရထံ တင်ပြထားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ အဆိုတင်သွင်း ထားပေမယ့် အောင်မြင်နိုင်ခြေ နည်းပါးတာကြောင့် တိုင်းဒေသကြီး အစိုးရထံ တင်ပြထားတာဖြစ်တယ်လို့ တိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မာက ပြောပါတယ်။