Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, December 2, 2014

အဝေးပြေးယာဉ်များပေါ်တွင် ခရီးသည်အသွင် ဆောင်ကာ အုပ်စုဖွဲ့ အလစ်နှုန်ခိုးယူသည့် ဖြစ်စဉ်များ ပြန်လည် ဖြစ်ပေါ်လာ

1 December 2014 14:45(+0630) (၁ ရက် ခန့်က)
ရန်ကုန် ၊ ၁-၁၂-၂၀၁၄

အဝေးပြေး ယာဉ်များ ပေါ်တွင် ခရီးသည်အသွင် ယူကာ အုပ်စုဖွဲ့ အလစ်နှိုက် ခိုးယူသည့် ဖြစ်စဉ်များ ပြန်လည် ပေါ်ပေါက် လာသောကြောင့် ခရီးသွား ပြည်သူများ အနေဖြင့် သတိထား ကြရန်နှင့် ရွှေငွေနှင့် တန်ဖိုးကြီး ပစ္စည်းများကို ခရီးဆောင် အိတ်များနှင့် ထည့်သွင်း သွားလာမှု သတိရှိရန် လိုကြောင်း အဝေးပြေး ယာဉ်လိုင်းများမှ တာဝန်ရှိ သူများက သတိပေး ပြောကြား သည်။

အဓိကအားဖြင့် အုပ်စုဖွဲ့ အလစ်နှိုက် ခိုးယူသူ များသည် ခရီးသည် အသွင်ယူကာ ခရီးစဉ် တစ်လျှောက် လိုက်ပါ စီးနင်းကာ ခိုးယူရမည့် ပစ်မှတ် (သို့မဟုတ်) သားကောင်ကို ရှာဖွေတတ်ပြီး အဆိုပါ သားကောင် (သို့မဟုတ်) ပစ်မှတ်နှင့် အတူတကွ လိုက်ပါ စီးနင်းကာ ခိုးယူမှုကို ကျူးလွန် တတ်ကြောင်း အကယ်ဒမီ အဆင့်မြင့် အဝေးပြေး ယာဉ်လိုင်းမှ ဝါရင့် ကြီးကြပ်ရေးမှူး တစ်ဦးက ပြောပြသည်။

ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် တစ်ခုတွင် ခိုးယူခံ ရသည့် ခရီးသည်ထံတွင် ငွေကျပ် ၂၅ သိန်းခန့် ပါသည်ကို ကြိုတင် သိရှိ၍ လူလေးဦးခန့် အသုံးပြုကာ စနစ်တကျ စီစဉ် သွားသည်ဟုလည်း ယာဉ် ကြီးကြပ်ရေးမှူး တစ်ဦးက ပြောပြ သည်။ '' အဲဒီဖြစ်စဉ်ကို ကျွန်တော်တို့က ယာဉ်အတွင်းပိုင်း မှာ တပ်ထားတဲ့ စီစီတီဗွီ ကနေ တစ်ဆင့် ပြန်ကြည့်ရတာငွေကြေး အခိုးခံရတဲ့ ခရီးသည်က တစ်ယောက် တည်းကို နှစ်ခုံယူ စီးနင်းလာတာ။ သူ့နေရာက အိမ်သာနားမှာ။ ခိုးတဲ့သူက အိမ်သာ တက်သလိုနဲ့ သွားပြီးတော့မှ ခရီးဆောင်အိတ် ထည့်ထားတဲ့ ဘောက်ကို ဖွင့်ပြီး သူ့လူဆီကို အိတ်ကို ပေးလိုက်တယ်။ သူ့လူက စောင်ခြုံပြီး အိပ်ချင် ယောင်ဆောင် နေတာ။ အိတ်ကို စောင်ခြုံထဲမှာ ဖွင့်ပြီးတော့ ငွေကို ယူတယ်။ အိတ်ကို နောက် တစ်ယောက်နဲ့ ပြန်ပေးပြီးတော့ ဘောက်ထဲ ပြန်ထည့် လိုက်တယ်။ ငွေယူထားတဲ့ လူကို မိုင်တိုင် ၃ဝ ဘောနပ်ကြီး နားမှာ ဆိုင်ကယ်သမား တစ်ယောက် က လာခေါ် သွားတယ်။ ကျန်တဲ့ လူတွေက တိုးဂိတ်၊ အောင်မင်္ဂလာ အသီးသီး ဆင်းသွား ကြတာ .. '' ဟု အဆိုပါ ဖြစ်ရပ်ကို ပြန်လည် ပြောပြ ခဲ့သည်။

အဆင့်မြင့် မော်တော်ယာဉ် အများစုသည် လုံခြုံရေး ကင်မရာများ တပ်ဆင် ထားသည့်အတွက် ၄င်းဖြစ်စဉ်တွင် ကျူးလွန်သူ များကို သက်ဆိုင်ရာမှ ဖမ်းမိနိုင်ရန် အထောက်အကူ ဖြစ်ခဲ့ သော်လည်း ကျူးလွန်သူ များသည် ဖုန်းနံပါတ်နှင့် မှတ်ပုံတင် နံပါတ်အမှား များကို အသုံးပြု ခဲ့ကြောင်းလည်း သိရသည်။

အဝေးပြေးယာဉ် စီးနင်းသည့် ခရီးသည် များကို လက်မှတ် ရောင်းချရာတွင် မှတ်ပုံတင် နံပါတ်နှင့် ဖုန်းနံပါတ် များကို မှတ်တမ်းအဖြစ် ရယူထား သော်လည်း လွဲမှားစွာ ပေးထား သူများလည်း ရှိကြောင်း သိရသည်။

ထို့ပြင် အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်း လူများ ချိန်တွင် ပစ္စည်းအလစ် ခိုးယူမှု များကိုလည်း သတိပြုရန် လိုကြောင်း ကိုယ်တွေ့ ကြုံခဲ့သူ တစ်ဦးက ပြောပြသည်။ ''အဝေးပြေး ယာဉ်တွေ တန်းစီ ပြီးတော့ ဝင်တတ်တဲ့ အချိန်မှာ ခရီးသွားရော၊ ဧည့်ကြိုရော၊ ကားသမား တွေရော များနေတဲ့ အခါ ယာဉ်အကူ တွေက ပစ္စည်းတွေ ထုတ်ပေးနေတုန်း ခပ်တည်တည် နဲ့ ဆွဲသွားတာမျိုး တွေလဲ ဖြစ်နေတယ်။ ယာဉ်အကူတွေ အနေနဲ့ သတိထားဖို့၊ မလောဖို့နဲ့ နောက်ကားက ဟွန်းတီးပြီး မောင်းခိုင်းတာနဲ့ အလောသုံးဆယ် မလုပ်ဖို့ သတိပေး ထားရတယ်။ တစ်ခါတလေ ဟိုအထုပ်လဲ ပါတယ်။ ဒီအထုပ် ဆိုပြီး ဖြတ်ပိုင်း မပြဘဲ အတင်း ယူသွား တာတွေ ဖြစ်နေတယ် .. '' ဟု ယာဉ်လိုင်း ကြီးကြပ်ရေးမှူး တစ်ဦးက ဖြည့်စွက် ပြောပြ၍ သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ