Popular Posts
ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ
Friday, October 31, 2014
ဟာဝိုင်ယီက ပေါက်ကွဲ မီးတောင်ချော်ရည် လူနေရပ်ကွက်များကို ရောက်ပြီ
အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ်က အကြီးဆုံးကျွန်းပေါ်မှာ ပေါက်ကွဲနေဆဲ မီးတောင်က ချော်ရည်စီး ကြောင်းဟာ လူနေရပ်ကွက်တွေနဲ့ စိုက်ပျိုးမြေတွေနားကို အောက်တိုဘာ ၂၉ ရက်နေ့က စတင်ဖြတ်စီး နေပါတယ်။
ဖမ်းမိမူးယစ်ဆေးဝါးကြောင့် တောင်ပိုင်း ဝ ခေါင်းဆောင်၏ စီးပွားရေး လုပ်ငန်း ချိတ်ပိတ်ခံရ
အောက်တိုဘာ ၃၁ ရက် ၂၀၁၄
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများသည် တောင်ပိုင်း ဝ ခေါင်းဆောင်နှင့် ပတ်သက်ဆက်နွယ်သည် ဟုဆိုကာ သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း ဝ တပ်ဖွဲ့ခေါင်းဆောင်ပိုင် စီးပွားရေးလုပ်ငန်း အချို့ချိတ်ပိတ်ခံထားရ သည်ဟု ဆိုသည်။
KAF ဖွဲ့စည်းခြင်းကို အားလုံးပါဝင်မှုဖြင့် လုပ်ဆောင်သွားရန် ဆုံးဖြတ်
အောက်တိုဘာ ၃၁ရက်၊ ၂၀၁၄ခုနှစ်။
ကရင်တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်များဖြင့် စုဖွဲ့ထားသည့် ကော်သူးလေ တပ်မတော်(KAF) ဖွဲ့စည်းခြင်းဆိုင်ရာ အစည်းအဝေးတွင် KAF ဖွဲ့စည်းခြင်းကို အားလုံးပါဝင်သော လုပ်ဆောင်မှုဖြင့် ဆောင်ရွက်သွားရန် ဆုံးဖြတ်လိုက်ကြောင်း အောက်တိုဘာ ၃၀ရက်(ယမန်နေ့)က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
Facebook ပို့စ်ကြောင့် ဆရာတဦး အသရေဖျက်မှုဖြင့် တရားစွဲခံရ
မြ၀တီမြို့တွင် အသက်မပြည့်သေးသူ မိန်းကလေးတဦးအား ကာမလိမ်လည်ရယူ ပေါင်းသင်းပြီး စွန့်ပစ်ထားခဲ့ခြင်းကို မခံမရပ်နိုင်သော ပြည်သူတဦးက Facebook စာမျက်နှာပေါ် တင်လိုက်သဖြင့် ၎င်းဖြစ်စဉ်နှင့် ပတ်သက်နေသည့် အမျိုးသားက Facebook တင်သူကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။
ဘီလူးချောင်းတွင်း မျောပါသေဆုံးနေသူ အလောင်းအား ရဲများဆယ်ယူစစ်ဆေး
ကယားပြည်နယ် လွိုင်ကော်မြို့ ဘီလူးချောင်းတွင် ရေမျော သေဆုံးနေသည့် အမျိုးသား တဦး၏ အလောင်းကို ရဲများမှ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဆယ်ယူ စစ်ဆေးခဲ့သည်ဟု သိရသည်။
ကိုပါကြီးသေဆုံးမှု စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အမြန်တင်ရန် သမ္မတရုံး ညွှန်ကြား
ကိုပါကြီး သေဆုံးတဲ့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပြီး အစီရင်ခံ စာတစောင် အမြန်တင်ပေးဖို့ သမ္မတရုံးက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ညွှန်ကြား လိုက်ပါတယ်။
ကိုပါကြီး သေဆုံးပြီး ၁ လလောက်အကြာမှာ သမ္မတရုံး ညွှန်ကြားချက်ထွက်ပေါ်လာတာ ဖြစ်ပြီး ညွှန်ကြားချက်ထဲမှာ တပ်မတော်က သတင်းထုတ်ပြန်ထားတဲ့ ကေကေအို စောဆန်းအောင်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင် သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ဆိုပြီး ဖော်ပြပါရှိပါတယ်။
ဂရန်၊ မှတ်ပုံတင်၊ လိပ်စာအတုဖြင့် မြေကွက်လွတ်တခုကို ကျပ်သိန်းသုံးထောင်ဖြင့် ရောင်းချသူများ ထွက်ပြေးတိမ်းရှောင်နေ
အလုံမြို့နယ် အောင်ဇေယျလမ်းရှိ မြေကွက်လွတ်တခုကို ဂရန်အတု၊ မှတ်ပုံတင်အတု၊ လိပ်စာအတု ပြုလုပ်ကာ ကျပ် သိန်းသုံးထောင်ဖြင့် ရောင်းချသူများ ထွက်ပြေး တိမ်းရှောင်နေကြောင်း ၎င်းမြေအား ၀ယ်ယူခဲ့သူက အောက်တိုဘာ ၂၉ ရက်တွင် News Watch ဂျာနယ်သို့ ပြောကြားခဲ့သည်။
ကားတက်ကြိတ်မိရာမှ လူတဦးသေဆုံး
ဒီးမောဆိုမြို့နယ် မြို့မရပ်ကွက် (ဒေသအခေါ် ငုပလော့ ရပ်ကွက်) တွင် သဲတင်ကားတစီး နှင့် ဆိုင်ကယ် ချိတ်မိရာမှ ဆိုင်ကယ်မောင်းသူ ကို ကားကြိတ်သေဆုံးမှုတခုဖြစ်ပွားခဲ့ကြောင်း ဒီးမောဆို ရဲစခန်းမှသိရသည်။
လေးပွင့်ဆိုင်ပုံစံမျိုးမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ဒီနေ့ ထိပ်သီး ဆွေးနွေးပွဲကို လေးပွင့် ဆိုင်ပုံစံ လိုမျိုး သတ်မှတ်လို့ မရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြား လိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်၊ ကာချုပ်နဲ့ ဒေါ်စု အပါအဝင် ပါတီ ခေါင်းဆောင် တချို့ ဆွေးနွေး
မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ ဒုသမ္မတ နှစ်ဦးနဲ့ အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အဲလ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ပြည်ထောင်စု လွှတ်တော် နာယက အပါ အဝင် တခြား နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေ၊ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေနဲ့ နေပြည်တော် သမ္မတ အိမ်တော်မှာ သောကြာနေ့ မနက်ပိုင်းက တွေ့ဆုံ ဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ ပါတယ်။
ခြိမ်းခြောက်မှုကြောင့် ၀န်ခံရခြင်းဖြစ်ကြောင်း စွပ်စွဲခံလူငယ် ၂ ဦး ထပ်မံပြောကြား
ထိုင်းတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးကို ပေါက်တူး အနောင့်ပိုင်းနဲ့ ရိုက်နှက်ခဲ့တယ်လို့ ထွက်ဆိုခဲ့တာဟာ ဘာသာပြန်နဲ့ ရဲတွေက သတ်မယ်လို့ ခြိမ်းခြောက်တဲ့အ တွက် ဖြစ်ကြောင်း ဖမ်းဆီး ချုပ်နှောင်ခံနေကြတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့က  မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့ကို ဒီကနေ့ ထွက်ဆိုခဲ့ကြပါတယ်။
လိပ်ကျွန်းလူသတ်မှုကိစ္စအတွက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် လုပ်ငန်းရှင်အမတ် ၂ဦး လှူထားသည့် ငွေကျပ်သိန်း ၃၀၀ ပျောက်ဆုံးနေ
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ သံသယဖြစ်ကာ ဖမ်းဆီး စစ်ဆေးခြင်းခံနေရသော မြန်မာနိုင်ငံသား လူငယ်နှစ်ဦးကိစ်္စအတွက် သုံးစွဲရန် အမျိုး သားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် အမတ် နှစ်ဦးလှူထားသည့် ငွေကျပ်သိန်း ၃၀၀ မှာ ယခုအချိန်ထိမရရှိသေးကြောင်း အဆို ပါကိစ္စကို လိုက်ပါဆောင်ရွက်နေသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာဦးကျော်သောင်းက ပြောသည်။
မြင်လှည့်ပါတော့ သမီးလေးရယ်
နယ်သာလန်နိုင်ငံတွင် ယာဉ်တိုက်မှုဖြင့် ကွယ်လွန်သွားသော သမီးဖြစ်သူ၏ စိတ်ကူး အိပ်မက်ကို ဖခင်ဖြစ်သူက အောင်မြင်စွာ အကောင် အထည်ဖော် ပေးနိုင်ခဲ့ပြီဖြစ်သည်။
အသက် ၁၃ နှစ်အရွယ် အန်နာသည် သူမ မကွယ်လွန်မီက အွန်လိုင်းတွင် အောင်မြင်ထင်ရှားသူ တစ်ဦး ဖြစ်ရန် ဆန္ဒရှိခဲ့သည်။ သူမ ကွယ်လွန်ပြီးနောက် နှစ်ပတ်အကြာတွင် ဖခင်ဖြစ်သူ နစ်ဗန်ကူလန်က သူမ စန္ဒရား တီးခတ်နေသည့် ဗီဒီယိုကို အွန်လိုင်းတွင် တင်ခဲ့ရာ ၂၄ နာရီမပြည့်မီ ကြည့်ရှုသူ ၁ ဒသမ ၅ သန်းကျော်ရှိခဲ့ကြောင်း သိရသည်။
WFP ရန်ပုံငွေပြဿနာ မြန်မာဒုက္ခသည်တွေ ထိခိုက်
မြန်မာနိုင်ငံတွင်းက ပြည်တွင်းပဋိပက္ခတွေကြောင့် နေရပ်စွန့်ထွက်ပြေးခဲ့ကြရသူ ဒုက္ခသည်နှစ်သိန်းကျော်အတွက် ဆန်ပေးဝေမှု ငါးပုံတစ်ပုံ လျော့ချရတော့မယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က မနေ့က ပြောပါတယ်။
သမ္မတအိမ်တော် တွေ့ဆုံပွဲအခြေအနေ မေးမြန်းချက် – တစည စီအီးစီ ဦးသိန်းထွန်း
သမ္မတအိမ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွေမန်းနဲ့ ခွန်ထွန်းဦးတို့အပါအ၀င် အရပ်ဘက်နဲ့ စစ်ဘက် ထင်ရှားသူတွေ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
သမ္မတဖိတ်တဲ့တယောက်ဆယ်မိနစ်ဆွေးနွေးပွဲ
နိုင်ငံတော်သမ္မတရဲ့ ဖိတ်ကြားချက်နဲ့ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအ၀င်အဖွဲ့ ၅့ ဖွဲ့တို့ နိုင်ငံတော် သမ္မတရဲ့ ငုရွှေဝါ ဧည့်ခန်းမ ဆောင်မှာ ယနေ့နံနက် ၉နာရီ၃၀မိနစ်ခန့်က စတင် တွေ့ဆုံဆွေးနွေးခဲ့ရာ တယောက်ဆယ်မိနစ်စီ ဆွေးနွေးခွင့်အချိန်ရကာ နေ့လည် ၁၁နာရီ၄၅မိနစ်မှာ ပြီးဆုံးခဲ့ပါတယ်။
ထိပ်သီးဆွေးနွေးပွဲကတဆင့် နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် တောင်းဆို
ဒီနေ့ ပြုလုပ်ခဲ့တဲ့ နိုင်ငံရေး ထိပ်သီးအစည်းအဝေးကို ထောက်ခံကြိုဆို လိုက်ပြီး ဒီကနေတဆင့် နိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပသွားဖို့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းပါတီ (အန်ဘီအက်ဖ်) က တိုက်တွန်းလိုက်ပါတယ်။
ထိပ်သီးနိုင်ငံရေး ဆွေးနွေးပွဲ အနှစ်ချုပ် ဦးရဲထွဋ် ရှင်းလင်းပြောကြားချက်
မြန်မာနိုင်ငံရဲ့ အသွင်ကူး ပြောင်းရေးဖြစ်စဉ် ညင်သာခိုင်မာစွာ ကူးပြောင်းနိုင်ဖို့ အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စားလှယ်တွေ နေပြည်တော် သမ္မတ အိမ်တော်မှာ ပထမဆုံးအကြိမ် ဒီနေ့ မနက်က ၂ နာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ငြိမ်းချမ်းရေးကောင်စီတပ်သားနှင့် ဒေသခံအချို့အား BGF ၀င်ရောက်ရိုက်နှက်ခဲ့
အောက်တိုဘာ ၃၀ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြ၀တီမြို့ တောင်ကလေး အေးရိပ်သာ ဘုန်းကြီးကျောင်း အနောက်ဘက်ခြမ်း မြေနီကုန်းတွင် နယ်ခြား စောင့်တပ် (BGF)အဖွဲ့ဝင်တစ်စုက ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA PC) တပ်ဖွဲ့ဝင်နှင့် ဒေသခံ အချို့အား အောက်တိုဘာ ၂၅ရက် နေ့က ၀င်ရောက် ရိုက်နှက်ခဲ့သည်ဟု သိရသည်။
ကရင်အမျိုးသားရဲတပ်ဖွဲ့ (KPF) ရဲမှူး ၁ ဦးအပါအ၀င် ၅ ဦး သတ်ဖြတ်ခံရ
အောက်တိုဘာ - ၃၁ - ၂၀၁၄
ကရင်အမျိုးသား အစည်းအရုံး KNU လက်အောက်ခံ ဒူးပလာယာခရိုင်က မြို့နယ်ဒုရဲမှူး တဦး အပါအ၀င် တပ်ဖွဲ့ဝင် ၅ ဦး ဒီလ ၂၃ ရက်နေ့က သတ်ဖြတ်ခံရတဲ့ အတွက် တာဝန်ရှိသူတွေကို အရေးယူပေးဘို့ ကျန်ရစ်သူ မိဘဆွေမျိုး သားချင်းတွေက တောင်းဆိုမှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။
စစ်တွေ ဆတ်ရိုးကျချောင်းတွင် အမည်မသိ အမျိုးသားအလောင်း တစ်လောင်းတွေ့ ရှိ
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျချောင်းတွင် သေဆုံးနေသော အမည်မသိ အမျိုးသားအလောင်း တစ်လောင်းအား ရဲတပ်ဖွဲ့မှ တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။
စစ်သွေးကြွ လက်ချက်နဲ့ အီရတ်မှာ သေဆုံးသူ ၈၀၀ လောက်ရှိ
IS အစ္စလာမ်မစ် စစ်သွေးကြွတွေဟာ အခုသီတင်းပတ်အတွင်းမှာ သူတို့ကို ခုခံတဲ့ လူပေါင်း ၂၀၀ ကျော်ကို သတ်ဖြတ် ပစ်ခဲ့တယ်လို့ အီရတ် အာဏာပိုင်တွေ က ပြောဆိုပါတယ်။  တချိန်တည်းမှာပဲ အမေရိကန် လူ့အခွင့်အရေး အဖွဲ့ တခုကလည်း ဂျီဟတ် ဘာသာရေး အစွန်းရောက်တွေဟာ အကျဉ်းသား ၆၀၀ ကို အစုလိုက် အပြုံလိုက် ပစ်သတ်ခဲ့တယ်လို့ ပြောဆိုပါတယ်။
IS တွေ​ရဲ့ အစု​လိုက် အပြုံ​လိုက် အသတ် ခံထား​ရ​တဲ့ ကျင်း ၂ ကျင်း အီ​ရတ်​မှာ တွေ့
အီရတ် အနောက်ပိုင်း အဲန်ဘာ ဒေသ ဟစ်ထ်ဆိုတဲ့ မြို့မှာ လူတွေ အစုလိုက် အပြုံလိုက် အသတ် ခံရပြီးနောက် မြှုပ်နှံ ထားခဲ့တဲ့ ကျင်းကြီး ၂ကျင်း ကို တွေ့ရပါတယ်။
အစွန်းရောက် အဖွဲ့ IS တွေကို ဆန့်ကျင် တဲ့ ဆွန်နီ တိုက်ခိုက်ရေး သမားတွေကို IS တွေက အနီးကပ် သေနတ်နဲ့ ပစ်သတ်ပြီး မြှုပ်နှံ ထားခဲ့တာ လို့ ယူဆ ရပါတယ်။
ဂျေရုဆလင်မှာ တင်းမာမှု ဖြစ်နေ
ဂျေရုဆလင်မြို့က ​ဂျူးဘာသာရေး ​ဆရာတစ်ဦးကို ​ပစ်ခတ်ခဲ့တယ်လို့ ​ယူဆရတဲ့ ​ပါလစ္စတိုင်းသား ​တစ်ဦးကို ​အစ္စရေးက ​ပြန်လည် ​ပစ်သတ်လိုက်တဲ့ အတွက် ​အခြေအနေ ​တင်းမာမှုတွေ ​အထွဋ်အထိပ် ​ရောက်ရှိနေပါတယ်။
NATO မဟာမိတ်တွေ စိန်ခေါ်မှု မျိုးစုံ ကြုံနေရ
မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ NATO ရဲ့ အကြီးအကဲအသစ် ဖြစ်တဲ့ Jens Stoltenberg က ဥရောပ နဲ့ Atlantic ရပ်ဝန်းဒေသ မဟာမိတ် နိုင်ငံတွေဟာ ဘက်ပေါင်းစုံက စိန်ခေါ်မှု အများအပြားနဲ့ ရင်ဆိုင် နေရတယ် လို့ ပြောကြား လိုက်ပါတယ်။
မြန်မာနိုင်ငံသား ဒါရိုက်တာ ရိုက်ကူးသည့် ရုပ်ရှင်ကား ထိုင်ဝမ်တွင် အရောင်းစံချိန်တင်
ထိုင်ဝမ်ဦးစီးကျင်းပတဲ့ ၅၁ ကြိမ်မြောက် Golden Horse Awards ရုပ်ရှင်အကယ်ဒမီဆုမှာ ဒါရိုက်တာ Midi Z ရဲ့ “Ice Poison” ရုပ်ရှင်ကားဟာ အကောင်းဆုံး ဒါရိုက်တာ ဆုအဖြစ် ဇကာတင် ရွေးချယ်ခံ ထားရ ပါတယ်။
အသက် ၃၁ နှစ် ရှိပြီဖြစ်တဲ့ Midi Z ဟာ မြန်မာပြည်ဖွား လားရှိုးသားဖြစ်ပြီး ၁၆ နှစ် အရွယ်တည်းက ထိုင်ဝမ်မှာ ကျောင်းသွား တက်ခဲ့ တယ်လို့ သိရပါတယ်။
နိုင်ငံအကျိုး၊ အမျိုးသား အကျိုး စီးပွား ထိခိုက် နိုင်သည့် အတွက် ရွေးကောက်ပွဲ စနစ် မပြင်သင့် ကြောင်း NLD အမတ်များ ဆွေးနွေး
ရန်ကုန်၊ အောက်တိုဘာ ၃၁
ရှေးဟောင်း အမွေ အနှစ်များ ပျက်စီး မည်ဆိုပါက မြောက်ဦး မြို့တော် ခန်းမ တည်ဆောက်ခြင်းကို ကန့်ကွက်မည်
ရခိုင်ပြည်နယ်၏ ခရိုင်မြို့ (၅) ခုထဲတွင် တစ်ခု အပါအ၀င် ဖြစ်သော မြောက်ဦးတွင် တည်ဆောက်မည့် မြို့တော် ခန်းမကြောင့် ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များပျက်စီးမည်ဆိုပါက ကန့်ကွက်သွားမည်ဟု ရခိုင်လူမှု ကွန်ရက်(မြောက်ဦး)က ကြေညာချက် ထုတ်ပြန်သည်။
မြေယာမူဝါဒ မူကြမ်း TNI အဖွဲ့ ဝေဖန်
မြန်မာနိုင်ငံမှာ ဒီလအတွင်း အစိုးရက ချပြလိုက်တဲ့ မြေယာအသုံးချမှု မူဝါဒမူကြမ်းဟာ နိုင်ငံတွင်းနဲ့ နိုင်ငံခြားက ကုမ္ပဏီကြီးတွေ အတွက်သာ အကျိုးရှိမှာဖြစ်ပြီး၊ ပြည်တွင်းက သန်းနဲ့ချီတဲ့ ဆင်းရဲသား တောင်သူ လယ်သမားတွေ အတွက် မြေယာ ဆုံးရှူံးမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း ပညာရှင်အဖွဲ့ တစ်ဖွဲ့က ပြောပါတယ်။
သမ္မတ၊ ကာချုပ်၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် ပါတီခေါင်းဆောင်အချို့တွေ့ဆုံပွဲတွင် ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေးနှင့် ဒီမိုကရေစီရေးတို့ကို အဓိကထား ဆွေးနွေးမည်ဟုဆို
ရန်ကုန်၊ အောက်တိုဘာ ၂၉
ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေးနှင့် ဒီမိုကရေစီရေးတို့ကို အဓိကထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း လာမည့် အောက်တိုဘာ ၃၁ ရက်နေ့၌ ပြုလုပ်မည့် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌ များနှင့် နိုင်ငံရေး ပါတီခေါင်းဆောင်များ တွေ့ဆုံပွဲတွင် ပါဝင်မည့် နိုင်ငံရေး ပါတီ ခေါင်းဆောင် အချို့က အောက် တိုဘာလ ၂၉ ရက် ညနေပိုင်းတွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
မြန်မာသမ္မတ နဲ့ ဒေါ်စုကို သမ္မတ အိုဘားမား ဆက်သွယ် စကားပြော
အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ ကြာသာပတေးနေ့က မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အတိုက်အခံ ခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို တဦးချင်းထံကို သီးခြားစီခွဲပြီး တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆို ခဲ့တယ်လို့ ၀ါရှင်တန် သမ္မတ အိမ်ဖြူတော် ကပြောဆိုပါတယ်။
သမ္မတအိုဘားမား မြန်မာခရီးစဉ် ဆွေးနွေး
သမ္မတ အိုဘားမားဟာ မကြာခင်လာရောက်မယ့် သူ့ရဲ့ မြန်မာ ခရီးစဉ်အတွက် သမ္မတ ဦးသိန်းစိန်နဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ ဖုန်းပေါ်ကနေ သီးခြားစီ ဆွေးနွေး ခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ ဆွေးနွေးတဲ့ အထဲမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အကြောင်း၊ ရခိုင်ပြည်နယ်တွင်းက တင်းမာမှုတွေ ဖြေရှင်းနိုင်ဖို့အရေးနဲ့ လူသားချင်းစာနာမှု အခြေအနေတွေ အကြောင်း ပါဝင်တယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။
လွှတ်တော်အရပ်ရပ် ၁၀ ရက်ကြာ ရပ်နားပြီ
ကျင်းပနေတဲ့ လွှတ်တော်  အရပ်ရပ်ကို အောက်တိုဘာ ၃၁ ရက်ကစပြီး ၁၀ ရက်ကြာ ရပ်နားလိုက်ပါတယ်။
လက်ရှိပြည်သူ့ လွှတ်တော်မှာ ပီအာ လို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစနစ်နဲ့ ပတ်သက်လို့ ဆွေးနွေးလက်စ ဖြစ်နေပြီး ကိုယ်စား လှယ်စုစုပေါင်း ၄၀ ကျော်က ၀ိုင်းဆွေးနွေနေကြတာ ဖြစ်ပါတယ်။
Burkina Faso ဆန္ဒပြသူတွေ လွှတ်တော်ကို မီးရှို့
အနောက်အာဖရိကမှာ ​ရှိတဲ့ ​Burkina ​Faso ​နိုင်ငံမှာ ​သမ္မတကို ​မကျေမနပ်ဖြစ်ရာက ​ဆန္ဒပြသူတွေက ​လွှတ်တော်အဆောက်အဦးနဲ့ ​နိုင်ငံပိုင် ​ရုပ်မြင်သံကြား ​ရုံးချုပ်ကိုလည်း ​မီးရှိုးဖျက်ဆီးခဲ့ပါတယ်။
Burkina ​Faso ​နိုင်ငံကို ​၂၇ ​နှစ်ကြာ ​အုပ်ချုပ်လာတဲ့ ​သမ္မတက ​သူ့ရဲ့ ​သမ္မတ ​သက်တမ်း ​ထပ်မံ ​တိုးဖို့ ​ကြိုးစားနေတာကို ​မကျေနပ်တဲ့အတွက် ​ဆန္ဒပြသမား ​ရာနဲ့ချီက ​လွှတ်တော်ထဲဝင်ပြီး ​အကြမ်းဖက်ခဲ့ ကြတာပါ။
လူသတ်မှု စွပ်စွဲခံရသူ မြန်မာ ၂ ယောက်ကို ထိုင်းရှေ့နေတွေ အမှုလိုက်မယ်
ထိုင်းနိုင်ငံ တောင်ပိုင်း ကော်တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ယောက် အသတ်ခံရမှုမှာ စွပ်စွဲ ခံထားရတဲ့ မြန်မာ အလုပ်သမား နှစ်ယောက် အတွက် ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေတွေက အခမဲ့ လိုက်ပါ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
မြန်မာလူငယ်နှစ်ဦးကို သံရုံးကိုယ်စားလှယ်အဖွဲ့ ထပ်မံသွားရောက်တွေ့ဆုံမည်
ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံရမှုနဲ့ စွပ်စွဲ ဖမ်းဆီး ခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို မြန်မာသံရုံး ဒုတိယစစ်သံမှူး ဦးဆောင်တဲ့ အထူး ကိုယ်စားလှယ် အဖွဲ့က မနက်ဖြန် ကော့စမွီ အကျဉ်းထောင်မှာ တတိယ အကြိမ်မြောက် သွားရောက် တွေ့ဆုံမယ်လို့ သိရပါတယ်။
ချိန်ခါမဟုတ် မိုးကြီးနိုင်ကြောင်း ဒေါက်တာထွန်းလွင် သတိပေး
အိန္ဒိယနိုင်ငံကို အခုရက်ပိုင်း ၀င်ရောက်ဖွယ်ရှိတဲ့ ဆိုက်ကလုန်း မုန်တိုင်းကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်း နိုင်တဲ့ အတွက် စပါးရိတ်သိမ်းနေကြတဲ့ လယ်သမားတွေ သတိထားကြဖို့ မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးထားပါတယ်။
မြန်မာ့ရုပ်သေးပွဲ ကမ္ဘာ့အလယ်တွင် ပေါ်လွင်ထင်ရှားတင့်တယ်
ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ကျင်းပမည့် ကမ္ဘာ့ရုပ်သေးပွဲတော်တွင် ထိုင်းနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူး Sirinchaya Guntiya ၏ ဖိတ်ကြားမှုဖြင့် မြန်မာ ကိုယ်စားပြု ထွေးဦး(မြန်မာ) ရုပ်သေးအဖွဲ့ သွားရောက်ကပြ မည်ဖြစ်သည်။ နိုင်ငံပေါင်း ၆၆ နိုင်ငံမှ ၁၁၄ အဖွဲ့ တက်ရောက် ကြမည်ဖြစ်ပြီး အာရှနိုင်ငံ ရှစ်နိုင်ငံမှ ၁၁ ဖွဲ့ပါဝင်မည် ဖြစ်သည်။ ပွဲတော်ကျင်းပရခြင်းမှာ နိုင်ငံအသီးသီးရှိ ရုပ်သေးအနုပညာရှင်တို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများကို ထုတ်ဖော်ပြသဖလှယ်ခွင့် ရရှိစေရန်ဖြစ်သည်။
လွတ်တော်တွင် ကြက်ဆူပင်စီမံကိန်းဆိုင်ရာ မေးခွန်း လယ်/ဆည်ဒုဝန်ကြီးမဖြေနိုင်
ယခင်အစိုးရ လက်ထက်က စတင် အကောင်အထည် ဖော်ခဲ့သည့် ဆယ်နှစ် ကြာခဲ့ပြီ ဖြစ်သော ကြက်ဆူပင်စီမံကိန်းနှင့် ပတ်သက်သည့် ကြယ်ပွင့်ပြ မေးခွန်းကို အောက်တိုဘာ ၂၉ ရက်နေ့ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးအောင်က မေးမြန်းခဲ့ရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယ၀န်ကြီးက ပြန်လည်ဖြေကြား ရာတွင် မေးခွန်းနှင့် အဖြေကွာခြားနေ၍ ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။
သိမ်းဆည်းလယ်မြေ ပြန်ရရှိရေးဆန္ဒပြသူ ၄ ဦးကို ထောင်ဒဏ်တွေချမှတ်
ကရင်ပြည်နယ် ဘားအံနဲ့ လှိုင်းဘွဲ့မြို့နယ်မှာ သိမ်းဆည်း ခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ အတွက် ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ရက်နေ့က ဆန္ဒပြတောင်းဆို ခဲ့သူတွေထဲက ဦးဆောင်သူတွေ ဖြစ်တဲ့ ၈၈ ကရင်မျိုးဆက် ကျောင်းသား အစည်းအရုံး အဖွဲ့ဝင် ၄ ဦးကို တရားမဝင်စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ဘားအံမြို့နယ်တရားရုံးက မနေ့က ထောင်ဒဏ် ၄ လစီ ချမှတ်ခဲ့ပါတယ်။
မဂျာဆိုင်းအိန် သေနတ်မှန်သေဆုံးမှု ဖော်ထုတ်ပေးဖို့ ဖခင်တောင်းဆို
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်ငိုင်ယန်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က နဝမတန်းကျောင်းသူ မဂျာဆိုင်းအိန် သေဆုံးခဲ့ရတဲ့ အမှုကိုဖော်ထုတ်ပြီး ကျူးလွန်သူကို အရေးယူပေးဖို့ မိသားစုဝင်တွေက မြစ်ကြီးနားမြို့ သီတာနှစ်ခြင်း ခရစ်ယာန် အသင်းတော်ခန်းမမှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ တောင်းဆိုလိုက်ပါတယ်။
မြန်မာ​ပြည်​က ဒုက္ခ​သည်​တွေ အတွက် ဆန်​ကိုယ်​တာ လျှော့
ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ် ရိက္ခာ အစီအစဉ် အဖွဲ့ WFP မှာ ဘဏ္ဍဍာရေးဆိုင်ရာ လိုငွေတွေ ပြနေတဲ့ အတွက်၊ မြန်မာပြည်မှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေကို ပေးနေကျ ဆန် ပမာဏတွေကို နိုဝင်ဘာ လထဲမှာ ၂၀ ရာခိုင်နှုန်း အထိ လျှော့ချ သွားမယ် လို့ အဲဒီ့ အဖွဲ့ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဘီဘီစီကို ပြောပါတယ်။
ဒီလို လျှော့ချမှုကြောင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က ရွာပုန်း ရွာရှောင် ဒုက္ခသည် ၇သောင်း လောက်နဲ့ ရခိုင်ပြည်နယ်က မွတ်စလင် ဒုက္ခသည်ပေါင်း သိန်းချီ ထိခိုက်မှာ ဖြစ်ပါတယ်။
Gay ဖြစ်ရသည်ကို ဂုဏ်ယူမိကြောင်း Apple CEO တင်မ်ကွတ်ဆို
Apple ၏ အမှုဆောင် အရာရှိချုပ် (CEO) ဖြစ်သူ တင်မ်ကွတ်က မိမိအနေဖြင့် မိန်းမလျာ (gay) တစ်ဦးဖြစ်ရသည့် အတွက် ဂုဏ်ယူမိကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆို လိုက်ပြီဖြစ်သည်။
မိမိတို့၏ အခြေအနေ အမှန်အား ဖွင့်ဟရန် ခက်ခဲနေသူများ အတွက် ယခုကဲ့သို့ လူသိရှင်ကြား ကြေညာချက်ဖြင့် အကူအညီပေးရန် ရည်ရွယ်သည်ဟု တင်မ်ကွတ်က ဆိုသည်။
ISIS ကို တိုက်မယ့် Iraq ကာ့ဒ် တွေ Kobani ရောက်ရှိ
ဆီးရီးယားမြောက်ပိုင်း ကိုဘာနီမြို့မှာ IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းမယ့် အီရတ်ကာ့ဒ်တပ်ဖွဲ့ဝင် ပထမအသုတ်ဟာ ကိုဘာနီမြို့ဆီ ရောက်သွား ကြပြီလို့ လှုပ်ရှားသူတွေ ကပြောပါတယ်။ အီရတ်နိုင်ငံ၊ ကာဒစ္စတန်ဒေသက peshmerga တပ်ဖွဲ့ဝင် ၁၀ ယောက်လောက်ဟာ တူရကီကနေ နယ်စပ်ဖြတ်ပြီး ကိုဘာနီမြို့ထဲ ၀င်သွားပြီလို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်လေ့လာရေး အဖွဲ့က ပြောပါတယ်။
ဘာ​ကီ​နာ​ဖာ​ဆို နိုင်ငံမှာ အစိုးရ ဖျက်​သိမ်း​ကြောင်း စစ်​တပ်​က ကြေညာ
အနောက်အာဖရိက ကုန်းတွင်းပိတ် နိုင်ငံတစ်ခု ဖြစ်တဲ့ Burkina Faso မှာ၊ လက်ရှိ အစိုးရနဲ့ လွှတ်တော်ကို ဖျက်သိမ်း လိုက်ကြောင်း စစ်တပ် အကြီးအကဲ ဗိုလ်ချူပ် ဟိုနိုရီ ထာရာအိုရေး က ကြေညာ လိုက်ပါတယ်။
နိုင်ငံရေး ပါတီတွေ နဲ့ ညှိနှိုင်းပြီး အသွင်ကူးပြောင်းရေး အစိုးရ တစ်ရပ်က ၁၂ လ ကြာမျှ အာဏာ လွှဲပြောင်း ယူမယ် လို့ ဆိုပါတယ်။
ဘူကီနာဖာဆိုတွင် ဒေါသထွက်နေသည့် လူအုပ်ကြီးက ပါလီမန်ကို မီးတင်ရှို့
ဘူကီနာဖာဆိုနိုင်ငံတွင် ဒေါသထွက်နေသည့် လူအုပ်ကြီးက ပါလီမန်ကို မီးတင်ရှို့လိုက်ကြောင်း သိရသည်။
လက်ရှိသမ္မတ Blaise Campaore သည် တိုင်းပြည်ကို အုပ်ချုပ်လျက်ရှိ သည်မှာ ၂၇ နှစ်ရှိနေပြီ ဖြစ်သည်။ ၎င်းအား လာမည့် သမ္မတ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ပြုသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ရပ်ကို ပါလီမန်က အတည်ပြုခဲ့ သည့်အတွက် လူအများက စိတ်ဆိုး ဒေါသ ထွက်ကာ ပါလီမန်ကို မီးတင်ရှို့သည် အထိဖြစ်လာရကြောင်း ဘီဘီစီသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
ဂျာနယ်တစ်စောင်တွင် ဘာသာရေးစော်ကားမှု ကိစ္စပါဝင်သည့် သတင်းစာရှင်းလင်းပွဲ မန္တလေးမှာ ဘာသာပေါင်းစုံမှ ပြုလုပ်ခဲ့
df0705c30ae1a9a0b688df204bf4f69383acbaf6e84c890b76734726dbbdb1d0
ဘာသာတစ်ခုနှင့်တစ်ခု အမုန်းတရားမပွားကြစေရန် ဘာသာပေါင်းစုံ ငြိမ်းချမ်းမှုရှိစေရန်နှင့် ဂျာနယ်တစ်စောင်တွင် ဘာသာတရား တစ်ခုအား စော်ကားရေးသား ထားသည့် ကိစ္စ အပါအဝင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ‘ဘာသာကိုယ်စီ အေးချမ်းသည် ဒို့တတွေရှောင်ရှား အမုန်းတရား’ခေါင်းစဉ်ဖြင့်  မန္တလေးမြို့ရှိ ကံတက်ကုန်း မစိုးရိမ်ကျောင်းတွင် ယနေ့နံနက် ၉း၄၅ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Thursday, October 30, 2014
လက်မပါတဲ့ ကမ္ဘာ့ ပထမဆုံး ပိုင်းလော့ Jessica Cox
Jessica Cox လို့ အမည်ရတဲ့ အသက် ၃၁ နှစ် အရွယ် အမျိုးသမီးဟာ မွေးရာပါ အားနည်းချက်ကြောင့် လက်နှစ်ဖက် ပါမလာ ပါဘူး။ ဒါပေမယ့် သူမမှာ ပါလာတဲ့ ပါရမီကတော့ အံ့မခန်းပါပဲ။ ယနေ့ ကမ္ဘာမှာ ပထမဦးဆုံး လက်မပါတဲ့ လေယာဉ်မှူး အဖြစ် စံချိန်တင်ထားပါတယ်။
သူပုန်ထောက်ပံ့မှုဟုဆိုကာ ရွာသားများအားဖမ်းဆီး အုပ်ချုပ်ရေးမှူးကို မိုးမိတ်မြို့ စစ်ဗျူဟာရုံးသို့ ခေါ်စစ်
မိုးမိတ်မြို့အောက်တိုဘာ ၃၀ ရက် ၂၀၁၄
သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် လောက်လုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား အခြေချ စစ်ဗျူဟာ က ခေါ်ယူစစ်ဆေးသကဲ့သို့ ရွာသားတချို့အားလည်း သူပုန်ထောက်ပံ့သည်ဟုဆိုကာ ဖမ်းဆီးသွားရာ မည်သူနှင့်မျှ တွေ့ဆုံခွင့် မပေးကြောင်း ရွာသားများကပြောသည်။
လိပ်ကျွန်းသူကြီးသား သတင်းစာရှင်းပွဲတွင် ဒီအန်အေ အစစ်ခံ
ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း) က ဗြိတိန်နိုင်ငံသား ၂ ဦးအသတ်ခံရတဲ့ ကိစ္စမှာ အဓိက ပါဝင်ပတ်သက်သူလို့ လူမှုကွန်ရက်က ပစ်မှတ်ထား သံသယဖြစ်ခံနေရတဲ့ ကျွန်းသူကြီးရဲ့သား နိုင်းဝါလ်လုတ့် တုဝိချဲ ဟာ ဒီနေ့ အောက်တိုဘာ ၃၀ ရက် မနက်က ဘန်ကောက် ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရုံးချုပ်မှာ ဒီအန်အေ စစ်ဆေးခံခဲ့ပါတယ်။
ဆီရီးယားတွင် ISIS အဖွဲ့က ဆီးရီးယားစစ်ဘက် အကြီးအကဲ ၇၀ ဦးကို ခေါင်းဖြတ် သတ်ဖြတ်ခဲ့
ဒမတ်စကတ် ၊ ၃၀-၁၀-၂၀၁၄
ဆီးရီးယားနိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များသည် ယင်း နိုင်ငံအတွင်းရှိ အစိုးရစစ်ဘက် ခေါင်းဆောင် အနည်းဆုံး ၇ဝ ဦးကို ခေါင်းဖြတ် သတ်ဖြတ် ခဲ့ကြောင်း သိရသည်။
ငွေမည်းဖြင့် အိမ်ခြံမြေ ၀ယ်ယူ ဈေးကစားသည့် အဖွဲ့အစည်း ၊ ကုမ္ပဏီများကို အရေးယူမည်
ရန်ကုန် ၊ ၃၀-၁၀-၂၀၁၄
ငွေမည်းဖြင့် အိမ်ခြံမြေ ဝယ်ယူ၍ ဈေးကစားသည့် အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီ များကို ဖော်ထုတ် တွေ့ရှိပါက ဒဏ်ကြေးငွေ ကျပ်သိန်း ၅ဝဝ နှင့် ထောင်ဒဏ် ခုနစ်နှစ်အထိ အရေးယူမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
(၅)လွှာတိုက်ခန်းဝရန်တာ အုတ်ခုံပေါ်တွင်ထိုင်နေသူ အမျိုးသမီးငယ်တစ်ဦး ပြုတ်ကျသေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၃၀
၂၉.၁၀.၂၀၁၄ ရက်နေ့ ၁၉၄၀ အချိန်တွင် ပန်းဘဲတန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အမျိုးသမီးတစ်ဦး (၅)လွှာတိုက်ခန်းမှ ပြုတ်ကျသေဆုံးပြီး ရန်ကုန် ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ရှမ်းပြည်နယ်၊ လားရှိုးမြို့နေ မတင့်တင့်စိုး၊ (၂၀)နှစ်ဖြစ်ပြီး ၎င်းတွင် ပါးစပ်သွေးထွက်၊ မေးစေ့ကွဲ ဒဏ်ရာများ ရရှိထားသည်ကိုတွေ့ရှိ ရပါသည်။
အိန္ဒိယ ရထား သံလမ်း ဘေးတွင် ကိုယ်လက် အင်္ဂါ ပြတ်တောက် သေဆုံး နေသည့် ဗြိတိန် နိုင်ငံသား အလောင်းတွေ့ရှိ
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ် ကမ်ပူမြို့နားက ချန်ဒါရီဘူတာရဲ့ ရထား သံလမ်းဘေးမှာ ကိုယ်လက်အင်္ဂါတွေ ပြတ်တောက်ပုံ ပျက်နေတဲ့ ဗြိတိန်နိုင်ငံသား တယောက်ရဲ့ အလောင်းကို အောက်တိုဘာ ၂၉ ရက်နေ့က တွေ့ရပါတယ်။
ကိုထင်ကျော်အမှု ယနေ့ အမိန့်ချမည်
ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့ (အမ်ဒီစီအက်ဖ်)မှ ကိုထင်ကျော်ကို ကျောက်တံတားမြို့နယ် ရဲစခန်းက စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(ခ)အတွက် ဒီနေ့ အောက်တိုဘာ ၃၀ ရက်နေ့မှာ အမိန့်ချမှာ ဖြစ်ပါတယ်။
ISIS အဖွဲ့က အသေခံဗုံးခွဲသမားများ နှင့် လူသားတံတိုင်းများ အဖြစ် ကလေးစစ်သားများကို အသုံးပြုလျက်ရှိ
ဝါရှင်တန် ၊ ၃၀-၁၀-၂၀၁၄
ISIS စစ်သွေးကြွ အဖွဲ့သည် ၆ နှစ်သား အရွယ်မျှသာ ရှိသေးသည့် ကလေးသူငယ် များကို အသေခံ ဗုံးခွဲသမားများ အဖြစ် လေ့ကျင့်ပေးလျက် ရှိကြောင်းနှင့် ဒဏ်ရာရရှိသည့် ISIS စစ်သွေးကြွ များအတွက် သွေးလှူရှင်များ အဖြစ် ရှေ့တန်း စစ်မြေပြင်သို့ ခေါ်ဆောင်လျက် ရှိကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့ NEWSnow သတင်းတစ်ရပ် အရ သိရသည်။
ISIS စစ်သွေးကြွ များအား သုတ်သင်မှုအတွက် တစ်ရက်အသုံးစရိတ် ဒေါ်လာ ၈ ဒသမ ၃ သန်းခန့် ကုန်ကျဟု ပင်တဂွန်စစ်ဌာနချုပ် ခန့်မှန်း
ဝါရှင်တန် ၊ ၃၀-၁၀-၂၀၁၄
ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ ISIS စစ်သွေးကြွ များအား လေကြောင်းမှ ထိုးစစ်ဆင် ချေမှုန်းသုတ်သင် ရာတွင် တစ်ရက် အသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ သန်းခန့် ကုန်ကျသည့် ခန့်မှန်းချက်အား ပင်တဂွန် စစ်ဌာနချုပ် က ပြန်လည် သုံးသပ်မှု ပြုလုပ်ခဲ့ကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့ AFP သတင်းတစ်ရပ် အရ သိရသည်။
သီရိလင်္ကာမှာ မြေပြို လူ ၁၀၀လောက် သေနိုင်
သီရိလင်္ကာနိုင်ငံက ​လက်ဖက် ​စိုက်ပျိုးရာ ဒေသမှာ ​မြေပြိုမှု ​ဖြစ်ခဲ့တဲ့ အတွက် ​လူပေါင်း ​တစ်ရာလောက် ​အရှင်လတ်လတ် ​မြေမြုပ်သဂြိုလ်ခံရတဲ့ အနေအထား ​ဖြစ်ခဲ့ပါတယ်။
သွေးလွန်တုတ်ကွေး တိုက်ဖျက်တဲ့ ခြင်တွေကို စေလွတ်ပြီ
သြစတြေးလျနိုင်ငံ ​မြောက်ပိုင်း ​ကွင်းစလန်း ပြည်နယ်မှာ ​သွေးလွန်တုတ်ကွေး ရောဂါ ​ကာကွယ်နိုင်မယ့် ​ခြင်အကောင်ပေါင်း များစွာကို ​ကျန်းမာရေး အာဏာပိုင်တွေက ​လွတ်ပေး လိုက်ပြီ ​ဖြစ်ပါတယ်။
အာဏာ လက်မလွှတ်ချင်သူကို တားမြစ်ရမည်
ကိုယ့်လက်ထဲ ရရှိထားတဲ့ အာဏာကို လက်မလွှတ်ချင်လို့ နည်းလမ်း အမျိုးမျိုးသုံးပြီး ဆုပ်ကိုင်ထား တယ်ဆိုတာ လုံးဝ မသင့်တော်ဘူး၊ ဒါမျိုးကို တားမြစ်နိုင်အောင် လုပ်သွား ကရမယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောကြား လိုက်ပါတယ်။
အစိုးရ ချေးငွေ ပြန်မဆပ်နိုင်တဲ့ လယ်သမားများကို ကူညီမည်
မြန်မာ့ လယ်ယာ စိုက်ပျိုးရေး ဘဏ်က ထုတ်ချေး ထားတဲ့ စိုက်ပျိုး စရိတ် ချေးငွေတွေ ပြန်မဆပ်နိုင်တဲ့ သမဂ္ဂအဖွဲ့ဝင် လယ်သမားတွေ အနေနဲ့ မြန်မာနိုင်ငံ တောင်သူ လယ်သမားနဲ့ စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်ဆီ အထောက်အထား ခိုင်ခိုင်မာမာ တင်ပြနိုင်ရင် ဖြေရှင်း ပေးမယ်လို့ ပြောပါတယ်။
ယူကရိန်းအရာရှိကြီး ၉၀ ကျော် အဂတိလိုက်စားမှုနဲ့ အရေးယူ
ထိပ်တန်း အစိုးရအရာရှိ ၉၁ ယောက်ကို ရာထူးက ထုတ်ပယ်ခဲ့တယ်လို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီး Arsen Avakov က ပြောပါတယ်။ အဲဒီထဲမှာ ရုရှားလိုလားတဲ့ ယူကရိန်း အစိုးရဟောင်းနဲ့ ဆက်နွယ်မှုရှိတဲ့ ဗိုလ်ချုပ်ကြီး ၈ ဦး ပါဝင်ပါတယ်။
ဟံသာဝတီလေဆိပ် စီမံကိန်းအတွက် စင်ကာပူနှင့် ဂျပန် ကုမ္ပဏီိ လုပ်ဆောင်ခွင့်ရရှိ
မြန်မာနိုင်ငံမှာ တည်ဆောက်မယ့် ဟံသာဝတီ လေဆိပ်စီမံကိန်း အတွက် စင်ကာပူ ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ ဂျပန် ကုမ္ပဏီတို့က လုပ်ဆောင်ခွင့် ရရှိသွားပါတယ်။
အစိုးရနဲ့ တောင်ကိုးရီးယား အင်ချွန်နိုင်ငံတကာ ကုမ္ပဏီတို့ ဒီနှစ်အစောပိုင်းမှာ သဘောတူညီချက် ပျက်ပြား သွားတဲ့နောက် ဂျပန် JGCနဲ့ ယောင်နမ် ဦးပိုင်ကုမ္ပဏီ (YNH)တို့ ရရှိသွားတာ ဖြစ်ပါတယ်။
LCD နိုင်ငံအဖြစ်က မြန်မာရုန်းထွက်ရေး ကုလကူညီမည်
ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးမှု ညီလာခံ UNCTAD က မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ တနိုင်ငံ အဖြစ်ကနေ လွတ်မြောက် နိုင်စေဖို့ အတွက် နည်းပညာ အကူညီတွေ ပေးမှာ ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံးက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုပါတယ်။
ရခိုင်ပြည်နယ်တွင်း တင်းမာမှုပြဿနာ ကုလစိုးရိမ်
၂၀၁၅ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေတဲ့ မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေး ဆွေးနွေး မှုတွေ၊ ဥပဒေသစ် ပြဌာန်းမှု တွေနဲ့ အတူ ပြုပြင် ပြောင်းလဲမှုတွေ ဆက်ပြီး လုပ်နေပေမဲ့ ရခိုင်ပြည်နယ်တွင်း တင်းမာမှုတွေ အခုထိ မလျော့ပါး သေးတာ အတွက် အထူး စိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က ပြောကြား လိုက်ပါတယ်။
အစုရှယ်ယာ ဝယ်တဲ့ စီမံကိန်း အမေရိကန် အဆုံးသတ်
အမေရိကန် ဗဟိုဘဏ် Federal Reserve က အစုရှယ်ယာတွေ ပြန်ဝယ်ယူတဲ့ စီမံကိန်းကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အမေရိကန် ဗဟိုဘဏ်က အသစ်ဖန်တီးထားတဲ့ ငွေတွေနဲ့ အစုရှယ်ယာတွေ ပြန်ဝယ်တဲ့ အဲဒီ စီမံကိန်းမှာ ဒေါ်လာ ၃ထရီလျံ ခွဲ သုံးခဲ့တယ်လို့ ခန့်မှန်းရပါတယ်။
စစ်မှုထမ်းတွေ လိုင်ဘေးရီးယားကပြန်အရောက် သီးသန့်ထားဖို့ရှိ
အနောက်အာဖရိက နိုင်ငံ မှာ အီဘိုလာ ရောဂါ နဲ့ ပတ်သက်လို့ အမေရိကန် စစ်မှုထမ်းတွေ ကို အကူအညီပေးရအောင် စေလွှတ်ထားရာ က ပြန်လာတဲ့ အခါကျရင် အများနဲ့ ခွဲထားမဲ့ ၂၁ ရက် သတ်မှတ်မဲ့ အကြောင်း ဝါရှင်တန် မှ ဘီဘီစီ သတင်းထောက် ဘာဘရာပလက် အာရှာ က သတင်းပေးပို့ လိုက်ပါတယ်။
Miss International Beauty Pageant 2014 ပြိုင်ပွဲ အလှမယ် မေဘရဏီသော် ၀င်ရောက် ယှဉ်ပြိုင်မည်
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် Miss International Beauty Pageant 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မေဘရဏီသော်က အကောင်းဆုံး ယှဉ်ပြိုင်သွား မယ်လို့ ဒီဗွီဘီ ကို ပြောပါတယ်။
UNFC အဖွဲ့ဝင် အဖြစ်က ဆက်ရပ်ဆိုင်းထားမယ်လို့ ကေအန်ယူက ပြော
အောက်တိုဘာလ ၂၃ ရက်နေ့က စတင်ခဲ့တဲ့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး ဗဟိုကော်မီတီ အစည်းအဝေး ဒီကနေ့ အောက်တိုဘာလ ၂၉ ရက်မှာ ပြီးဆုံးသွားခဲ့ပါပြီ။
ဒီအစည်းအဝေးမှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် အဖြစ်ကနေ ကေအန်ယူ ယာယီ နှုတ်ထွက်ထားတဲ့ ကိစ္စ၊ ကရင် လက်နက်ကိုင်အဖွဲ့တွေ တစုတစည်းနဲ့ KAF ကော်သူးလေ တပ်မတော် ဖွဲ့စည်းရေး သဘောတူထားတဲ့ ကိစ္စနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
လိုင်ဘေးရီးယားမှာ အီဘိုလာ ကူးစက်နှုန်း တုံ့နှေးလာ
အီဘိုလာ ကူးစက် ပြန့်ပွားမှုကို အဆိုးရွားဆုံး ခံစားရတဲ့ လိုင်ဘေးရီးယား နိုင်ငံမှာ အခုတော့ ရောဂါ ပြန့်ပွားမှုနှုန်း နှေးကွေးလာပြီလို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က ပြောပါတယ်။
ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ တုံ့ပြန် လုပ်ဆောင်မှုတွေ အသာစီး ရလာပြီလို့ ယုံကြည်ရကြောင်း WHO ရဲ့ လက်ထောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Bruce Aylward က ပြောပါတယ်။
ဝမ်ပေါင်ကုမ္ပဏီ မြန်မာပြည်က ထွက်ခွာသွားဖို့ လက်ပံတောင်းမှာ တောင်းဆိုဆန္ဒပြ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆောင်ရွက်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီ မြန်မာနိုင်ငံက ထွက်သွားဖို့ လက်ပံတောင်းမှာ ဒေသခံတွေက ဒီနေ့ ချီတက်ဆန္ဒပြ ခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ်ခေါင်းဆောင် သေဒဏ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အကြီးဆုံး အစ္စလာမ်မစ် ပါတီ အကြီးအကဲ တဦးကို စစ်ရာဇ၀တ်မှုတွေ ကျူးလွန်မှုနဲ့ ဘင်္ဂလားဒေ့ရှ် တရားသူကြီးတွေက သေဒဏ်ချ မှတ်လိုက်ပါတယ်။
မြန်မာလူငယ်နှစ်ဦးကို မျိုးရိုးဗီဇ ထပ်မံစစ်ဆေးဖို့ ထိုင်းဝန်ကြီးချုပ် ခွင့်ပြု
ထိုင်းနိုင်ငံ ခိုထောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ကိုဝင်းဇော်ထွန်း နဲ့ ကိုဇော်လင်းတို့ရဲ့ မျိုးရိုးဗီဇ DNA ကို ထပ်မံစစ်ဆေး ခွင့်ပြုမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ဒီကနေ့ ပြော ကြားလိုက်ပါတယ်။
ကိုပါကြီး သတ်ဖြတ်ခံရမှု ၄၆ ဖွဲ့ တိုင်ကြားမည်
အလွတ်တန်း သတင်းထောက် ကိုပါကြီး အသတ်ခံရတာ နဲ့ ပတ်သက်ပြီး တပ်မတော်က ထုတ်ပြန်ချက်မှာ ပါတဲ့ အချက်တွေဟာ အဖြစ်မှန်နဲ့ ကွာဟထောက်ပြဝေဖန် စရာတွေ ရှိနေတာကြောင့် အဖြစ်မှန်ပေါ်ပေါက် ဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြား သွားမယ်လို့ အရပ်ဖက်လူမှု အဖွဲ့အစည်း ၄၆ ဖွဲ့ ပါဝင်တဲ့ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ကိုပါကြီးကိစ္စ အမှုမှန်ဖေါ်ဖို့ အမေရိကန် တောင်းဆို
အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှုနဲ့ ပတ်သက်လို့ ပွင့်လင်း မင်သာမှု ရှိတဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ အမေရိကန် ပြည်ထောင်စု ကလည်း တောင်းဆို ထားပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ အလွန်ပဲ စိုးရိမ်မကင်း ဖြစ်တဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့် ရသူက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
ကိုဘာနီမြို့တိုက်ပွဲများတွင် စစ်ကူပေးရန် ကာ့ဒ်တပ်ဖွဲ့ဝင်များ တူရကီနိုင်ငံထဲ ရောက်ရှိ
တူရကီနယ်စပ်က ကိုဘာနီမြို့မှာ စစ်ကူပေးမယ့် အီရတ်နိုင်ငံက ပတ်ရှ်မာဂါ ကာဒ့်တပ်ဖွဲ့ဝင် အယောက် ၇၀ ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က  အီရတ်နယ်စပ်ကနေ တူရကီနိုင်ငံထဲကို ၀င်ရောက်လာကြပါတယ်။ စစ်ယာဉ်တန်း အစီး ၅၀ နဲ့ ၀င်ရောက်လာကြတာပါ။
ISIS ကိုတိုက်ဖို့ အိမ်နီးချင်း ကဒ်တွေအင်အားဖြည့်
ဆီးရီးယားနိုင်ငံမြောက်ပိုင်း နယ်စပ် ကိုဘာနီမြို့မှာ IS အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ သီတင်းပတ် တွေနဲ့ချီ တိုက်ပွဲတွေဖြစ်နေတဲ့ ကာ့ဒ်တပ်ဖွဲ့တွေ ဘက်ကနေ အားဖြည့် ကူညီ တိုက်ခိုက်ဖို့ နောက်ထပ် ကာ့ဒ်တပ်ဖွဲ့တွေ ရောက်လာ နေပါတယ်။
ည ၁၀ နာရီနောက်ပိုင်း မီးထွန်း၊ သွားလာလျှင် ပစ်ခတ်ခံရမည်ဟု ဗိုလ်သိန်းစိန်ညွှန်ကြား
အောက်တိုဘာ ၂၉ ရက် ၂၀၁၄
သျှမ်းပြည်တောင်ပိုင်း ကာလိမြို့နယ်ခွဲအတွင်း တပ်ချလှုပ်ရှားနေသည့် ခြေလျင်တပ်ရင်း အမှတ် ၁၅၁ လက်အောက်ခံ တပ်ခွဲမှူး ဗိုလ်သိန်းစိန်က ကျေးလက်လူထုအား ည ၁၀ နာရီ နောက်ပိုင်းမီးမထွန်းရ၊ မီးထွန်းသွားလာလျှင် ပစ်ခတ် ခံရမည်ဟု ဒေသခံများအား ဆင့်ခေါ်ကာ ညွှန်ကြားထားသည်ဟု ဆိုသည်။
သီရိလင်္ကာ မြေပြိုမှု လူ ရာချီ ပျောက်ဆုံးနေ
သီရိလင်္ကာ နိုင်ငံ အလယ်ပိုင်းမှာ မိုးများပြီး မြေပြိုကျမှုကြောင့် လူ ၁၀ ယောက် ထက်မနည်း သေဆုံးခဲ့တယ်လို့ သီရိလင်္ကာ အရာရှိတွေက ဘီဘီစီကို ပြောပါတယ်။
ကော်သူလေးတပ်မတော်ဖွဲ့စည်းရန် ဆုံးဖြတ်
ကရင်ပြည်နယ် မြ၀တီမြို့နယ်အပိုင်က ဒီကေဘီအေ ဌာနချုပ် ဆုံဆည်းမြိုင်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေရဲ့ ဆွေးနွေးပွဲကနေ ကော်သူလေး တပ်မတော် အဖြစ် ပေါင်းစည်းဖို့ သဘောတူ ဆုံးဖြတ်လိုက်ကြ ပါတယ်။
မိမိကိုယ်ကိုယ် မီးရှို့မည်ဆိုသည့်သတင်း တိုက်ခိုက်မှုဟု ဦးဝီရသူ မိန့်ကြား
မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်း မပေးရင် မိမိကိုယ်ကိုယ် မီးရှို့ ဆန္ဒပြမယ်လို့ ဦးဝီရသူက မိန့်ကြားကြောင်း လူမှုရေးကွန်ရက် အင်တာနက် စာမျက်နှာပေါ်မှာ ပျံ့နှံနေတာဟာ တိုက်ခိုက်မှုသာ ဖြစ်တယ်လို့ ကာယကံရှင်ဦးဝီရသူက မိန့်ကြားပါတယ်။
သမ္မတနဲ့ကာချုပ်အပါအ၀င် နိုင်ငံရေး ထိပ်သီး ဆွေးနွေးပွဲ လုပ်မည်
မြန်မာနိုင်ငံမှာ အရေးပါတဲ့ နိုင်ငံရေးနဲ့ တိုင်းရင်းသား အင်အားစု ခေါင်းဆောင်တွေကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ တွေ့ဆုံဖို့ သမ္မတက ဦးဆောင် ဖိတ်ကြားခဲ့တယ်လို့  ဆွေးနွေးပွဲ ဖိတ်ကြားခံရတဲ့ ခေါင်းဆောင်တွေက အတည်ပြု ပါတယ်။
ကိုထင်ကျော်ကို ထောင်ဒဏ် ၁၄နှစ်ကျော်အပြစ်ပေးခံရ
အောက်တိုဘာလ ၃၀ ရက်နေ့မှာ ကိုထင်ကျော်ကို ကျောက်တံတားမြို့နယ်တရားရုံးမှာ ပုဒ်မ ၅၀၅ ခ/၃၉ နဲ့ ထောင်ဒဏ် ၂ နှစ်ချလိုက်ပြီး ဆန္ဒပြမူတွေအတွက် စုစုပေါင်းထောင်ဒဏ် ၁၄ နှစ်ကျော် အပြစ်ပေးခံထားရ ပါတယ်။ ဦးအောင်ကြီးသတင်းပေးပို့ထားပါတယ်။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
Wednesday, October 29, 2014
Wifi password hack နည်း
WIFI Password ခိုးနည်းလေး ပေးလိုက်ပါတယ် ?
ဆိုင်ကစက်တွေကနေ ကိုယ်ပိုင်စက် ကို Wireless ချိတ်ချင်တာ ပိုင်ရှင်က အလကားသုံးခွင့်မပေးတော့ အလကားရအောင် ခိုးချိတ်ချင်ကြသူများအတွက် WIFI Password ခိုးနည်းလေး ကို ပေးလိုက်ပါ့မယ်.. ဆိုင်ပိုင်ရှင်တော့ မသိစေနဲ့နော်..တော်ကြာ ကျွန်တော့်လာဟက်နေမှ .....ဒုက္ခ...:D ကဲ လုပ်ကြည့်နော်.. ဒီနည်းလေးက တစ်ချို့ ကိုယ့်အနီးအနားပါတ်ဝန်းကျင်မှာ ရှိတဲ့ WIFI ရှိတဲ့ အင်တာနက်လိုင်း မိပြီး password ခံထားလို့ ကိုယ့်စက်ဖွင့်မရသူတွေ အတွက်လည်း အသုံးဝင်ပါတယ်..စမ်းကြည့်ပါနော်
Run box ထဲမှာ စာလုံးတစ်လုံးရိုက်လိုက်တာနဲ့ သီချင်းနားထောင်လို့ရအောင်
၁။ပထမဆုံး ဖွင့်ချင်သောသီချင်းကို Right click ထောက်ပြီး send to မှ
Desktop (create shortcut) ပေးပါ။ shortcut ကို 1 ဟု Rename ပေးပါ။
(F2 ကိုလည်ုးအသုံးပြုနိုင်ပါတယ်)
၂။Run Box ထဲသို့ system32 ဟုရိုက်ထည့်ပါ။ system32 Folder ပွင့်လာပါလိမ့်မယ်။
၃။Desktop ပေါ်တွင် create လုပ်ထားသော shortcut အား Copy (Ctrl +C) (သို့)
Cut (Ctrl +X) လုပ်၍ system32 ထဲတွင် Paste (Ctrl +V) ပေးပါ။
၎။Run Box ထဲသို့ 1 ဟုရိုက်ထည့်၍ OK ပေးပါ။သီချင်းပွင့်လာပါလိမ့်မယ်။
(မှတ်ချက်။ ။Media Player တစ်ခုခု ရှိဖို့တော့လိုအပ်ပါတယ်။)
Partitons လေးတွေဖွတ်ထားမယ်
Start မှ run ကိုခေါ်ပါ။ cmd ဟုရိုက်ပါ ။ cmd  box တွင် diskpart ဟုရိုက်ပါ။
ပြီးရင်  list volume လို့ရိုက်ပါ ။
LinkWithin
Related Posts Plugin for WordPress, Blogger...
ကားတွန်ကဏ္ဍ
မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်
ကြော်ငြာကဏ္ဍ
ဤနေရာတွင်ကြော်ငြာလက်ခံပြီ
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
ခွေးကလေးနဲ့ ကစားကြမယ်
တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ