Burkina Faso နိုင်ငံကို ၂၇ နှစ်ကြာ အုပ်ချုပ်လာတဲ့ သမ္မတက သူ့ရဲ့ သမ္မတ သက်တမ်း ထပ်မံ တိုးဖို့ ကြိုးစားနေတာကို မကျေနပ်တဲ့အတွက် ဆန္ဒပြသမား ရာနဲ့ချီက လွှတ်တော်ထဲဝင်ပြီး အကြမ်းဖက်ခဲ့ ကြတာပါ။
သမ္မတ သက်တမ်းကို တိုးသင့်မသင့် ဆုံးဖြတ်မှု မလုပ်ခင်မှာပဲ ဆန္ဒပြမှု ဖြစ်ပွားခဲ့တာပါ။
ဆန္ဒပြသူတွေက ကွန်ပြူတာတွေ၊ ရုပ်မြင်သံကြားတွေ ယူဆောင်ကြသလို ရဲတွေ သုံးတဲ့ ဆိုင်ကယ်တွေကိုလည်း ယူဆောင်ပြီး ပါလီမန်ကို မီးရှို့ခဲ့ကြတာလို့ ရိုက်တာ သတင်းမှာ ဖြော်ပထားပါတယ်။
အစိုးရရဲ့ ရဟတ်ယာဉ် တစ်စင်းကတော့ မိုးပေါ်ကနေပြီး မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့ရပါတယ်။
အဲဒီလို အကြမ်းဖက် ဆန္ဒပြမှု ဖြစ်ပေါ်ပြီးနောက် အစိုးရကို ဖျက်သိမ်းကြောင်းနဲ့ အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီဖြစ်ကြောင်း သမ္မတက ကြေညာလိုက်သလို ဒီအချိန်ကစပြီး ဆုံးဖြတ်ချက်တွေကို စစ်တပ်ရဲ့ လက်ထဲ လွဲအပ်ပြီလို့ သမ္မတက ကြေညာခဲ့ပါတယ်။
ဒါ့အပြင် အတိုက်အခံအဖွဲ့နဲ့ ဆွေးနွေးမှု လုပ်မယ်လို့လည်း ပြောလိုက်ပါတယ်။
ဆန္ဒပြသူတွေကတော့ ၂၇ နှစ်ကြာ အုပ်ချုပ်လာတဲ့ သမ္မတကို နောက်ထပ် မလိုလားတဲ့အတွက် အခုလို လုပ်ဆောင်ရတာလို့ ပြောပါတယ်။
Burkina Faso ဟာ အနောက်အာဖရိကမှာ တည်ရှိပြီး အိမ်နီးချင်းနိုင်ငံတွေကတော့ နီဂျဲ၊ မာလီ၊ ဂါနာ အစရှိတဲ့ နိုင်ငံတွေ ပါဝင်ပြီး လူဦးရေ ၂၇ သန်းလောက် ရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။
![]() |
ပါလီမန်ကို ဝင်ရောက် စီးနှင်းကြတဲ့ ဆန္ဒပြသူများ |
No comments:
Post a Comment